ဗစ်တိုးရီးယားအမှုမှာ သိန်း ၅၀ လာဘ်စားထားတဲ့အကြောင်း ရဲအရာရှိရှင်းပြီ

174

သက်ငယ်မုဒိန်းမှုဖြစ်တဲ့ ဗစ်တိုးရီးယားရဲ့အမှုဟာ နိုင်ငံအနှံ့ပြည်သူအားလုံးစိတ်ဝင်စားခဲ့ကြပြီး သမ္မတအဆင့်အထိပါ သိရှိပြီးစိတ်ဝင်စားခဲ့တဲ့အမှုလည်းဖြစ်ပါတယ်။

ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ ရေးသားမှုအများဆုံးကတော့ သက္ကမိုးညို နဲ့ ကိုဘုန်း(ဒုရဲမှူးအောင်ဘုန်းမြင့်) တို့ပဲဖြစ်ပါတယ်။

မူလအစက တရားခံကို အောင်ကြီးဟု ကိုဘုန်းရဲ့ အကောင့်က ကြေညာခဲ့မှုကြောင့် ဒုရဲမှူးဖြစ်သူ ကိုဘုန်းအကောင့်ပိုင်ရှင်ကို လူအများစိတ်ဝင်စားနေခဲ့ကြတာပဲဖြစ်ပါတယ်။

ဗစ်တိုးရီးယားအမှုမှာ သိန်း ၅၀ လာဘ်စားထားတယ်လို့ စွပ်စွဲမှုအပေါ် ဒုရဲမှူးအောင်ဘုန်းမြင့် ကိုဘုန်းက ခုလိုပြန်ရှင်းထားပါတယ်

” ရှင်းပြီ

ကျွန်တော်က သိန်း( ၅၀) ယူတယ်ဆိုပြီး ပြည်သူအပေါ်ကို သတင်းအဆိပ်ကျွေးကျတယ် ဒါကတော့သူ့အနေနဲ့ မဟုတ်တာမှန်းသိလျက်နဲ့ ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် တိုက်ခိုက်ပြီးရေးသားတယ်၊ ဒါကိုယုံကြည်တဲ့သူနဲ့ ပြန်လည်မျှဝေတဲ့သူတွေကို စဉ်းစားမရတာက အဲ့လောက်အယုံလွယ်သလားလို့ပါ၊ တကယ်ကျွန်တော်ယူကြည့်ပါလား ခုချိန်ထောင်ထဲရောက်နေလောက်ပါပြီ

ကျွန်တော်အကြောင်းက တခြားသူတွေထက် ပိုပြီးတော့စုံစမ်းရလွယ်ပါတယ် ခုပွနေတဲ့သတင်းက ဖြစ်နိုင်လား မဖြစ်နိုင်လား ကျွန်တော်ရဲ့စိတ်ဓါတ် ဖြတ်သန်းလာပုံ ပညာအရည်ချင်း ပြောဆိုပုံတွေကတောင် ခန့်မှန်းနိုင်ပါတယ်၊ ရဲလုပ်သက်တစ်လျှောက်လုံးမှာ လာဘ်ပေးတာလဲမလုပ်ဘူး လာဘ်ယူတာလဲမလုပ်ဘူး မိမိမှာနဂိုရှိတာနဲ့တောင် လူတိုင်းကိုကူညီလိုက် အမြင်မတော်ရင်ကိုယ်ဆီကပြန်ပေးလိုက်နဲ့ နေလာခဲ့တာဆိုရင် ဆယ်စုနှစ်တစ်ခုကျော်ပါပြီ နောင်လည်းဒီလိုပဲသွားနေမှာပါပဲ၊

စာဖတ်သူများတွက် အာမခံနိုင်တာကတော့ အဂတိတရား (၄)ပါးလုံးကို ကင်းရှင်းစွာနေထိုင်ပါတယ် ထို့အတွက်ကြောင့် စာဖတ်သူများအနေဖြင့် တဖက်သူရဲ့သက်သေအထောက်ထား အခိုင်အမာမပြနိုင်ပဲ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွင် အသုံးချမခံစေလိုသော စိတ်ဆန္ဒဖြင့် ရှင်းပြရခြင်းဖြစ်ပါတယ်၊

ကျွန်တော်တို့တွေဟာ သူများပါးစပ်ထဲမှာပဲ စကားမဆုံးစေဖို့ အရာရာစဉ်းစားပြီးမှာ ကျွန်တော့်ကိုတိုက်ခိုက်နေသော ပို့စ်များကိုဖြင့် ကောမန့်တွေ ရှဲလ်တွေရေးသားမျှဝေသင့်လား သုံးသပ်စေချင်ပါတယ်၊ အများပြည်သူများ စိတ်အေးချမ်းစွာဖြင့် နေထိုင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်…

ကိုဘုန်း – ဒုရဲမှူးအောင်ဘုန်းမြင့် (၁၅-၈-၂၀၁၉ )

Writer – SHN(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)

Source Ref : ကိုဘုန်း – ဒုရဲမှူးအောင်ဘုန်းမြင့် (၁၅-၈-၂၀၁၉ )