မြောင်းမြမြို့တွင် ကိုယ်အိမ်ကိုယ် မီးပြန်ရှို့မှု ဖြစ်ပွား

182

မြောင်းမြမြို့နယ် မုဆိုကွင်း ကျေးရွာအုပ်စု မြဇေယျာ ရပ်ကွက် မြဇေယျာ ၁ လမ်းနေ ဖိုးကုလား( ခ ) နိုင်ဝင်းအောင်ဆိုသူသည် ဩဂုတ်လ ၁၆ ရက်နေ့က တစ်အိမ်တည်း အတူနေသူ မိခင် ဆေးခန်းသွားပြနေချိန်တွင် အရက် မူးပြီး မိမိနေအိမ်အား မီးရှို့ဖျက်စီးခဲ့သဖြင့် နေအိမ်အတွင်ပိုင်းရှိ ပစ္စည်းအချို့လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

“အရက်တွေမူးလာတယ် ပြီတော့ အိမ်ထဲဝင်သွားပြီး တံခါးတွေကိုပိတ်လိုက်တယ်။  သူတစ်ယောက်တည်း ကိုတွေ့တော့ ကျနော်တို့ သတိထားကြည့်နေခဲ့ကြတယ်။

နာရီပိုင်းလောက်အကြာမှာ အိမ်ထဲကနေ မီးခိုးလုံးတွေကို တွေ့လိုက်တယ်။ ဒါနဲ့ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့တယ်။ အုပ်ချုပ်ရေးမှူးရောက်လာတော့ အိမ်ထဲမှာ မီးတွေလောင်နေတာကို ရပ်ကွက်က ပြည်သူတွေအားလုံး ပူပေါင်းငြိမ်းသတ်ခဲ့ရတယ်” ဟု မြဇေယျာ ယာအိမ်မှူး ဦးလှညွန့်က ဧရာဝတီတိုင်းမ်သို့ပြောသည်။

မီးလောင်မှု ဖြစ်ပွါးသည့် နေရာကို မြို့နယ် မီးသတ်ဦးစီးဌာနရုံမှ စခန်းမှူး မျိုးမင်းလတ်ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ မြို့မရဲစခန်းမှ တာဝန်မှူး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များ မျက်မြင်သက်သေများဖြစ်သည့် ရာအိမ်မှူးများရောက်ရှိကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့သည့် အတွက် တခြားအိမ်တွေကို မီးကူးဆက်ခြင်းမရှိဘဲ ၄င်းနေအိမ်ထဲရှိ ပစ္စည်းများသာ လောင်ကျွမ်းခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးသွားသည့် ပစ္စည်းတန်းဖိုးမှာ ၂၅၀၀၀၀ိ/ (နှစ်သိန်းခွဲကျပ်) ဖြစ်ကြောင်း  မြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ စခန်းမှူး မျိုးမင်းလတ်က အတည်ပြုပြောကြားသည်။

ယခုမီးလောင်မှုကို မီးရှို့ခဲ့သည့် တရားခံ ဖိုးကလား(ခ)နိုင်ဝင်းအောင်အား မြောင်းမြမြို့နယ် မြို့မ ရဲစခန်းမှ ပ ၆၃၈/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၄၃၆ နှင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#Ayeyarwaddy_Times ဓာတ်ပုံ – ရွှေထူး (မြောင်းမြ)

ApannPyay