လူနေအိမ်ပေါ်သို့ လက်နက်ကြီး ကျပြီး ပေါက်ကွဲ

85

၂၀၁၉ သြဂုတ်လ ၁၇ ရက် နေ့လယ် ၁ နာရီအချိန် ကျောက်မဲနေပြည်သူများလောလာဟလအမျိုးမျိုးထွက်ပေါ်နေမှုကြောင့် စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ကာ ယခုအခါမိဘများလည်း မိမိတို့သားသမီးများကိုစာသင်ကျောင်းများမှလာရောက်ခေါ်ယူလျှက်ရှိရာ ကျောင်းများပိတ်ကုန်ကြပြီဖြစ်ပြီး

ဗဟိုဈေးအတွင်းရှိဈေးဆိုင်များလည်း ဆိုင်ပိတ်ကုန်ပြန်ကုန်ကြပြီ ဖြစ်သည် ။

ရပ်ကွက်အသီးသီးရှိနေအိမ်ဈေးဆိုင်များ အိမ်တံခါးများပိတ်ထားကြကာ လမ်းသွားလမ်းလာမရှိသလောက်ဖြစ်နေပြီ ကျောက်မဲနေပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်နေကြပါတယ်

လူနေအိမ်ပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ

17-8-2019 နေ့လည် ၁၂း၃၀ လားရှိုးမြို့၊ ရပ်ကွက်(၁၂)အောင်သစ္စာတိုးချဲ့ရပ်ကွက်ဘက်တွင် လူနေအိမ် ၂ လုံးပေါ်သို့ လက်နက်ကြီးကျည်ဆံကျရောက်ထိမှန် ခံရသဖြင့် အိမ်တစ်လုံး မီးလောင်ပျက်စီးသွားပြီး နောက်တစ်လုံးမှာလဲ ထိခိုက်ပျက်စီးမှုများကြောင်းသိရပါတယ်။

လူနေအိမ်သို့ လက်နက်ကြီးကျည်ထိခိုက်ခံရမှုကြောင့် အမျိုးသမီးတစ်ဦးခြေထောက်ထိခိုက်(စိုးရိမ်ရ)ဒဏ်ရာ၊ ကလေးငယ်တစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

Nay Myo