အရက်မူးပြီးကားမောင်းလာရာ ပြည်သူ့စစ်အဖွဲ့ကားကို တိုက်မိ၍ သေနတ်ဒင်များဖြင့်ဝိုင်းဝန်း ရိုက်နှက်ခံရ

200

မူဆယ်မြို့ပေါ်တွင်ညအချိန်လူငယ်တစ်ဦးအား ဌာနေပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်ဖမ်းဆီး၍ဒဏ်ရာရရှိ။   ။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၌ သြဂုတ်လ ၁၆ ရက်နေ့ည ၁၂:၀၀ ချိန်သူငယ်ချင်းများနှင့်အရက်သောက်ပြီးပြန်အလာ ဟိုနားရပ်ကားကလေးကွင်း သစ္စာဆီဆိုင်အနီးတွင် စိုင်းလှိုင်ဘွား (၂၄) နှစ်မောင်းနှင်လာသောကားနှင့် ကောင်းခါးပြည်သူ့စစ်အဖွဲ့ကားတို့ ဘက်မှန်ခြင်းမတော်တဆချိတ်မိရာမှ ပြည်သူ့စစ်အဖွဲ့ ၄/၅ ယောက်သေနတ်များဖြင့်ဝိုင်းဝန်းပစ်ခတ်ဖမ်းဆီးခြင်းခံရခြင်းကြောင့် စိုင်းလှိုင်ဘွား၏ ညာဘက်လက်မောင်းတွင်သေနတ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရိရ ။

ဖြစ်စဉ်မှာ အနည်းငယ်သောက်စားပြီးတစ်ယောက်ထဲကားမောင်းလာစဉ် ကားခြင်းချိတ်မိရာ စိုင်းလှိုင်ဘွားမှာ ကားရပ်တန့်ပြီးဆင်းမည်အပြု ကားမှာရုတ်တရက်နောက်ပြန်လိမ့်ပြီး ပြည်သူ့စစ်အဖွဲ့၏ကားကိုတိုက်မိစဉ် သေနတ်များဖြင့်ဝိုင်းဝန်းပစ်ခတ်ခြင်းကြောင့်ကားထဲဝပ်နေပြီးသေနတ်သံများငြိမ်သွားမှ ကားပေါ်မှအဆင်းတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု၎င်းမှပြောသည် ။

” ကျွန်တော်က သမိုင်းဘာသာရပ်နဲ့ ပထမနှစ်တက်နေတာပါ ၊ သူငယ်ချင်းတွေနဲ့သောက်ပြီးပြန်အလာ ကားလေးကွင်းနားမှာ ကားခြင်းချိတ်မိလို့ ကျွန်တော်လည်းကားကိုရပ်ပြီးဆင်းဘို့လုပ်တာ ၊ ဂီယာက Parking မှာမထားမိတော့ သူတို့ကားကိုသွားပြီးဆောင့်မိတယ်..

အဲ့ဒီမှာသေနတ်နဲ့ဝိုင်းပစ်ပြီးအဖမ်းခံရတာပါ ၊ ကားပေါ်ကအဆင်းဒရွတ်တိုက်ဆွဲခေါ်လို့ နဖူးမှာလည်းနဲနဲပွန်းသွားတယ်

လက်မောင်းကကျည်ဆန်ကိုတော့ အဲ့ဒီနားကပြည်သူ့စစ်ရုံးခန်းထဲမှာဘဲ သူတို့ကိုယ်တိုင်ခွဲထုတ်ပေးတယ် ၊ သူတို့ကိုယ်တိုင်ချုပ်ပေးတယ်..ရဲစခန်းကိုခေါ်သွားပြီး လိုင်စင်မဲ့ကားမောင်းမှုနဲ့အမှုဖွင့်မယ်ပြောလို့ကျွန်တော်ကျေအေးပေးလိုက်ပါတယ်.. ”

ဟု၎င်းမှပြောပြခဲ့သည် ။

လောလောဆယ်တွင် စိုးလှိုင်ဘွားအားမူဆယ်မြို့ပြည်သူ့ဆေးတွင်ဆေးကုသမှုခံယူထားလျှက်ရှိကြောင်းသတင်းရရှိပါသည် ။

Photo Crd , Credut – SiThu Maung