ကံသီ​ပေလို့သာ​ပေါ့….. ​မ​နေ့ညက (၁၆) နှစ်​အရွယ် ​မိန်းခ​လေးချောချောငယ်တစ်​ဦး

218

ကျွန်​​တော်​မ​နေ့ညက (၁၆) နှစ်​အရွယ်​မိန်းခ​လေးတစ်​ဦး ဘဝကိုကယ်​တင်​လိုက်​တယ်​။(မှတ်​ချက်​) ဒီပို့စ်​ကိုတင်​ချင်းသည်​နာမည်​ကြီးချင်​လို့မဟုတ်​, သူရဲ​ကောင်းဖြစ်​ချင်​လို့မဟုတ်

ကာယကံရှင်​ရဲ့ခွင့်​ပြုချက်​ဖြင့်​ ​နောက်​ထပ်​ ဒီလိုအရွယ်​မိန်းခ​လေးများအမှားမဖြစ်​​အောင်​ သင်​ခန်းစာယူရန်​တင်​ပြခြင်းဖြစ်​ပါသည်​။

(16,8,19)ရက်​​နေ့အချိန်​ကည (10)နာရီဝန်​ကျင်​ကျွန်​​တော်​အလုပ်​ကိစ္စဖြင့်​အပြင်​ကပြန်​လာချိန်​သာ​ကေတုမြို့နယ်​ (7)​ဈေးလမ်းဆုံ ကားမှတ်​တိုင်​တွင်​ (၁၆)နှစ်​အရွယ်​မိန်းခ​လေးတစိ​ယောက်​ငိုရှိုက်​​နေသည်​။

လက်​ထဲမှာထမင်းချိုင့်​အ​သေးတစ်​လုံး , ​နောက်​မှာ​ကျောပိုးအိတ်​တစ်​လုံးလွယ်​ထားသည်​။ သူ့အနားမှာ​ အမူးသမားနှစ်​ဦး စည်းရုံး​ပြီးသူမကို ​ခေါ်​နေသည်​။

ညနက်​​တော့ကားမှတ်​တိုင်​ကလည်းလူပျက်​ ​နေရာကလည်း​မှောင်​ ​ကောင်​မ​လေးကလည်းငို ကျွန်​​တော်​လည်းကြည့်​ရတာပုံစံမကျလို့ ဝင်​စပ်​စု​တော့ သူ့ရဲ့ဖုန်းကား​ပေါ်မှာခါးပိုက်​နှိုက်​ခံရ​ကြောင်း …..

အဲ့ဒီဖုန်း​ပျောက်​သွားတဲ့အတွက် ​အ​မေရိုက်​မှာ​ကြောက်​လို့ အိမ်​မပြန်​ရဲ​တော့​ကြောင်း ​ပြောပြ​သောအခါ ဟိုအမူးသမားနှစ်​​ကောင်​က မိန်းခ​လေးအားဖုန်းအစားပြန်​ဝယ်​ ​ပေးမလို့​လိုက်​ခဲ့ဟု​ပြော…

အ​ခြေအ​နေကိုသိ၍ ကျွန်​​တော်​ပွဲကြမ်းသလိုနှင့်​ဝင်​ထိမ်းအမူးသမားနှစ်​​ကောင်​မ​ကျေမနပ်​ဖြင့်​လှည့်​ထွက်​သွားသည်​။ကျွန်​​တော်​လည်းတက္ကစီငှါးပြီး ကောင်​မ​လေးကိုရာအိမ်​မှူးအိမ်​သို့​ခေါ်အမျိုးသမီး​ရေးရာ လူကြီးများနှင့်​အပ်​သူ့ရဲ့မိဘ​တွေအ​ကြောင်းကြားပြီးအချိန်​မှီပြန်​အပ်​နိုင်​ခဲ့ပါတယ်​။

က​လေးမ​လေးရဲ့ မိဘ​တွေက​ကျေးဇူးတင်​လို့ကျွန်​​တော်​ကိုကန်​​တော့ခိုင်းပါတယ်​။သူမက ​တောင်​ဒဂုံမှာ​နေတာ မိဘ​တွေအဆင်​မ​ပြေ​တော့ (၈ )တန်းနှင့်​​ကျောင်းထွက်​ပြီး ​……

ဒေါပုံရန်​​အောင်​မှတ်​တိုင်​နားက ဖုန်းဆိုင်​မှာတစ်​လ(၁)သိန်း၈​ထောင်​နှင့်​မနက်​ဆို(၇)နာရီအ​ရောက်​ည​နေဆို(၆)နာရီခွဲ နံပါတ်​၁၀၀လိုင်းကားဖြင့်​သွားလာရပါသည်​။

အခုလည်းဆင်​တုတ်​​ကွေးဖြစ်​၍​ နေမ​ကောင်းသည့်​ကြားမှ တစ်​ရက်​ပျက်​ရင်​၃၆၀၀ ကျပ်​လစာထဲကဖြတ်​​မည်​ဆိုးလို့အလုပ်​ဆင်းရပါသည်​။ ကားကလည်းရုံးဆင်းချိန်​ လူအရမ်းကြပ်​ သူမရဲ့​ကျောပိုးအိတ်​ထဲကဖုန်းအနှိုက်​ခံရခြင်းဖြစ်​ပါသည်​။

သူမသိလိုက်​ချိန်​က သာ​ကေတရုံရှင်​ရုံမှတ်​တိုင်​အ​ကျော်​ ဖုန်းမရှိ​တော့၍ ထူပူပြီးဆင်းလိုက်​သည့်​မှတ်​တိုင်​က(၇) ဈေးမှန်​တိုင်​အချိန်​ကည(၇)နာရီ အဒီအချိန်​ကတည်းက ည(၁၀)နာရီထိထိုင်​ငို​နေတာ နံပါတ်​၁၀၀လိုင်းကားလည်း မလာ​တော့ဘူး​လေ……….

ပြောချင်​တာက…..ဖုန်းတစ်​လုံးက တန်​ဖိုးမရှိဘူး….မိမိဘဝကတန်​ဖိုးရှိတယ်​…..မသမာတဲ့သူ​တွေနဲ့​တွေ့ရင်​ဘဝပျက်​သွားနိုင်​တယ်​….

ကျွန်​​တော်​လည်း သူငယ်​ချင်းတစ်​​ယောက်​ကို ဖုန်းဆက်​ တိုင်​ပင်​​တော့အလကားပါကွာ အဲ့လိုလုပ်​စား​နေသူက အများကြီး…..

သူမပြန်​ရဲဘူး မင်းလိုက်​ပို့ရင်​ ဟိုကသူတို့ချိန်းထားတဲ့သူ​တွေက မင်းကိုမိုက်​​ကြေးခွဲလိမ့်​မယ်​ပါလာတဲ့…..ပစ္စည်း​တွေ​ငွေ​တွေရိုက်​နှက်​လုလိမ့်​မယ်​တဲ့….

ကျွန်​​တော်​​တွေ​ဝေသွားပါတယ်​…ထားခဲ့ရင်​​ကောင်းမလား….ကယ်​တင်​ရင်​​ကောင်းမလား….​သူ​ပြောတာလည်းမမှားဘူး….

လေကျွန်​​တော်​တို့နိုင်​ငံကမ​အေးချမ်းဘူး​လေ….ဘယ်​သု့မှကိုယုံကြည်​လို့မရ….​နောက်​ဆုံးသားသမီးချင်းကိုယ်​ချင်းစာစိတ်​ဖြင့်​ဆုံးဖြတ်​ချက်​ချပြီးကင်​တင်​လိုက်​တယ်​….

ဒီပို့စ်​ကို ဖတ်​တဲ့သူတိုင်း တစ်​ခုခုအခက်​အခဲဖြစ်​လို့ ဖုန်း​ပျောက်​တာဘဲဖြစ်​ဖြစ်​​ငွေ​ကြေးခါးပိုက်​နှိုက်​ခံရတာဘဲ ဖြစ်​ဖြစ်​ကိုယ်​​ရောက်​တဲ့​နေရာရဲ့ရပ်​ကွက်​ရုံးကိုသွား၍ အကျိုးအ​ကြောင်း​ပြောအကူညီ​တောင်း​စေချင်​ပါတယ်​။

အိမ်​ကိုမပြန်​ရဲလို့​ကြောက်​တဲ့စိတ်​ကကြီးဆိုးပြီးညနက်​တဲ့ အထိအချိန်​ဆွဲ​နေခဲ့ရင်​…….ကံသီ​ပေလို့သာ​ပေါ့……။ရဲထွန်းမြတ်