ဆိုင်က ဘာဂါကို အကုန်စားနိုင်ရင်(သို့)​စားရင်းနဲ့သေသွားခဲ့ရင်​ အသုဘကျောက်တိုင်ကို ဆိုင်ကငွေကုန်ခံလုပ်ပေးမယ့်​challenge

197

သူတို့ဆိုင်ကဘာဂါကိုအကုန်စားနိုင်ရင်(သို့မဟုတ်)​စားရင်းနဲ့သေသွားခဲ့ရင်​ အသုဘကျောက်တိုင်ကိုဆိုင်ကငွေကုန်ခံလုပ်ပေးမယ့်​challenge

အစားအသောက်မီးလိုတောက်ကျတဲ့သူတွေအတွက်တော့​ နောက်ထပ်သတင်းကောင်းတစ်ခုထွက်ပေါ်လို့လာပါပြီ။ ပုံမှန်အတိုင်းဆိုအစားအသောက်ပွဲကြီးတွေအတွက်​ challenge​ လုပ်ရာမှာများသောအားဖြင့်​ ဆိုင်တွေက​ သတ်မှတ်ထားတဲ့အချိန်အတွင်း​ အကုန်စားနိုင်ခဲ့ရင်​ အစားအစာခကိုမပေးခိုင်းတာ​ ဒါမှမဟုတ်​ရင်​ ဆုကြေးပေးတာပဲဖြစ်ဖြစ်လုပ်ကြပါတယ်။

ဒါပေမယ့်​ ထူးခြားစွာပဲ​ Durhamလိုခေါ်တဲ့နိုင်ငံမှာရှိတဲ့​ ဆိုင်တစ်ဆိုင်ဟာ​ သူတို့ဆိုင်ကစားဖို့challengeအဖြစ်သတ်မှတ်ထားတဲ့​ ဘာဂါကိုကုန်အောင်စားနိုင်ရင်​ ဒါမှမဟုတ်​ စားနေရင်းနဲ့သေသွားခဲ့တဲ့​ အဲ့ဒီစားသုံးသူအတွက်​ သေဆုံးချိန်မှာ​ အသုဘကျောက်တိုင်ကို​ ပိုက်ဆံ​ ပေါင်500(မြန်မာငွေ​ 9သိန်းဝန်းကျင်အထိ) သုံးကာစိတ်တိုင်းကျပြုလုပ်ပေးမယ်လို့စိန်ခေါ်လိုက်တာပါ။

ရုတ်တရက်ကြည့်ရင်​ ဒီဆိုင်ရှင်ကတော့​ရူးနေပြီလားလို့တွေးနိုင်ကြပေမယ့်​ ဆိုင်ရှင်ဟာ​ အလကားသက်သက်အပြောကြီးနေတာတော့မဟုတ်ပါဘူး။ ဘာလို့ဆိုသူတို့ဆိုင်က​ အထူးပြုလုပ်ထားတဲ့​ အဲ့ဒီဘာဂါဟာ​ ကယ်လိုရီပေါင်း​ တစ်သောင်းနှစ်ထောင်ပါဝင်နေလို့ပါပဲ။

ဘာဂါဆယ်ခုကိုထပ်ထားပြီး​ အမဲသားအပြင်ဝက်ပေါင်ခြောက်နဲ့​ ချိစ့်ပါ​ ပါဝင်တဲ့အဲ့ဒီဘာဂါဟာ​ အမြင်နဲ့တင်အင်မတန်အရသာရှိပြီး​ ပုံမှန်ဈေးကမြန်မာငွေလေးသောင်းကျော်ဝန်းကျင်ကျသင့်မှာပါ။ ဒီအတိုင်းကြည့်ရင်​ အပေါ်ယံကအင်မတန်စားကောင်းမယ့်ပုံပေါ်ပေမယ့်​ တကယ်တမ်းပါဝင်တဲ့ကယ်လိုရီပမာဏက​ တစ်သောင်းနှစ်ထောင်ကျော်ပါဝင်ပြီး​ ဒါဟာအစာအာဟာရပညာရှင်တွေသတ်မှတ်ထားတဲ့​ လူတစ်ယောက်အတွက်​တစ်နေ့တာမှာလိုအပ်တဲ့​ ကယ်လိုရီပမာဏရဲ့ငါးဆဖြစ်ပါတယ်။

အဲ့ဒါတောင်မှဆိုင်ရှင်​6က​ ဒီထက်ပိုပြီး​ ချိစ့်တွေအသားတွေထပ်ထည့်ချင်ရင်​ ထပ်ထည့်နိုင်တဘ်လို့ဆိုထားပါသေတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေဆို​အဲ့ဒီလောက်အထိ​များပြားတဲ့ကယ်လိုရီပမာဏကိုစားသုံးမိရင်​ နှလုံးရောဂါဖောက်ပြီးသေဆုံးနိုင်ပါတယ်။ ဆိုင်ရှင်ဖြစ်သူကတော့​ ပွင့်ပွင့်လင်းလင်းပဲဒီဘာဂါကို​ ကိုယ့်ဟာကိုယ်စားပြီး​ challenge​လုပ်ရာကနေ​ တစ်ခုခုဖြစ်ခဲ့ရင်သူတာဝန်မယူပါဘူးတဲ့။

အခုလက်ရှိအချိန်အထိ​ ဒီchallengeကိုနိုင်ခဲ့တဲ့သူတစ်ယောက်သာရှိသေးပြီးအဲ့ဒီသူက​ 21မိနစ်နဲ့​ 56 စက္ကန့်အတွင်းမှာ​ အကုန်စားခဲ့နိုင်တာပါ။ ပြီးတော့​ ဒီဘာဂါကသူစားဖူးသမျှဘာဂါထဲမှာ​ အကောင်းဆုံးဘာဂါတစ်ခုလို့ချီးကျူးထားပါသေးတယ်။ ပြီးတော့​အဲ့ဒီသူဟာ​ စားရင်းကျန်းမာရေးထိခိုက်တာမျိုးမရှိခဲ့တဲ့အတွက်​ ဆိုင်ရှင်ဖြစ်သူက​ သူ့အသုဘကျမှ​ ဆက်သွယ်မယ်လို့​ ယူဆရပါတယ်။

Yenin​ Phawah-ApannPyay

Source-Mirror​ News