ကိုယ်ဝန်ရှိ ကလေးမွေး ကလေးသေ အားလုံးလိမ်ညာပြီး ဆွေးမျိုးတွေဆီက ငွေယူခဲ့တဲ့ စုံတွဲ

59

ကိုယ်ဝန်ရှိတယ်လို့ဟန်ဆောင်ခဲ့တဲ့အပြင်​ ကလေးငယ်​ကိုမွေးပြီးပြီးချင်းသေဆုံးသွားတယ်လို့​ အရုပ်ကိုအလောင်းအနေနဲ့ပြကာ​ လိမ်ညာခဲ့တဲ့စုံတွဲ

Geofferyနဲ့​ Kaycee Langလို့အမည်ရတဲ့​ စုံတွဲတတွဲဟာ​ သူတို့ရဲ့မိသားစုဝင်တွေနဲ့သူငဘယချင်းတွေကို​ သူတို့ရဲ့မွေးကင်းစကလေးငယ်လးဟာ​ မွေးပြီးပြီးချင်းငါးနာရီအကြာမှာသေဆုံးသွားခဲ့တယ်လို့​ဟန်ဆောင်လိမ်ညာခဲ့ကြပါတယ်။ သူတို့ဟာ​ ကလေးမီးဖွားဖို့အတွက်နဲ့​ သဂြိုလ်ဖို့အတွက်​ မိသားစုဝင်တွေနဲ့​သူငယ်ချင်းတွေက​ ထောက်ပံ့ပေးတဲ့ငွေတွေကိုအသုံးပြုလိုတဲ့အတွက်အဲ့ဒီလို​ လိမ်ညာလှည့်ဖျားခဲ့တာဖြစ်ပါတယ်။

အဆိုးဆုံးကတော့​ ကလေးသေဆုံးတာကိုတင်ညာတာမဟုတ်ပဲနဲ့​ ကိုယ်ဝန်ရှိတာကနေ​ ကလေးမီးဖွားတဲ့အထိ​ တလျှောက်လုံးဟာအလိမ်အညာတွေဖြစ်နေတာပါပဲ။ သူတို့ဟာ​ နှစ်ယောက်ပေါင်းပြီး​ ကိုယ်ဝန်ရှိနေပြီလို့.မိသားစုဝင်တွေနဲ့သူငယ်ချင်းတွေကိုလိမ်လည်ခဲ့ကြကာ​ Facebook​ ပေါ်မှာကိုယ်ဝန်ရှိနေတာနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို​ အဆက်မပြတ်တင်နေခဲ့တာပါ။

အဲ့တာအပြင်​ မွေးဖွားလာမည့်ကလေးငယ်ကိုကြိုဆိုတဲ့ပွဲကို​ သူငယ်ချင်းတွေကိုဖိတ်ကာ​ မျက်နှာပြောင်တိုက်ကျင်းပခဲ့ပါသေးတယ်။ ဘာမှမသိတဲ့မိသားစုဝင်တွေနဲ့​ သူငယ်ချင်းတွေကတော့​ လက်ဆောင်တွေပေး၊ သတင်းတွေမေးပြီး.သူတို့အဆင်ပြေဖို့အတွက်စိုးရိမ်ပူပန်ခဲ့ကြပါတယ်။

မီးမဖွားခင်​ 2လအလိုမှာတော့​ သူတို့နှစ်ယောက်ဟာ​ လူကြားသူကြားထဲမသွားတော့ပဲ​ အိပ်ရာထဲမှာနားရမယ်လို့အကြောင်းပြကာ​ လူတွေနဲ့ခပ်ကင်းကင်းနေခဲ့ပြီး​ ကလေးငယ်လေးဟာမွေးဖွားပြီးငါးနာရီအကြာမှာ​ ဆုံးပါးသွားခဲ့တယ်လို့မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကို​ ထပ်ပြီးလိမ်ညာခဲ့ပါတယ်။

နောက်ပိုင်းမှာမသင်္ကာတဲ့အတွက်​ သူတို့ကလေးငယ်ကို​ သဂြိုလ်လိုက်တယ်လို့သတင်းလွှင့်လိုက်တဲ့နေရာကို​ သူတို့သူငယ်ချင်းတစ်ဘောက်ကဖုန်းဆက်ရာကနေအဖြစ်မှန်တွေအကုန်ပေါ်ပေါက်ခဲ့ရပါတယ်။ ဒီအမှုကို​ လာမယ့်အောက်တိုဘာလမှာစစ်ဆေးမှာဖြစ်တဘ်လို့သိရပါတယ်။

Yenin​ Phawah-AlinnMyay​(အလင်းမြေ)

Source​-Mirror