အုတ်တံတိုင်းပြိုကျပြီး အမျိုးသားတစ်ဦးသေဆုံး

248

တောင်ကြီးမြို့ကျောင်းကြီးစုရပ်ကွက်စိန်စွယ်လမ်း နေ ဦးလှမြင့် သည် သြဂုတိလ၁၇ရက်ညကမိုးသည်းထန်စွာရွာသွန်းသဖြင့် နေအိမ်ခြံတွင်းရေဝပ်နေသည်ကိုရှင်းလင်းပြီးနောက်အိမ်နောက်ဖက်သို့သွားစဉ် ပြိုကျသောအုတိတံတိုင်းပိပြီးသေဆုံးသွားသည်။

ပြိုကျသောအုတ်တံတိုင်းမှာအမြင့်၈ပေခန့်ရှိပြီး အုတ်နံရံအချပ်လိုက်ပြို ကျခဲ့ခြင်းဖြစ်သည်။ ပြိုကျသံကြား၍ ဦးလှမြင့်၏သားဖြစ်သူက ထွက်ကြည့်ရာ ဖခင်မှာအုတ်ပုံအောက်ပိမိနေသည်ကိုတွေ့ရသည်။

သြို့ဖစ်၍ရပ်ကွက်အုပ်ချုပ်ရေးမှုးကိုအကြောင်းကြားပြီးပြည်နယ်ကြက်ခြေနီတပ်ဖွဲ့အကူအညီဖြင့် အုတ်အကျိုးအပဲ့များအားဖယ်ရှားရာ ဦးလှမြင့်အား အုတ်ကျိုးများ ရေများအောက်၌ ဒူးအောက်နှင့်လက်များ မျက်နှာအသားအရည်များတွင်ပွန်းပဲ့ဒဏ်ရာများရလျက်သေဆုံးနေကြောင်းတွေ့ရှိရသည်။

ယမန်နေ့ည၇နာရီခန့်မှစပြီးမိုးသည်းစွာရွာသွန်းခဲ့မှုကြောင့်တောင်ကြီးမြို့ပေါ်ရှိနေရာအချို့ရေမြုပ်ပြီးနေအိမ်အချို့အတွင်းရေဝင်ရောက်ခဲ့ကြောင်းသိရသည်။

Z-သံလွင်သွေးချင်း…. Credit – Z Plus