အွန်လိုင်းပေါ်မှ ပျံ့နှံ့နေတဲ့ ခင်ပွန်းက မလေးရှားမှာ အလုပ်လုပ်နေတုန်း ဖောက်ပြန်တဲ့ ဇနီး

655

လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာမှ ဖောက်ပြန်တာ သိရသော ဇနီးအား တလင်တမယားဥပဒေဖြင့် အမှုဖွင့်။  ။ ရန်​ကုန်​တိုင်း​ဒေသကြီး မြောက်​ပိုင်းခရိုင်​ တိုက်ကြီးမြို့နယ်​၊ ဥက္ကံမြို့၊ အ​နော်​ရထာရပ်​ကွက်​၊မြသီတာလမ်း၌ နေထိုင်သူ ကိုမျိုးမင်းဝင်းတွင် ၂၀၁၁ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဇနီးဖြစ်​သူ မစန်းသူဝါ(ခ) အလုံး နှင့်​ တရားဝင် ပေါင်းသင်း​နေထိုင်​လာရာ သား၊သမီး နှစ်ဦး ထွန်းကားဟု ဆိုသည်။

ဇနီးနှင့် သားသမီးနှစ်​ဦးတို့အား​ နေအိမ်​၌ ထားရှိ၍ ၇-၁၁-၂၀၁၈ရက်နေ့ မလေးရှားနိုင်​ငံသို့ အလုပ်​လုပ်​ကိုင်​ရန်​ထွက်​ရှိလာပြီး အလုပ်​လုပ်​ကိုင်​ရရှိ​သော​ ပိုက်ဆံများအား ပို့​ဆောင်​ထောက်​ပံလျှက်​ရှိကြောင်း ဆိုသည်​။

မိမိလုပ်​ကိုင်​ရရှိ​သော​ ပိုက်ဆံများကို မိသားစုထံ ပို့​ဆောင်​လျက်​ရှိရာမှ(၆-၈-၂၀၁၉)ရက်​​နေ့တွင်​ ကိုမျိုးမင်းဝင်း မျက်​နှချင်းဆိုင်​​နေ အိမ်​မှ မ—–က ဖုန်းလိုင်း​ပေါ်တွင်​ဇနီးဖြစ်​သူမစန်းသူဝါ(ခ)အလုံးတွင် လပြည့်​ နှင့်​​ ဖောက်​ပြန်​​ပေါင်းသင်း​နေထိုင်​​​နေ​​ကြောင်း၊ လပြည့်​မှာ​နေအိမ်​သို့ဝင်​/ထွက်​သွားလာ​နေပြီး အိမ်​သို့အမြန်​ပြန်​လာရန်​လို​ကြောင်းဆက်​သွယ်​​ပြောပြသိရှိခဲ့ရဟု ဆိုသည်။

အင်​တာနက်​ FACEBOOK စာမျက်​နှာ​ပေါ်တွင်​လည်း ဇနီးဖြစ်​သူ စန်းသူဝါ(ခ)အလုံး နှင့်​လပြည့်​ တို့၏​ဖောက်ပြန်​​ပေါင်းသင်း​နေထိုင်​​နေ​သော ဓာတ်​ပုံများ အား​တွေ့ရိခဲ့ရသဖြင့်​(၁၃-၈-၂၀၁၉)ရက်​​နေ့တွင်​ မ​လေးရှားနိုင်​ငံမှ ပြန်​လာခဲ့ပြီး(၁၄-၈-၂၀၁၉)ရက်​​နေ့တွင်​​ နေအိမ်​သို့ပြန်​​ရောက်​ရှိလာ​သောအခါ သားသမီးနှစ်​ဦးသာ​တွေ့ရှိရပြီး ဇနီးဖြစ်​သူအား​ နေအိမ်​တွင်​ မ​တွေ့ရှိရဘဲ တိမ်းရှောင်နေကြောင်း ဆိုသည်​။

ဇနီးဖြစ်​သူ မစန်းသူဝါ(ခ)အလုံး မှာ လပြည့်​ဆို​သော သူနှင့်​ လွန်​ခဲ့​သော(၃)လခန့်​ကတည်းက​ နေအိမ်​တွင်​ ၀င်ထွက်​သွားလာ​​ပေါင်းသင်း​နေထိုင်​ခဲ့ကြကြောင်း၊ (၁၄-၇-၂၀၁၉)ရက်​​နေ့​ နေ့လယ်​(၃)နာရီအချိန်​ခန့်​တွင် နေအိမ်​အတွင်းသို့ အလည်​သွား​ရောက်​စဉ်​က လည်း၎င်းတို့နှစ်​ဦး နေအိမ်​အ​ပေါ်ထပ်​အိပ်​ခန်းအတွင်း​ဖောက်​ပြန်​​ပေါင်းသင်း​နေထိုင်​သည်​ကိုမြင်​​တွေ့သိရှရ​ကြောင်း၊ လပြည့်​မှာကိုမျိုးမင်းဝင်းဇနီးဖြစ်​သူ စန်းသူဝါ(ခ)အလုံးနှင့်​ အတူ​နေအိမ်​၌​ နေ့ည​ပေါင်းသင်း​နေထိုင်​လျက်​ရှိရာမှ(၁၀-၈-၂၀၁၉)ရက်​​နေ့တွင်​​ နေအိမ်​မှ ထွက်​သွား​ကြောင်း ဆွေးမျိုးပတ်ဝန်းကျင်များ ပြောပြ၍ သိရသည်ဟု ဆိုသည်။

ထိုသို့တရားဝင်​အိမ်​​ထောင်​ရှိလျှက်​ တရားမ၀င်​​ပေါင်းသင်း​နေထိုင်​သူ ဇနီး မစန်းသူဝါ(ခ)အလုံး နှင့်​ လပြည့်​တို့အား ဥပ​ဒေအရအ​ရေးယူ​ပေးပါရန်​ ၂၀၁၉ ဩဂုတ် ၁၇ ရက်​​နေ့ တွင်​ ဥက္ကံနယ်​​မြေရဲစခန်းသို့တိုင်​ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ကိုမျိုးမင်းဝင်း၏ တိုင်​ကြားမှုအ​ပေါ် ဥက္ကံနယ်​​မြေရဲစခန်းမှ အမှုစစ်​ဒုရဲအုပ်​မင်းသူမှလက္ခံစစ်​​ဆေးခဲ့ပြီး၊ ဥက္ကံနယ်​​မြေရဲစခန်း မှ(ပ)၂၂၄/၂၀၁၉၊တစ်​လင်​တစ်​မယားစနစ်​ကျင့်​သုံး​ရေးဥပ​ဒေပုဒ်​မ(၁၃)အရ စန်းသူဝါ(ခ)အလုံးနှင့်​လပြည့်​တို့အား အ​ရေးယူ အမှုဖွင့်ထား​ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်​။

စန်းသူဝါ(ခ)အလုံး အား ၂၀၁၉ ဩဂုတ် ၁၇ရက်​​နေ့တွင်​ ဖမ်းဆီးရမိခဲ့ပြီး၊ လပြည့်​မှာ ထွက်​​ပြေးတိမ်းရှောင်​လျှက်​ရှိ​ကြောင်း သတင်းရရှိသည်​။

မျိုးမင်းသူ(တိုက်ကြီး) Real News Distribution Agency

ApannPyay