ကျောက်တံခါးမြို့နယ်မှာ အမျိုးသမီးတစ်ဦး အဝတ်ဗလာဖြင့် ခြုံပုတ် အတွင်းအသတ်ခံရမှု တရာခံမိပါပြီ

398

ကျောက်တံခါးမြို့နယ် တွင် အမျိုးသမီးတစ်ဦး အဝတ် ဗလာဖြင့် ခြုံပုတ် အတွင်းအသတ်ခံရမှု အား ရဲတပ်ဖွဲ့မှ ဖော်ထုတ် ဖမ်းဆီး

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် ပဲနွယ်ကုန်းနယ် မြေရဲစခန်း အပိုင် သံပရာခုံ ကျေးရွာအုပ်စု သူဋ္ဌေးကြီး ကျေးရွာ အနီးတွင် သြဂုတ် ၅ ရက်နံနက်ပိုင်း ကခြုံပုတ်အတွင်း အဝတ်ဗလာဖြင့် အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ သံပရာခုံကျေးရွာ အုပ်စု သူဌေးကြီး ကျေးရွာတွင် နေထိုင်သူ မစုမြတ်လှိုင် ၂၅နှစ် သည် နေထိုင်ရာ လယ်ကွင်းတဲစုမှ တစ်မိုင်ခန့် အကွာတွင် ရှိသော သူဌေးကြီးကျေးရွာတွင်း နေထိုင်သူ ဖခင်ဖြစ်သူ ဦးအောင်မြင့် ထံသို့ သြဂုတ် ၄ ရက် မွန်းတည့်၁၂နာရီခန့် က ဟင်းပို့ရန် သွားရောက် ခဲ့ပြီး

ဖခင်ဖြစ်သူ၏ နေအိမ်မှ မွန်းလွဲ ၂ နာရီခွဲခန့် တွင်ပြန်တော့မည် ဟုပြော၍ လယ်တဲမှ နေအိမ်သို့ ပြန်သွားခဲ့ သော်လည်း ညနေပိုင်း အထိ ပြန်ရောက်ရှိလာခြင်း မရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ထံ သတင်းပို့၍

ဖခင်ဖြစ်သူနှင့် ရွာသူရွာသားများမှ လိုက်လံ ရှာဖွေခဲ့ကြရာ သြဂုတ် ၅ ရက် နံနက် ၄ နာရီခန့် တွင် သူဌေးကြီး-အမြန်လမ်း သွားကားလမ်း ၏မြောက်ဘက်ရှိ တောအတွင်းခြုံပုတ် အနီးတွင်

မှောက်လျှက် အနေအထားဖြင့် ခန္ဓာကိုယ် အပေါ်ပိုင်း အဝတ်အစားမပါ အောက်ပိုင်း လုံချည်ပတ်ထား လျှက် နှာခေါင်းသွေးထွက် ၊လျှာထွက်၊ နှုတ်ခမ်းကိုက်ထား၊ လည်ပင်းညိုမဲ ယာနားထင်ပွန်းပဲ့၊ ခြေမကွဲ ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း တွေ့ရသည်။

ဖြစ်စဉ်နှင့် ပက်သက်ပြီး ကျောက်တံခါးမြို့နယ် ၊ ပဲနွယ်ကုန်း နယ်မြေ ရဲစခန်းမှ (ပ)၁၆၄/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် စခန်းမှုး ရဲအုပ်ဇော်လွင် မှ စစ်ဆေး ဆောင်ရွက်၍ မြို့နယ် ရဲတပ်ဖွဲ့မှုးမှ အနီးကပ်ကြီးကြပ်ကာ ပြစ်မှုကျုးလွန်သူအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး စီစဉ် ဆောင်ရွက် ခဲ့ရာ

ခိုင်လင်းအောင်၂၂နှစ်(ဘ) ဦးလှမြင့် ၊ သူဋ္ဌေးကြီး ကျေးရွာ ၊ သံပုရာခုံ ကျေးရွာအုပ်စု၊ ကျောက်တံခါးမြို့နယ် နေသူမှ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆို ခဲ့ပြီး အခင်းဖြစ်နေရာအား လိုက်လံ ပြသ၍ သက်သေခံ ပစ္စည်းများ သိမ်းဆည်း၍

သြဂုတ် ၁၅ရက် ကကျောက်တံခါးမြို့နယ် တရားရုံးတွင် ဖြောင့်ချက်ယူကာ ပြစ်မှု ကျူးလွန်သူ အား ဖမ်းဆီးနိုင်ခဲ့ပြီး ဆက်လက် စစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Credit – ခင်ကို(ကျောက်တံခါး)