အရင်ထက်ပိုမိုနုပျိုလာတဲ့ရုပ်ရည်ကြောင့်​ ပရိသတ်တွေအံ့အားသင့်ခဲ့ရတဲ့မင်းသားဂျက်လီ

70

ရုပ်ရှင်မင်သားကြီးဂျက်လီဟာ​ ကာလရှည်ကြာစွာအနုပညာအလုပ်တေါကိုရပ်နားထားပြီးမှ​ အခုတရုတ်နိုင်ငံရဲ့ဟန်ပန်နဲ့​ Disneyကနေ.ပြန်လည်ရိုက်ကူးထားတဲ့​ မူလန်ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ပြီး.ပရိသတ်ရှေ့ကိုပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

အဲ့လိုအနုပညာအလုပ်တွေပြုလုပ်ပြီးမကြာခင်မှာပဲ​ ပရိသတ်တစ်ယောက်နဲ့စားသောက်ဆိုင်တစ်ခုမှာ​ အတူတူဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံကြောင့်​ နိုင်င့တကာက​ ဂျက်လီပရိသတ်တွေနဲ့​ တရုတ်နိုင်ငံကအင်တာနက်အသုံးပြုသူတွေက​ အံ့သြဝမ်းသာဖြစ်ခဲ့ရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့​ ဓာတ်ပုံထဲကပရိသတ်နဲ့အတူ​ပြုံးပျော်နေတဲ့​ ဂျက်လီရဲ့ပုံရိပ်ဟာ​ သူ့ရဲ့မူရင်းအသက်ကိုမမှတ်မိနိုင်လောက်အောင်ကို​ နုပျိုကျန်းမာနေလို့ပါပဲ။ ပြီးခဲ့တဲ့​ ၂၀၁၇နဲ့​ ၂၀၁၈အစောပိုင်းတွေမှာတုန်းက​ ရုပ်ရှင်ရိုက်ကူးရေးခေတ္တနားထားတဲ့​ ဂျက်လီရဲ့ပုံရိပ်ဓာတ်ပုံတွေဟာ

အင်တာနက်ပေါ်မှာပျံ့နှံ့ခဲ့​ပြီး​ ဓာတ်ပုံတွေအရ​ဂျက်လီဟာ​ ကျန်းမာရေးအခြေအနေမကောင်းပဲ​ အင်မတန်အိုမင်းရင့်ရော်နေတဲ့ပုံပေါက်နေတာကြောင့်​ ပရိသတ်တွေကစိတ်ပူခဲ့ကြတာပါ။

ဒါပေမယ့်အခုလို​ တစ်နှစ်ဝန်းကျင်အချိန်လေးအတွင်းမှာ​ ပြန်လည်ကျန်းမာရေးကောင်းတာကိုမြင်ရတဲ့အတွက်​ ပရိသတ်တွေကဝမ်းသာနေကျသလို​ အွန်လိုင်းလူမှုကွန်ယက်ပေါ်ကသူတစ်ယောက်က​ သူရဲ့ဓာတ်ပုံကိုလွန်ခဲ့တဲ့​၁၈နှစ်တုန်းကရိုက်ထားတယ်ထင်နေတာဆိုပြီး​ မင်းသားဂျက်လီရဲ့နုပျိုမှုကိုချီးကျူးခဲ့ပါတယ်။

မင်းသားဂျက်လီဟာ​ လက်ရှိအချိန်မှာအသက်​ ၅၆နှစ်ရှိနေပြီဖြစ်ပါတယ်။

Yenin​ Phawah-AlinnMyay(အလင်းမြေ)

Source- South China​ Morning​ Post