ဗိုလ်မှူး ပြည့်ဖြိုးအောင် နမ့်ဖတ်ကာ မှာ ကျဆုံးသွားပြီဟု သတင်းရရှိ …. ဝမ်းနည်းရပါတယ်

257

ဗိုလ်မှူး ပြည့်ဖြိုးအောင် နမ့်ဖတ်ကာ မှာ ကျဆုံးသွားပြီဟု သတင်းရရှိ …. ဝမ်းနည်းရပါတယ်

သြဂုတ်လ ၁၅ ရက်နေ့ ပြင်ဦးလွင် – နောင်ချို တဝိုက်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့လို့ခေါ်တဲ့ ( AA + TNLA + MNDAA ) အဖွဲ့က ဝင်ရောက်တိုက်ခိုက်တာကြောင့် နိုင်ငံ့ဝန်ထမ်း နဲ့ ပြည်သူ စုစုပေါင်း ၁၅ ဦးခန့် အသက် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် အခုလက်ရှိမှာပင် တံတားများကို မိုင်းခွဲ ဖျက်ဆီးခြင်း ၊ ဆီဆိုင်များကို မီးရှို့ခြင်း ၊ တွဲကားမောင်းသူများကို ပစ်ခတ် သတ်ဖြတ်ခြင်းများကို ၎င်းအဖွဲ့မှ ဆက်တိုက်ဆောင်ရွက်နေသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကို သွားရောက်ရန် အဆက်အသွယ် ပြတ်တောက်လျှက်ရှိပါတယ်။

ထို့အပြင် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း ၊ ကားလမ်းများကို မိုင်းထောင်ခြင်းများကို ဆောင်ရွက်နေသည့် ထိုအဖွဲအား လိုက်လံတိုက်ခိုက်ရာမှ ကံဆိုးစွာ ဖြင့် နိုင်ငံ့ဝန်ထမ်း ဖြစ်သူ ဗိုလ်မှူး ပြည့်ဖြိုးအောင် ကျဆုံးခဲ့ရကြောင်း သိရပါတယ်။

အခုလို တိုင်းပြည်နဲ့ လူမျိုးအတွက် သောင်းကျန်းသူများ ရန်မှကာကွယ်ရင်း အသက်ပေးခဲ့ရသည့် ဗိုလ်မှူး အတွက် မိသားစုနှင့်အတူများစွာ စိတ်မကောင်း ဖြစ်မိပါတယ်။

Writer- SMT(Shwe Yaung Lan)