စပွန်​ဆာခံ​နေတဲ့မိန်းမတစ်​​ယောက်​မဟုတ်​ဘူး လို့ ​အဆို​တော်​ချမ်းချမ်း ဒဲ့ ​ပြောပြီ

101

ယောကျာင်္းအ​ယောက်​တစ်​ရာပဲယူယူ နှစ်​ရာပဲယူယူ ကိုယ့်​ကိစ္စပါ၊ စပွန်​ဆာခံ​နေတဲ့မိန်းမတစ်​​ယောက်​မဟုတ်​ဘူး လို့ ​အဆို​တော်​ချမ်းချမ်း ဒဲ့ ​ပြောပြီ

၁၁ နှစ်​ကြာဖြတ်​သန်းခဲ့တဲ့ အိမ်​​ထောင်​​ဟောင်းနဲ့ကွဲကွာပြီး​နောက်​ သမီး​လေးတစ်​​ယောက်​ကို ထိန်းသိမ်း​စောင့်​​ရှောက်​​နေရင်း ​တစ်​ဖက်​မှာလဲ ပရိသတ်​​တွေသိပ်​ချစ်​ရတဲ့အပြင်​ အား​ပေးမှုလုံးဝ​လျော့ကျမသွားခဲ့သူ အဆို​တော်​က​တော့ ချမ်းချမ်းပါ။ အိမ်​​ထောင်​​ရေးကွာရှင်းပြတ်​စဲပြီးတဲ့​နောက်​ ချစ်​သူအသစ်​ Relationship အသစ်ကိုရရှိပြီး အချစ်​သစ်​တစ်​ဖန်​​မွေးဖွားခဲ့တဲ့ ချမ်းချမ်းဟာ သမီး​လေးနဲ့အတူ အရမ်း​ပျော်​ရွှင်​​နေတယ်​လို့သိရပြီး လက်​ရှိမှာလဲ Single Mom တစ်​ဦးအဖြစ်​ရပ်​တည်​​နေတာဖြစ်​ပါတယ်​။

ချစ်​သူအသစ်​ဟာ နိုင်​ငံခြားသားတစ်​ဦးဖြစ်​တဲ့အတွက်​ ​ဝေဖန်​မှုတချို့​ထွက်​​ပေါ်ခဲ့တဲ့အ​ပေါ်လဲ ချမ်းချမ်းက ဒဲ့​ဖြေရှင်းသွားခဲ့သလို မရှုပ်​ခင်​အရင်​ရှင်းထားတာ ပို​ကောင်းတာ​ကြောင့်​ သူ့ရဲ့ပရိသတ်​​တွေအတွက်​ ချစ်​သူဘယ်​သူလဲဆိုတာ ပွင့်​ပွင့်​လင်းလင်းသာချပြထားခဲ့ခြင်းဖြစ်​​ကြောင်း ချမ်းချမ်းဆီက အခုလိုကြားသိခဲ့ရပါတယ်​။ မီဒီယာ​တွေနဲ့အင်​တာဗျူးမှာ ချမ်းချမ်းဘာ​တွေ​ပြောပြခဲ့သလဲဆိတာ ALinnMyay ချစ်​ပရိသတ်​ကြီးအတွက်​တင်​ဆက်​​ပေးလိုက်​ရပါတယ်​။

“အစ်​မက ​ဖောက်​ပြန်​​နေတာမဟုတ်​ဘူး။ ကိုယ့်​စိတ်​ထဲ ကိုယ်​လုံတယ်​။ ဒါ​ကြောင့်​ ဘယ်​သူနဲ့တွဲ​နေလဲဆိုတာ ချပြခဲ့တာ… မဟုတ်​ရင်​ တိတ်​တိတ်​​လေးလုပ်​​နေမှာ​ပေါ့။ သူငယ်​ချင်းပါလို့ လိမ်​​ပြောလဲရ​နေတာပဲ။”

“အစ်​မတွဲ​နေတဲ့သူက ဂုဏ်​သိက္ခာရှိတယ်​။ သာမန်​ဂုဏ်​မရှိတဲ့ အတန်းအစားကလာတာလဲ မဟုတ်​ဘူး။ ဒါ​ကြောင့်​ ရှက်​စရာလို့မမြင်​ဘူး။ ဒါက အချစ်​​ရေးတစ်​ခုပဲ​လေ။ နင့်​ကို​တော့ငါချစ်​ပါရဲ့… သွား… လူ​ရှေ့ကျရင်​ဖယ်​​နေ​နော်​လို့ ​ပြောရ​အောင်​လဲ အစ်​မက စပွန်​ဆာခံ​နေတဲ့မိန်းမတစ်​​ယောက်​ မဟုတ်​ဘူး။ ဒီလိုဒဲ့​ပြောရင်​ လူမုန်းခံရတယ်​။ မရှုပ်​ခင်​ အရင်​ရှင်းထားလိုက်​တာပါ။”

“အစ်​မအကြာင်းကို အစ်​မထက်​ပိုပြီး ဘယ်​သူမှပိုမသိပါဘူး။ မ​ကောင်းတာ လုပ်​တာမဟုတ်​တဲ့အတွက်​ ဂရုကိုမစိုက်​ပါဘူး။ ကိုယ့်​ကိုတိုက်​ခိုက်​လာရင်​လဲ လူတိုင်းကို​မေတ္တာထားတယ်​။”

“အစ်​မက အိမ်​​ထောင်​မပြုဖူးတဲ့သူမဟုတ်​ဘူး။ ​ယောကျာင်္း မယူဖူးတဲ့သူ မဟုတ်​ဘူး။ အရင်​အမျိုးသားနဲ့ ၁၁ နှစ်​​ကျော်​​ပေါင်းခဲ့ပြီးပြီ။ အခုလူကိုလဲ အစ်​မကို ချစ်​သ​ရွေ့လက်​ခံ​နေမှာပဲ။ ​ပေါ့​ပေါ့ပါးပါးပဲ။ ​သူနဲ့ယူဖြစ်​တာမယူဖြစ်​တာ အစ်​မအတွက်​ အဓိကမဟုတ်​ဘူး။ ​ယောကျာင်္းတစ်​​ယောက်​နဲ့ ကွဲသွားလို့ရှိရင်​ တစ်​သက်​လုံး က​လေးတစ်​​ယောက်​နဲ့ ​လောကဓံကြီးကိုရင်​ဆိုင်​သွားရမယ်​လို့ ဘယ်​ဥပ​ဒေမှာမှ မပြဌာန်းထားဘူး”

“အစ်​မဘာသာ ​ယောကျာ်းအ​ယောက်​ ၁၀၀ ပဲ ယူယူ၊ ၂၀၀ ပဲ ယူယူ အစ်​မရဲ့ကိုယ်​​ရေးကိုယ်​တာကိစ္စ​လေ။ အစ်​မကြောင့် သူများရဲ့ မိသားစု မပြိုကွဲသ၍ အစ်​မသည် မိန်းမကောင်းပဲ။ အစ်​မလဲ​ပျော်​ထိုက်​ပါတယ်​။ အစ်​မ​နေရာ​ရောက်​ရင်​​တော့ သူတို့နားလည်​သွားမှာပါ။”

“လူမျိုးမတူလို့ ဆိုတဲ့ စာတန်း​ခေါင်းစဉ်အောက်မှာ အစ်​မတို့ရဲ့ ပျော်စရာကောင်းတဲ့ အချိန်တွေ၊ တန်ဖိုးရှိတဲ့အရာတွေကို ဘာဖြစ်​လို့ စွန့်ပစ်ပြီးလျစ်လျူရှုမှာလဲ။ မြန်​မာနိုင်​ငံ မှာ အခုဘာဖြစ်​​နေလဲဆို​တော့ နိုင်​ငံခြားသားနဲ့တွဲ​နေရင်​ မ​ကောင်းတဲ့မိန်းမတို့၊ အကြံတစ်​ခုခုရှိလို့ဆိုတဲ့အမြင်​နဲ့မြင်​ကြတယ်​။ လူပဲ​လေ နှလုံးသားရှိတယ်​။ ကိုယ့်​အ​ပေါ်​ကောင်းရင်​၊ ​စေတနာနဲ့တန်​ဖိုးထားတယ်​ဆိုရင်​ ဘာဖြစ်​လို့ နိုင်​ငံခြား၊ဗမာ၊ အိန္ဒိယ ​တွေခွဲခြား​နေရမှာလဲ။ ချစ်​လို့ရတာပဲ ”

EFIL-AlinnMyay(အလင်းမြေ)