ထမင်းရှင်​ပြည်​သူ​တွေရဲ့ဒုက္ခအတွက်​ ရုပ်​ရှင်​အစည်းအရုံးက ကူညီခဲ့တယ်​လို့ဆိုလာတဲ့ ဇင်​ဝိုင်း

66

မြန်​မာရုပ်​ရှင်​အစည်းအရုံးနဲ့ ရုပ်​ရှင်​​လောကသားများ၊ သရုပ်​​ဆောင်​အနုပညာရှင်​များနဲ့ ထုတ်​လုပ်​သူများအပြင်​ ရုံပိုင်​ရှင်​​တွေအားလုံး တတ်​အားသ​ရွေ့စု​ပေါင်းပြီး ​ရေ​ဘေးသင့်​ မြန်​မာ ပြည်​သူ​တွေရဲ့ဒုက္ခအတွက်​ မြန်​မာနို​င်​ငံ ရုပ်​ရှင်​အစည်းအရုံးကဦး​ဆောင်​ကာ ပြည်​​ထောင်​စုဝန်​ကြီးလက်​ထဲ ၂၆၂ သိန်း ကူညီလှူဒာန်း​ပေး​အပ်​ခဲ့တယ်​လို့ အစည်းအရုံးဥက္ကဌဖြစ်​သူ ဝါရင့်​သရုပ်​​ဆောင်​ ဇင်​ဝိုင်းက မီဒီယာ​တွေနဲ့အင်​တာဗျူးမှာ ​ပြောပြသွားခဲ့ပါတယ်​။

သူ့ရဲ့​ပြောပြချက်​အရ ပြည်​သူ​တွေကို ထမင်းရှင်​​ကျေးဇူးရှင်​လို့ သ​ဘောထားလို့ ​ရေ​ဘေးအတွက်​ လှူဒါန်းဖြစ်​တာပါလို့ ကြားသိခဲ့ရပြီး ​ဝေဖန်​မှု​တွေများစွာခံယူရရှိ​နေတဲ့ ရုပ်​ရှင်​အစည်းအရုံးအတွက်​ ပြည်​သူ​တွေချီးကျူးဝမ်း​မြောက်​ဖွယ်​ရာ လုပ်​ရပ်​တစ်​ခုဖြစ်​ခဲ့တာအမှန်​ပါ။ ရုပ်​ရှင်​​လောကသား​တွေရဲ့ ​စေတနာအလှူရှင်​​တွေရဲ့စု​ပေါင်းအားနဲ့ ​ရေ​ဘေးကိစ္စအ​တွက်​ ထမင်းရှင်​ ပြည်​သူ​တွေအ​ပေါ် လှူဒါန်း​ပေးဆပ်​နိုင်​ခဲ့တာဖြစ်​ကြောင်း ဇင်​ဝိုင်းကအခုလို​ပြောပြသွားခဲ့တာပါ။ ALinnMyay ချစ်​ပရိသတ်​ကြီးတို့ဖတ်​ရှုနိုင်​​စေဖို့ တင်​ဆက်​​ပေးလိုက်​ရပါတယ်​ခင်​ဗျာ။

“ကျွန်​​တော်တို့ ​ရေ​ဘေးလှူဒါန်းခဲ့တာက အစဉ်​အဆက်​ပါပဲ။ ရခိုင်​ပဋိပက္ခ နဲ့ ကချင်​စစ်​​ဘေး​ရှောင်​ဒုက္ခသည်​​တွေ၊ ချင်းပြည်​နယ်​​ရေကြီးမှု​တွေမှာလဲ ကျွန်​​တော်​လှူဒါန်းခဲ့ပါတယ်​။ အခုကျ​တော့လဲ နှစ်​​ပေါင်း ၇၀ ​ကျော်​အတွင်းမှာ မိုးပြင်းထန်​စွာရွာတာ​ကြောင့်​ ​ရေ​ဘေးဒုက္ခခံစား​နေကြရပါတယ်​။”

“အဲ့အတွက်​ကို ရုပ်​ရှင်​အစည်းအရုံးက သိန်းတစ်​ရာမတည်​တယ်​။ ​လောကသား​တွေနဲ့ ရုံရှင်​များရဲ့လှူဒါန်းမှုကိုပါ စု​ပေါင်းပြီး​တော့ အားလုံး​ပေါင်း ၂၆၂ သိန်း ကျပ်​ကိုလှူဒါန်းနိုင်​ခဲ့ပါတယ်​။ လူ/ကယ်​ပြန်​ ဝန်​ကြီးဌာန ပြည်​​ထောင်​စု ဝန်​ကြီး လက်​ကိုလှူဒါန်းခဲ့တာပါ။”

“မကြာမီကျ​ရောက်​မယ့်​ ရုပ်​ရှင်​နှစ်​တစ်​ရာပြည့်​အကြို ပြည်​သူ့အကျိုးပြုလှုပ်​ရှားမှု အ​နေနဲ့ လုပ်​​ဆောင်ခဲ့တာဆိုလဲ မမှားပါဘူး။”

“အနုပညာရှင်​ဆိုတာလဲ ပြည်​သူထဲကပြည်​သူပါပဲ။ရုပ်ရှင်ဆိုတာ ပြည်သူတွေမရှိဘဲ ရပ်တည်လို့မရပါဘူး။ ပြည်သူက ​မေတ္တာနဲ့ကျွေးတဲ့၊ ​ပေးတဲ့ ပိုက်ဆံနဲ့မှ ရပ်တည်ကြရတာပါ။ ဒါကြောင့် ပြည်သူတွေကို ကျွန်တော်တို့အတွက် ​ထမင်းရှင်၊ ​ကျေးဇူးရှင်တွေလို့ သတ်မှတ်ထားပါတယ်။ အခုပြည်သူတွေ ဒုက္ခရောက်တဲ့အချိန်မှာလည်း တတ်စွမ်းသမျှ ပြန်​ကူညီကြခြင်းပါပဲ”

EFIL-AlinnMyay(အလင်းမြေ)