၎ နှစ်ခွဲအရွယ် ကလေးငယ်ကို ဓမ္မတာနှင့်ဆန့်ကျင်၍ ကာမစပ်ယှက်မှုဖြစ်

135

၎နှစ်၆လ အရွယ် ယောက်ျားလေး ကလေးငယ်အား ဓမ္မတာနှင့်ဆန့်ကျင်၍ ကာမစပ်ယှက်သူကို အမှုဖွင့်အရေးယူမှု ဒိုက်ဦးမြို့ ဗျက်ကြီးကျေးရွာ၌ဖြစ်ပွား —

— ဒိုက်ဦးမြို့နယ်၊ ဗျက်ကြီးကျေးရွာအုပ်စု၊ ဗျက်ကြီးကျေးရွာအလယ်ပိုင်းရှိ အဒေါ်တော်သူ ဒေါ်ခင်မာချို၊ ၄၄နှစ်၊ (ဘ) ဦးသိန်း၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်းသူတို့၏နေအိမ်သို့ တူမတော်စပ်သူ မသိင်္ဂီ(ခ)မကျော့ကျော့၊ ၂၄နှစ်၊ (ဘ) ဦးဖိုးဇော်၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်း၊ ဘုရင့်နောင်လမ်း၊ (၃)ရပ်ကွက်၊ မှော်ဘီမြို့၊ ရန်ကုန်တိုင်းနေသူမှ သားဖြစ်သူ မောင် ××××× ၊ ၄နှစ် ၆လ ၁၄ရက်၊ (မွေးသက္ကရာဇ် ၄.၂.၂၀၁၅)၊(ဘ) ဦးကျော်မျိုးဦး၊ ဗမာ/ဗုဒ္ဓ နှင့်အတူ ၃၀.၇.၂၀၁၉ ရက်နေ့က အလည်ရောက်ရှိနေထိုင်ခဲ့တာဖြစ်ပါတယ်။

—- အလည်ရောက်ရှိနေထိုင်လျှက်ရှိစဉ် ၁၈.၈.၂၀၁၉၊ နံနက် ၁၀း၃၀ အချိန်တွင် မိခင်ဖြစ်သူ မသိင်္ဂီ(ခ)မကျော့ကျော့မှ သားဖြစ်သူ မောင် ××××× အား ရေချိုး၊ အဝတ်အစားလဲပေးပြီးနောက် တည်းခိုးနေထိုင်သည့်ဒေါ်ခင်ချိုမာ၏ တစ်ခြံဝင်းတည်း အနောက်ဘက်အိမ်နေ ဘကြီးတော်စပ်သူ ဦးတင်အောင်၊ ၆၅နှစ်၊ (ဘ) ဦးသိန်းမောင်၊ ဗမာ/ဗုဒ္ဓ၊ ကျပန်းလုပ်သူ၏ နေအိမ်သို့ဆော့ကစားရန်အတွက် စေလွှတ်ခဲ့ရာ နာရီဝက် ခန့်အကြာတွင် သားဖြစ်သူ မောင် ×××× မှ မိခင်ဖြစ်သူ မသိင်္ဂီ(ခ)မကျော့ကျော့ ထံ ပြန်လာပြီး” အီးပါချင်တယ် ” ဟု ပြော၍ မသိင်္ဂီ(ခ) မကျော့ကျော့မှ ဘောင်းဘီချွတ်ပေးစဉ် မောင် ××××× ၏

“စအိုဝနှင့် တင်ပါး” တို့၌ ချွဲကျိကျိအရည်များ တွေ့ရသဖြင့် သားဖြစ်သူ မောင် ×××××× အား မေးမြန်းကြည့်ရာ ———

—— ဦးတင်အောင်၊ ၆၅နှစ်၊ (ဘ) ဦးသိန်းမောင်၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း မှ ၎င်း၏ ယောကျာ်းတန်ဆာအား”ကိုင်လှုပ်ခိုင်းကြောင်း၊ လေးဖက်ကုန်းခိုင်းပြီး ဘောင်းဘီးအား ချွတ်ကာ၎င်း၏ ယောကျာ်း တန်ဆာဖြင့် မောင် ××××××၏ စအိုအားတေ့ခဲ့ကြောင်း၊ ဦးတင်အောင်မှ ဘယ်သူမှ ပြန်မပြောနဲ့ဟု” ပြောပြီး မောင် ×××××× အား ငွေ(၁၀၀၀)ကျပ်ပေးလိုက်ကြောင်း သားဖြစ်သူ၏ ပြန်ပြောပြချက် အရာ မိခင်ဖြစ်သူ မသိင်္ဂီ(ခ)မကျော့ကျော့မှ သိရှိခဲ့ရပါတယ်။

— မိခင်ဖြစ်သူမှ သားဖြစ်သူအား ဓမ္မတာနှင့်ဆန့်ကျင်၍ ကာမစပ်ယှက်ရန်အကြံဖြင့် ယောကျာ်းတန်ဆာကိုကိုင်လှုပ် ခိုင်းကာ စအိုဝအား ၎င်း၏ ယောကျာ်းတန်တာဖြင့် တေ့ခဲ့သူ ” ဦးတင်အောင် ” အား ဥပဒေအရ အရေးယူပေးပါရန်

၁၈.၈.၂၀၁၉၊ ညနေ ၄း၂၅ အချိန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် ကျူးလွန်ခံရသူ မောင် ××××××× အား ရဲဆေးစာနှင့်အတူ ဒိုက်ဦးဆေးရုံသို့ ပို့အပ်ထားရှိခဲ့ပြီး တရားခံဦးတင်အောင် အား ၁၈.၈.၂၀၁၉၊ ညနေ ၄း၄၅ အချိန်၌ ဖမ်းဆီးပြီး မမစ(ဒဥ)(ပ) ၅၈၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇/၅၁၁ အရ အမှုဖွင့်အရေးယူဆောင်ရွှက်လျှက်ရှိကြောင်းသတင်းရရှိပါသည်။

Myat Thu