နှစ်စဉ်ကျောင်းမှာ ပထမဆုချိတ်လို့ မိဘဆရာတွေက အချစ်ပိုခဲ့ရတဲ့ သမီးလေး.. ဘယ်လိုများမြေရှင်းပေးကြမှာလဲ

225

နှစ်စဉ်ကျောင်းမှာ ပထမဆုခဏခဏချိတ်လို့ မိဘဆရာတွေက အချစ်ပိုခဲ့ရတဲ့ သမီးလေး နှင်းရတီထွန်း …

လက်ရှိ Novel ပုဂ္ဂလိကကျောင်းမှာ ၇တန်းတက်နေပြီး ပြီးခဲ့တဲ့ စနေနေ့အထိ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ ကျောင်းတက်ဆော့ကစားနိုင်ခဲ့တဲ့ သမီးလေး …

၁၈.၈.၂၀၁၉ တနင်္ဂနွေနေ့ မနက် ၆ နာရီစပြီး ပျော်ရွှင်စရာကောင်းတဲ့ သူ့ဘဝလေးထဲ ဂြိုလ်ဆိုးစဝင်ခဲ့တယ်လို့ဘဲ ဆို ပါ ရစေ တော့ ….

ဖြစ်စဉ်ကဒီလို ….

သမီးလေးရဲ့ရင်သားမှာ အကြိတ်လေးတွေ့လို့ မန္တလေးမြို့ရဲ့ နာမည်ကြီးဆေးရုံတစ်ခုမှာ ၁၁.၈.၂၀၁၉ နေ့မှာ သွားပြဖြစ်တယ် ၁၂.၈.၂၀၁၉ နေ့ အသားစထုတ်ပြီး စစ်ဆေးခဲ့တယ် ကင်ဆာအကြိတ်မဟုတ်ပေမယ့် ရောဂါတစ်မျိုး လို့ ခေါင်းစဉ်တပ်ပြီး ၁၈.၈.၂၀၁၉ မှာ ခွဲစိတ်ဖို့ ဒိတ်ပေးခဲ့တယ် ….

၁၇.၈.၂၀၁၉ စနေနေ့အထိ ကျောင်းတက်ပြီး သူငယ်ချင်းတွေနဲ့ ဆော့ကစားနိုင်ခဲ့တဲ့ ကလေးတစ်ယောက်ဟာ ၁၈.၈.၂၀၁၉ တနင်္ဂနွေနေ့ မနက် ၆ နာရီမှာ ခွဲခန်းစဝင်ခဲ့ပါတယ်

၇နာရီခွဲလောက်မှာ ကလေးဆီက ခွဲထုတ်ခဲ့တဲ့ အကြိတ်လေးကို မိဘတွေဆီ ယူလာပြီး ပြသကာ ကလေးအခြေအနေ ကောင်းပါတယ်လို့ ပြောပါတယ် ….

၉ နာရီလောက်ကျတော့ ကလေးနှလုံးခုန်မြန်နေလို့ ဆေးပေးထားရတယ်လို့လာပြောကာ မစိုးရိမ်ကြဖို့ ထွက်လာပြောခဲ့ပြန်တယ် ၁၀နာရီ လောက်ထိ ခွဲခန်းက ထွက်မလားသေးတော့ မိဘတွေ စိတ် စပြီး ပူခဲ့ပြီလေ …

ခွဲခန်းထဲက ထွက်လာသမျှ ဆေးရုံးဝန်ထမ်းတွေကို သမီးလေးအခြေအနေ မေးခဲ့ကြပေမယ့်လည်း ဆရာဝန်ကြီး ထွက်လာမှ ပြောပါလိမ့်မယ်လို့ဘဲ ပြောကာ အခြေနေမှန်ကို ဖွင့်မပြောခဲ့ကြဘူး ….

၁၁ နာရီလောက်ထိ သမီးလေးက ထွက်မလာ မေးမြန်းမရလဲ ဖြစ်နေလို့ အဒေါ်လုပ်တဲ့သူက ခွဲခန်းထဲကို ဇွတ်တိုးဝင်သွားတော့ မှ အခြေနေမှန်ကို သိခဲ့ရတဲ့အချိန်မှာတော့ သမီးလေးဟာ အင်္ကျီပြန်ဝတ်လို့မရလောက်အောင် တောင့်ခဲလို့ နေခဲ့ပါပြီ …

အခြေနေမှန်ကို လုံးဝအသိမပေးဘဲ ကြိတ်ရှင်းနေကြတာ ဘယ်လောက်တောင်ကြာသွားပြီလဲဆိုတာ စဉ်းစားသာကြည့်ကြပါတော့ဗျာ …

မိဘတွေမှာတော့ အရူးမီးဝိုင်းပြီး လက်ရှိအခြေနေကို လက်ခံဖို့ဆိုတာ စဉ်းစားလို့တောင် မရနိုင်လောက်တော့ဘူး ခွဲခန်းထဲ အကောင်းအတိုင်းဝင်သွားခဲ့ပြီး သက်မဲ့ခန္ဓာကိုယ်နဲ့ အပြင်ကိုရောက်လာခဲ့တဲ့ သူတို့သမီးလေးကို ဘယ်လိုစိတ်မျိုးနဲ့ လက်ခံပေးနိုင်မလဲ …

ဟုတ်ပြီ တစ်စုံတစ်ခုတော့ အကြောင်းတစ်ခုခုကြောင့် ဆုံးခဲ့ရပြီ ဆေးရုံဘက်က ဖြေရှင်းပုံဘက် လှည့်ကြည့်ရအောင် ….

ဘာ့ကြောင့်ဆုံးသွားခဲ့လဲဆိုတာ လက်ရှိ အချိန်ထိ ဖြေရှင်းထားချင်း မရှိသေးသလို လူမှုရေးအရလည်း နာရေးအိမ်ကို လာရောက် မေးမြန်းခြင်းလည်း မရှိသေးပါဘူး…

ခွဲစိတ်ခန်းထုတ်လာတုန်း မိဘတွေကို လက်မှတ်ထိုးဖို့ပြောလို့ ထူပူနေအချိန်မို့ ဘာရေးထားမှန်းမသိဘဲ လက်မှတ်တော့ ထိုးလိုက်ရတယ် …

( လက်ရှိအချိန်မှာ ၁၉.၈.၂၀၁၉ ည ၁၀ နာရီအထိ သမီးလေးဖခင်ဟာ ဘာကြောင့် ဆုံးပါးသွားရလဲဆိုတာ သိဖို့အရေး ဆရာဝန်ကြီးကို စောင့်နေရတုန်းပါ

ဤသည်ကား…စကားချပ် )

ခွဲစိတ်နေတုန်းမှာ ဆုံးပါးသွားတဲ့အတွက် ခွဲစိတ်ခ မယူတာရယ် အိမ်ကို ဆေးရုံကားနဲ့ အခမဲ့ လိုက်ပို့ပေးတာကလွဲပြီး လူမှုရေးအရ လာရောက်မေးမြန်းညှိ့နှိုင်းခြင်း လုံးဝ မရှိသေးပါ …

မနက်ဖြန် ၂၀.၈.၂၀၁၉ မနက် ၁၀ နာရီဆို သမီးလေးနာရေး ပို့ရတော့မယ် ဘာကြောင့်ဆုံးလို့ ဆုံးရမှန်းမသိတော့ မိဘတွေ မှာ အပူမီးတွေဝိုင်းနေပြီ ဆေးရုံဘက်ကလဲ

တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိ ….

လုံးဝမဖြစ်သင့်ဘူး ထင်ပါတယ်

စဉ်းစားသာ ကြည့်ပေးကြပါတော့ဗျာ … 😢

#Ka_Thar_Nyi

( သားသမီးချင်း ကိုယ်ချင်းစာ၍ ရေးသည် )