နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တွင် သမီးအရင်းရဲ့ မအင်္ဂါကို ဖခင်က လက်နဲ့ နှိုက်

487

သမီးအရင်း၏ မိန်းမအင်္ဂါအား လက်ဖြင့်နှိုက်သည့် ဖခင်ကို အရေးယူပေးရန် ဇနီးဖြစ်သူက တိုင်ကြား

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိ ရပ်ကွက်အတွင်းရှိ ၀န်ထမ်းအိမ်ရာတွင် သြဂုတ်လ ၁၃ ရက်နေ့က ဖခင်ဖြစ်သူမှ ၎င်း သမီး၏ မိန်းမကိုယ်အား လက်ဖြင့် နှိုက်သည့် ကိစ္စဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်သည် ကလေး (၆) နှစ်အား ဆီးအောင့် သဖြင့် ဖခင်ဖြစ်သူ မှ ကျူရှင် မပို့ကြောင်း မိခင်ဖြစ်သူမှ ရုံးက အပြန်တွင် သိရှိရသဖြင့် ကလေးငယ်အား သေးခံ အ၀တ်ဝတ်စေပြီး ညအိပ်စေခဲ့ရာ သြဂုတ်လ ၁၈ ရက်နေ့က သေးခံ အ၀တ်တွင် သွေးစ အနည်းငယ်တွေ့ရသဖြင့် ကလေးအထူးကုဆရာဝန်ထံသို့သွားရောက် ပြသခဲ့သည်။

ထိုသို့ သွားရောက်ပြသစဉ်တွင် ကလေးငယ်အား ဆရာဝန်ဆရာမကြီးမှ မေးမြန်းရာ ၎င်း ၏ ဖခင်ဖြစ်သူက အိပ်ခန်းကုတင်ပေါ်တွင် လက်ဖြင့် နှိုက်ခဲ့ကြောင်း ဆေးရုံရှိ ဆရာမများရှေ့တွင် ပြောပြခဲ့သည်။

ထိုသို့ နှိုက်ခဲ့သည့် အတွက် ကလေးငယ်လေး၏ မိခင်ဖြစ်သူမှ ၎င်း ၏ ခင်ပွန်းဖြစ်သူ အား အရေးယူဆောင်ရွက်ပေးရန် ဇဗ္ဗူသီရိမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့် တိုင်တန်းခဲ့သည်။

ထိုသို့ တိုင်တန်းလာသည့် အတွက် အမှုအား ဒုရဲအုပ်မျိုးထက် မှ စစ်ဆေးဆောင်ရွက်လျက်ရှိရာ တရားလို အားစစ်ဆေးမေးမြန်းခြင်း၊ သက်သေခံပစ္စည်းများသိမ်းဆည်းခြင်းများလုပ်ဆောင်လျက်ရှိပြီး လက်ရှိတွင် တရားခံဖြစ်သူ အား ချုပ်နှောင်ထားကာ ရမန်တောင်းခံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ယဉ်ကေနွယ် #TheFifthWave