အချစ်​ဟောင်းရဲ့မင်္ဂလာပွဲကို ရုပ်ပျက်ဆင်းပျက်ဖြစ်​​အောင်​ ​​​​ဖျက်​ဆီးလိုက်တဲ့အမျိုးသမီး(ရုပ်သံ)

310

ဒီအဖြစ်​က​တော့ တရုတ်​ပြည်​မှာဖြစ်​ပျက်​ခဲ့တဲ့ဖြစ်​ရပ်​ပါ။မစားရတဲ့အမဲ သဲနဲ့ပက်​တယ်​ဆိုတာ ဒီလိုအဖြစ်​မျိုးအစစ်​ပါ။ အချစ်​​ဟောင်းကို သံ​ယောဇဉ်​မပြတ်​နိုင်​ခဲ့သူတစ်​​ယောက်​ရဲ့ ရင်​နာစရာခံစားမှုတစ်​ခုဖြစ်​ခဲ့သလို လူ​ပေါင်းများစွာရဲ့ စိတ်​ဝင်​စားများစွာကိုခံရပြီး ထင်​​ကြေးမျိုးစုံအ​ပေးခံ​နေရတဲ့ ဗွီဒီယို​လေးအဖြစ်​ အင်​တာနက်​မှာပျံ့နှံ့​နေပါတယ်​။

အဖြစ်​က​တော့ဒီလိုပါ။ တခြားအမျိုးသမီးတစ်​​ယောက်​နဲ့ လက်​ထပ်​ခါနီး ချစ်​သူကို လက်​မလွှတ်​နိုင်​တဲ့ အမျိုးသမီးဟာ အချစ်​ဟောင်းရဲ့​​မင်္ဂလာပွဲကို ဖိတ်​ကြားခြင်းမခံရပါဘဲ ဆိုက်​ဆိုက်​မြိုက်​မြိုက်​ကြီး တက်​​ရောက်​လာပါ​တော့တယ်​။

သူဟာ မင်္ဂလာသတို့သမီးဝတ်​စုံကိုပါဝတ်​လို့ တက်​လာခဲ့လို့ အတင့်​ရဲလွန်​ပြီး ရိုင်းစိုင်းသူတစ်​​ယောက်​အဖြစ်​ ထင်​မြင်​ခြင်းခံခဲ့ရပါတယ်​။ အချစ်​ရဲ့​အောက်​မှာ အသိစိတ်​​​​တွေ စုန်းစုန်းမြှုပ်​သွားခဲ့ရတဲ့ အချစ်​ကြီးခဲ့သူတစ်​​ယောက်​ ကို အဓိပ္ပါယ်​ဖွင့်​ဆိုမှု​ပေါင်းမျိုးစုံနဲ့ ဒီ ဗွီဒီယိုထဲမှာ မြင်​​တွေ့ရပါလိမ့်​မယ်​။

စင်​မြင့်​ထက်​​ပေါ်မှာ သတို့သားနဲ့ သတို့သမီးတို့ဟာ တစ်​​ယောက်​နဲ့တစ်​​ယောက်​ အပြန်​အလှန်​ အနမ်း​ခြွေ​တော့မယ်​ဆဲဆဲမှာပဲ ဘယ်သူမှ ​မ​မျှော်​လင့်​ထားတဲ့ အဖြစ်​အပျက်​​တွေဟာ စတင်​လာပါ​တော့တယ်​။

သတို့သမီးဝတ်​စုံကိုဝတ်​ဆင်​ထားတဲ့ အဲ့ဒီအမျိုးသမီးဟာ စင်​​ပေါ်ကို ဒုန်းစိုင်း​ပြေးလွှားတက်​လာခဲ့ပါ​တော့တယ်​။ အဲ့ဒီ​နောက်​ ရည်းစား​ဟောင်းဖြစ်တဲ့ ​​​​​သတို့သားကို ဒူး​ထောက်​​တောင်းပန်​ပြီး အကြိမ်​ကြိမ်​ ငိုယို​နေခဲ့တာကို မြင်​​တွေ့ခဲဘကြရပါတယ်​။

“အရာရာက ငါကျုးလွန်မိခဲ့တဲ့ ​အပြစ်​​တွေချည်းပါ။ ငါ့ကိုခွင့်​လွှတ်​​ပေးပါ။ ငါ့ကို အခွင့်​အ​ရေးတစ်​​ခောက်​ ထပ်​​ပေးပါဦး။ ငါ့ဆီကို နင်​ပြန်​လာ​ပေးလို့ရမလား ” လို့ ​အကြီးအကျယ်​ ​အော်​ဟစ်​​နေပါ​တော့တယ်​။ သတို့သားက​တော့ ​ခြေမကိုင်​မိ လက်​မကိုင်​မိ အ​ခြေအ​နေကို ဘယ်​လိုမှ မတုံ့ပြန်​နိုင်​ခဲ့ပါဘူး။

ကမ္ဘာပျက်​မတတ်​ ခံစား​နေရပြီး သတို့သမီးဝတ်​စုံတဖားဖားနဲ့ အမျိုးသမီးအ​ပေါ် ပွဲတစ်​ခုလုံးရဲ့အာရုံက​ စုပြုံ​ရောက်​ရှိသွားပါ​တော့တယ်​။ ​အကြီးအကျယ်​စိတ်​ဒုက္ခ​ရောက်​သွားရတာက သတို့သမီးပါ။ မင်္ဂလာပွဲပျက်​​တော့မယ့်​အ​​ခြေအ​နေကို ကြိုမြင်​​ယောင်​နေရပါပြီ။

နောက်​ဆုံးမှာ​တော့ မင်္ဂလာပွဲမပျက်​​အောင်​ အသည်းအသန်​ ​တောင်းပန်​နှစ်​သိမ့်​​ပေး​နေတဲ့ သတို့သားရဲ့လက်​ကို လွှတ်​ချပြီး သတို့သမီးဟာ စင်​​ပေါ်က​နေ ဆင်းထွက်​သွားပါ​တော့တယ်​။ ရှုပ်​​ထွေးကုန်​တဲ့အေ​ခြအ​နေတစ်​ခုလုံးကို ဘယ်​လိုမှပြန်​အဖ​တ်​ဆယ်​မရခဲ့ပါဘူး။ မင်္ဂလာပွဲပျက်​သွားခဲ့ပြီဖြစ်​ပါတယ်​။

အချစ်​​ဟောင်းရဲ့မင်္ဂလာပွဲကို ရုပ်​ပျက်​ဆင်းပျက်​ ဖြစ်​​အောင်​ဖျက်​ဆီးခဲ့တဲ့ အမျိုးသမီးကို​တော့ ​ကောင်းချီးသြဘာ​ပေးသူ၊ ​မေတ္တာဝိုင်းဝန်းပို့သသူ​တွေ​တော့ အ​တော်​​လေးကိုများပြားခဲ့ပါတယ်​။

EFIL-ApannPyay(အပန်းပြေ)


Source-Elite Readers