(၈၃)နှစ်အဖိုးအိုကို မြင်မြင်ချင်း ချစ်မိလို့ဆိုပြီး လက်ထပ်ခဲ့တဲ့ ကောင်မလေး

313

အချစ်ဆိုတာ အသက်အရွယ် ကန့်သတ်ချက်၊ အသားအရောင်၊ နေရာဒေသ၊ ဘာသာစကား ကန့်သတ်ချက်ရယ်လို့ မရှိပါဘူး။ တကယ်ချစ်ရင် အဲဒီခြားနားချက်တွေကို မြင်တော့မှာမဟုတ်ပါဘူး။ အခုလည်း အသက်(၂၇)နှစ်အရွယ် ကောင်မလေးက သူ့ထက် (၅၆)နှစ်ပိုကြီးတဲ့ အဖိုးကြီးကို လက်ထပ်ခဲ့ပါတယ်။

အဖိုးအိုဟာ အသက်(၈၃)နှစ် ရှိပြီဖြစ်ပြီး၊ ဒီကောင်မလေးကတော့ ရှေးဖူးစာလို့ ဆိုရလေမလား သူ့ကို မြင်မြင်ချင်း ချစ်မိတာကြောင့် လက်ထပ်ခဲ့တာပါတဲ့။ တကယ်တော့ သူတို့နှစ်ယောက်ဟာ တွေ့တာရက်ပိုင်းအကြာမှာပဲ လက်ထပ်ကြဖို့အထိ ဖြစ်သွားခဲ့တာပါ။

ကောင်မလေးနာမည်ကတော့ Nuraeni ဖြစ်ပြီး၊ အဖိုးအိုရဲ့နာမည်ကတော့ Sudirgo ဖြစ်ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်ကမှတွေ့ခဲ့တာဖြစ်ပြီး၊ မြင်မြင်ချင်းပဲ အလွန်ရင်းနီးကာ၊ ရက်ပိုင်းမကြာခင်မှာ အချစ်တွေ ဝေမျှပြီးသား ဖြစ်သွားပါတယ်။

Sudirgo ဟာ Desa Jatilaba နယ်ပယ်မှာတော့ အလွန်နာမည်ကြီးတဲ့ နတ်ဆရာဖြစ်ပြီး၊ နတ်ဆရာကို Shaman လို့ ခေါ်ကြပါတယ်။ ဇူလိုင်လမှာ Nuraeni ရဲ့မိဘတွေဟာ စီးပွားရေးဘာညာ အခက်အခဲတွေရှိတာကြောင့် Sudirgo  နဲ့ လာရောက်တွေ့ဆုံခဲ့ရာက Nuraeni ရဲ့မိဘတွေနဲ့ စတင်ရင်းနီးခဲ့တာပါ။

အဲဒီမှာ သူတို့နှစ်ဦး စတင်ဆုံဆည်းခဲ့ပြီး မေတ္တာသက်ဝင်ခဲ့တာပါ။ Nuraeni ကပဲ ဖုန်းနဲ့အကြိမ်ကြိမ်ဆက်ကာ အချစ်ဇာတ်လမ်း စတင်ခဲ့တာလို့ ဆိုပါတယ်။ ပထမတော့ Sudirgo က လက်ထပ်ရလိမ့်မယ်လို့ ထင်မထားပေမယ့်၊ အခုတော့ ကြီးမှ ဝက်သက်ပေါက်တဲ့သဘော ဖြစ်လာခဲ့တာပါ။

နတ်စည်တော်-D Nae Khit Media

D Nae Khit Media မှ ခွင့်ပြုချက်ဖြင့် ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်သည်။