လိုင်စင်မဲ့ဆေးခန်းမှာ ရင်သားခွဲစိတ်မှုခံယူခဲ့တဲ့ အမျိုသမီး၊ ခွဲစိတ်နေစဉ်သေဆုံးမှု

212

အသက်(၂၈)နှစ်အရွယ် တရုတ်နိုင်ငံသူတစ်ယောက်ဟာ လိုင်စင်မဲ့ဆေးခန်းတစ်ခုမှာ ရင်သားခွဲစိတ်မှုခံယူစဉ်၊ ထင်မှတ်မထားဘဲ ခွဲစိတ်ခုတင်ထက်မှာ သေဆုံးသွားခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးဟာ ပြီးခဲ့တဲ့ သြဂုတ်လ(၁၈)ရက်က သေဆုံးခဲ့တာပါ။

အလုပ်ထဲကိုရောက်နေတဲ့ သူမရဲ့ခင်ပွန်းထံကို ဆေးခန်းက ဖုန်းဆက်ခဲ့ပါတယ်။ ဆေးခန်းရဲ့ပြောကြားချက်မှာ ဇနီးဖြစ်သူကို ခွဲစိတ်နေစဉ်မှာပဲ၊ မဆိုသလောက် မတော်တဆမှုလေး ဖြစ်ခဲ့တာကြောင့် ဆေးခန်းကို လာရောက်ဖို့ ပြောခဲ့တာဖြစ်ပါတယ်။

သူဟာ မိသားစုဝင်တွေနဲ့ ဆေးခန်းကို လိုက်သွားခဲ့ရာ၊ ဇနီးကို မတွေ့ရပါဘူး။ ဇနီးဖြစ်သူ ဘယ်မှာလဲဆိုပြီး ဆေးခန်းဝန်ထမ်းတွေကို မေးတဲ့အခါ သူတို့က၊ ခွဲခန်းထဲမှာပဲ ရှိနေသေလို့ သည်းခံပြီးစောင့်ဖို့ ပြောပါတယ်။ ဒါပေမယ့် အချိန်ကြာလာသည်နှင့်အမျှ ဇနီးက ထွက်မလာနိုင်တာမို့-

တစ်ခြားဆေးရုံကိုဖုန်းဆက်ပြီး၊ လူနာလွှဲပြောင်းမယ်ဟုဆိုကာ ကြိုးစားခဲ့ပါတယ်။ အဲဒီအခါကျမှ ခွဲစိတ်မှုတာဝန်ယူခဲ့သူတွေက သူ့ဇနီးသေဆုံးသွားပြီဖြစ်ကြောင်း ပြောခဲ့တာပါ။ ခင်ပွန်းဖြစ်သူက ရဲတွေကို ချက်ချင်းအကြောင်းကြားခဲ့ပြီး၊ ရဲက CCTV စစ်ဆေးဖို့ သက်သေတောင်းတဲ့အခါ အကုန် ဖျက်ပစ်ခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူဟာ ဇနီးသည် အရင်က မကြာခဏခွဲစိတ်တာကို အလွန်ဒေါသတကြီး ကန့်ကွက်ခဲ့ဖူးခဲ့ပါတယ်။ သူမဟာ ခင်ပွန်းသည်ကို ဘယ်တော့မှ တိုင်ပင်ခြင်းမရှိဘဲ လုပ်ချင်ရာလုပ်လေ့ရှိပါသတဲ့။ အခုဖြစ်စဉ်မှာလည်း ဆေးခန်းလိုင်စင်ကို စစ်ဆေးတဲ့အခါ ဆေးကုသခွင့်လိုင်စင်ရှိသော်လည်း Cosmetic surgery အတွက် ခွင့်ပြုမထားပါဘူးတဲ့။

ရဲတပ်ဖွဲ့ကတော့ ဒီကိစ္စကိုစုံစမ်းစစ်ဆေးနေပါတယ်။ ဆေးခန်းရဲ့သူနာပြု  Zhao အမည်ရ အမျိုးသမီးကိုလည်း ဖမ်းဆီးထားပြီး၊ အလောင်းကိုလည်း နားလည်တဲ့ဆရာဝန်တွေနဲ့ စစ်ဆေးနေကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက်လေးက လှချင်တဲ့ အမျိုးသမီးတွေအတွက် သတိထားစရာပါ။

လင်းဇော်ကို – D Nae Khit Media

D Nae Khit Media မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။