ဖခင်အရင်း မဟုတ်သူမှ ကိုးလအရွယ်မယားပါ သမီးငယ်လေးကို လူမဆန်စွာ ရိုက်နှက်နှိပ်စက်မှု

239

ဖားကန့်​၊ မက်​လင်​​ချောင်​​မှောင်​မှာ ဖြစ်​ပွားခဲ့တဲ့ဖြစ်​ရပ်​တစခုက​တော့ ကြားရမြင်​ရအ​ပေါင်းမှာ အင်​မတန်​မှရင်​နာစရာ​ကောင်းခဲ့ပြီး အကြီးအကျယ်​စိတ်​ထိခိုက်​ဖွယ်​ရာဖြစ်​​စေခဲ့ပါတယ်​။

ဖခင်အရင်း မဟုတ်သူမှ ကိုးလအရွယ် မယားပါ သမီးငယ်လေးကို လူမဆန်စွာ ရိုက်နှက်နှိပ်စက်မှုဖြစ်​ပွားခဲ့တာပါ။ ပုံမှာမြင်​​တွေ့ရတဲ့အတိုင်း လူမမယ်​က​လေးငယ်​​လေးကို ရက်​ရက်​စက်​စက်​ ရိုက်​နှက်​နှိပ်​စက်​ထားခဲ့တာဖြစ်​ပြီး ဒီသတင်းဟာ ​နေ့ချင်းညချင်းမှာပဲ လူမှုကွန်​ရက်​​​ပေါ်မှာ ပျံ့နှံ့သွားခဲ့လို့ လူအများ အကြီးအကျယ်​စိတ်​ဆိုး​ဒေါသထွက်​တဲ့အပြင်​ စိတ်​မ​ကောင်းခြင်းကြီးစွာ ဖြစ်​ခဲ့ကြတာပါ။နောက်​ဆက်​တွဲသိရှိရတဲ့သတင်း​တွေအရ ပ​ထွေးဖြစ်​သူဟာ အ​သောက်​အစား၊ မူးယစ်​​သေစာကင်းရှင်းလျက်​နဲ့ စိတ်​အခန့်​မသင့်​လို့ ဖြစ်​သွားခဲ့ရ​ကြောင်း လူမှုကွန်​ရက်​မှာ ​ဖြေရှင်းထားခဲ့တာ​ကိုလဲ ​တွေ့ခဲ့ရပါတယ်​။

ဒီဖြစ်​စဉ်​ကို ဖားကန့်​အထိ လိုက်​လံ​ဖြေရှင်း​ပေးပြီး ကူညီ​ဆောင်​ရွက်​​ပေးခဲ့သူက ပရဟိတအလုပ်​​တွေကို တစိုက်​မတ်​မတ်​ လုပ်​​ဆောင်​​နေသူ ပရဟိတသမား ကိုဖိုး​ဇော်​ပါ။ သူ​တွေ့ကြုံ​ဖြေရှင်းခဲ့တဲ့ ရလာဒ်​အရ က​လေးမိခင်​၊ က​လေးနဲ့ ပ​ထွေး​တို့ရဲ့ ​နောက်​ဆုံအ​ခြေအ​နေကို သူ့ရဲ့ရှင်းပြချက်​မှာ ပ​ထွေးဖြစ်​သူကို ပတ်​ဝန်းကျင်​က​နေ တရားစွဲဆိုဖို့အထိ စီစဉ်​ထားရှိခဲ့ပြီးဖြစ်​​ကြောင်း၊ အခုအခါမှာ​တော့ ဝန်​ခံကတိထိုးခိုင်းပြီး ​စောင့်​ကြည့်​​နေကြ​ကြောင်း၊ က​လေးအ​ပေါ်​ ​နောက်​ထပ်​တစ်​ကြိမ်​ကျူးလွန်​​ပ်ါက အမှန်​တကယ်​ တရားစွဲဆိုသွားမယ့်​အ​ကြောင်း ပါဝင်​ခဲ့ပါတယ်။

ကိုးလသားက​လေးငယ်​​လေးကို လူမဆန်​စွာရိုက်​နှက်​နှိပ်​စက်​ခဲ့တဲ့ဖြစ်​ရပ်​အ​ပေါ်မှာ အခုလို ​ကျေ​အေး​ပေးခဲ့တဲ့အ​ပေါ် လူမှုကွန်​ရက်​​ပေါ်ကလူအများမှာ စိတ်​မ​ကျေပ်​မှု​တွေရှိ​နေခဲ့တာ ​တွေ့ခဲ့ရပြီး ခွင့်​မလွှတ်​သင့်​သူကို ခွင့်​လွှတ်​စရာမလို​ကြောင်း၊ ကိုဖိုး​ဇော်​ကိုယ်​တိုင်​ ဝိုင်းဝန်းပြီး အပြစ်​ရှိသူကို ထိုက်​တန်​တဲ့အပြစ်​​ပေးနိုင်​​အောင်​ လုပ်​​စေလို​ကြောင်း ​ရေးသားအကြံ​ပေးမှု​တွေရှိ​နေခဲ့ပါတယ်​။

ဖြစ်​စဉ်​​ဆောင်​ရွက်​မှုအ​ပေါ် ကိုဖိုး​ဇော်​ရဲ့​ဖြေရှင်းတင်​ပြချက်​ကို​တော့ အခုလို​တွေ့ခဲ့ရပါတယ်​။

“သတင်းကြားလို့ ကူညီ​ပေးနိုင်​ရန်​ ဖုန်းဆက်​​မေးကြည့်​တဲ့အခါ က​လေးအ​ဖေက လူရိုး လူ​အေး ဖြစ်​တယ်​အ​သောက်​အစား မူးယစ်​ကင်းတယ်​စိတ်​အခန့်မသင့်​လို့ ဖြစ်​သွားတဲ့ ပုံစံပါတဲ့( အဲ့အတွက်​လဲ က​လေးနှိပ်​စက်​သူကိုဝိုင်းထိုးဝိုင်းရိုက်​ဖို့ လဲ ဖြစ်​ခဲ့တယ်​တဲ့ )က​လေးအ​ဖေကို ပတ်​ဝန်းကျင်​မှတရားစွဲဖို့ ထိ စဉ်းစားခဲ့ပြီးမှ ယခုဝန်​ခံကတိထိုးပြီး ​စောင့်​ကြည့်​​နေတယ်​ထပ်​လုပ်​တယ်​ဆိုရင်​ တရားစွဲယ်​ခုလက်ရှိ ​က​လေးမိခင်​ဘက်​ကက​လေး​ရော မိခင်​​ရော လာ​ခေါ်သွားပြီ

တခြားရွာကို ​ရောက်​သွားပြီကိုဖိုး​ဇော်​ ကမ်းလှမ်း​သော အကူအညီကိုက​လေးမိခင်​ထံ သွား​ရောက်​​ပြောပြပြီးမိခင်​ဘက်​က သ​ဘောတူရင်​ ပြန်​လည်​ဆက်​သွယ်​ပါမယ်​လို့ အ​ကြောင်းပြန်​ပါတယ်​ကျွန်​​တော့်​ဆီ သတင်းပို့ သူများအားလုံးသိနိုင်​ရန်​ပြန်​လည်​ ​ပြောပြတာပါနောက်​ဆက်​တွဲ ထူးတာ ရှိရင်​ထပ်​မံ ​ပြောပြပါ့မယ်​ဘဝများစွာ မိသားစုများစွာငြိမ်းချမ်းသာယာ ရှိကြပါ​စေ ခင်​ဗျာ”

EFIL-ApannPyay

Source – Phoe Zaw