ပခုက္ကူမြို့နယ်​တွင်​ပ​ထွေးကမယားပါသမီးကိုအဓမ္မပြု ကျင့်​ရန်​ကြံစည်​မှူဖြစ်​ပွား

150

သြဂုတ်(၂၄) AlinnMyay(အလင်းမြေ)

မ​ကွေးတိုင်း​ဒေသကြီး ပခုက္ကူမြို့နယ်​ ကြီးရွာအုပ်​စုအ တွင်း​ကျေးရွာတစ်​ခုမှအသက်​(၁၈)နှစ်​အရွယ်​အမျိုးသမီး တစ်​ဦးကိုပ​ထွေးကအဓမ္မပြုကျင့်​ရန်​ကြံစည်​မှူဖြစ်​ပွား ခဲ့​ကြောင်းသိရသည်​။

နေအိမ်​တွင်​အုပ်​ပတ်​ကားတက်​ရန်​အတွက်​အလုပ်​လုပ်​ ကိုင်​​နေသည့်​ပ​ထွေးဖြစ်​သူကို​ဌေး(၅၃)နှစ်​ကမ…(၁၈) နှစ်​ကို​ရေချိန်​တိုင်းကိုင်​ရန်​အတွက်​ခေါ်​ဆောင်​ကာအဓမ္မ ပြုကျင့်​ရန်​ကြံစည်​မှူသြဂုတ်​လ ၁၉ရက်​ ည​နေ ၄နာရီ အချိန်​ခန့်​ကဖြစ်​ပွားခဲ့​ခြင်းဖြစ်​​ကြောင်းသိရသည်​။

ရေချိန်​တိုင်းကိုင်​ရန်​သွားသည့်​မ…(၁၈)နှစ်​ထံမှ​အော်​သံ ကြားရသဖြင့်​မိခင်​ဖြစ်​သူ​ဒေါ်….မှသွား​ရောက်​ကြည့်​ရှူ ခဲ့ရာမ…သည်​နံရံတွင်​လဲကျ​နေပြီးဝတ်​ဆင်​ထားသည့်​ ထဘီကျွတ်​​နေသည့်​အပြင်​ပထွေးဖြစ်​သူကို​ဌေး(၅၃)က ၎င်းဝတ်​ဆင်​ထားသည့်​ပုဆိုးအားလှန်​​နေသည်​ကို​တွေ့ရှိခဲ့ရ​ကြောင်းတိုင်​တန်းချက်​အရသိရသည်​။

မ….၏​ပြောကြားချက်​အရအဓမ္မပြုကျင့်​ရန်​ကြံစည်​သည်​ဟုသိရပြီးကို​ဌေးမှ​နောက်​မလုပ်​​တော့ပါဘူးဟုကတိစကား ​ပြောကြားခဲ့သဖြင့်​မိသားစုအရှက်​ရမည်​စိုး၍တိုင်​တန်းြုခင်းမပြုခဲ့​ကြောင်းသိရသည်​။

ထို့​နောက်​သြဂုတ်​လ ၂၂ရက်​ ည​နေ (၆).နာရီအချိန်​တွင်​ ကို​ဌေးကထပ်​မံ၍မဖွယ်​မရာအပြုအမူများလက်​ဟန်​​ခြေဟန်​ဖြင့်​ပြသခြင်းနှင့်​ပုဆိုးလှန်​ပြခြင်းများလုပ်​​ဆောင်​ခဲ့​ ကြောင်းမ….က​ပြောဆိုသဖြင့်​မိခင်​ဖြစ်​သူ​ဒေါ်…သည်​ ပခုက္ကူမြို့မရဲစခန်းတွင်​ကို​ဌေးအားလာ​ရောက်​တိုင်​တန်း ခဲ့​ကြောင်းသိရသည်​။

ဖြစ်​စဉ်​နှင့်​ပတ်​သက်​ပြီးပခုက္ကူမြို့မရဲစခန်းကကို​ဌေး(၅၃) နှစ်​အားပအမှတ်​(ပ)၃၅၅၁/၂၀၁၉၊ရာဇသတ်​ကြီး ပုဒ်​မ ၃၇၆/၅၁၁ဖြင့်​အမှူ​ရေးဖွင့်​ထား​​ကြောင်းသိရသည်​။

တိုးတက်​(မကွေး)

#AlinnMyay(အလင်းမြေ)

ApannPyay