က​လေးကို အိမ်​စာမပြီးလို့ အရိုက်​ကြမ်းခဲ့တဲ့ မိခင်​​ကြောင့်​ က​လေး​ငယ်​​အသက်​ဆုံး

231

တရုတ်​ပြည်​က မိခင်​တစ်​ဦးဟာ ၉ နှစ်​အရွယ်​က​လေးငယ်​ကို လက်​လွန်​ပြီးအရိုက်​ကြမ်းခဲ့တာ​ကြောင့်​ က​လေးငယ်​​သေဆုံးသွားခဲ့ပြီး သူဟာ က​လေးသတ်​မှုနဲ့ ​ထောင်​ဒဏ်​ ၁၀ နှစ်​ကျခံသွားခဲ့ရတယ်​လို့ World of Buzz သတင်းဝက်​ဘ်​ဆိုက်​ရဲ့​ဖော်​ပြချက်​အရ သိရှိခဲ့ရပါတယ်​။

အဲ့ဒီက​လေးငယ်​ဟာလဲ သူ့ရဲ့ရင်​​သွေးအရင်းအချာဖြစ်​တယ်​လို့ Word of Buzz သတင်းက ​ဖော်​ပြသွားခဲ့တာပါ။ သူ့ရဲ့သားငယ်​​လေးဟာ အပြင်​မှာ ကစားလွန်​ပြီး ဖုန်း​ပျောက်​ဆုံးသွားခဲ့တယ်​လို့ မိခင်​ကိုဝန်​ခံ​ပြောဆိုခဲ့ရာက​နေ ဒီဖြစ်​ရပ်​ဆိုးဟာ စတင်​ခဲ့တာဖြစ်​ပါတယ်​။

Word of Buzz ရဲ့ ​ဖော်​ပြချက်​အရ သားအမိနှစ်​ဦးလုံး ​ပျောက်​သွားတဲ့ဖုန်းကို ပြန်​သွားရှာ​ဖွေခဲ့ရာမှာ​တော့ ဖုန်းကိုပြန်​​မ​တွေ့လို့ မိခင်​ဟာ အလွန်​အမင်း စိတ်​ဆိုး​ဒေါသကြီးခဲ့ပြီး က​လေးကို လမ်း​ပေါ်မှာ ပါးရိုက်​နားရိုက်​ပြုမူခဲ့ပြီး သူဟာ က​လေးငယ်​ကလိမ်​လည်​ခဲ့တယ်​လို့သာ ထင်​မှတ်​​နေခဲ့တာဖြစ်​ပါတယ်​။

အိမ်​ပြန်​​ရောက်​ချိန်​မှာလဲ က​လေးဟာ လုပ်​စရာအိမ်​စာ​တွေမပြီးစီး​သေးတာကို သိရှိခဲ့တဲ့မိခင်​ဟာ ပိုမို​ဒေါသကြီးလာခဲ့ပြီး က​လေးကို သစ်​သားတုတ်​နဲ့ ၅ နာရီကြာဆက်​တိုက်​ရိုက်​နှက်​​နေခဲ့တယ်​လို့ သိရပါတယ်​။

ဒါတင်​မက​သေးဘဲ မိခင်​ဖြစ်​သူဟာ က​လေးငယ်​ရဲ့​ခြေနဲ့လက်​ကို ကြိုးတုပ်​ပြီး က​လေးရဲ့​ခြေ​ထောက်​​တွေကို အပ်​ချုပ်​အပ်​နဲ့ အကြိမ်​​ပေါင်းများစွာ မညှာတာစွာ ထိုးခဲ့တယ်​လို့သိရှိရပါတယ်​။ အဲ့ဒီ ၅ နာရီကြာ နှိပ်​စက်​ညှဉ်းပန်းမှုအတွင်း က​လေးကို​ရေအနည်းငယ်​သာတိုက်​ခဲ့ပြီး ​နောက်​​နေ့မနက်​မှာ​တော့ က​လေးငယ်​ဟာသူ့ရဲ့အိပ်​ခန်းအတွင်း ကြမ်းပြင်​​ပေါ်မှာ မလှုပ်​မရှက်​နဲ့ အသက်​ဆုံး​နေခဲ့တာကို မိခင်​ဖြစ်​သူက​တွေ့ရှိခဲ့ရပါတယ်​။

ဒီလို ရည်​ရွယ်​ချက်​ရှိရှိ နဲ့ က​လေးငယ်​ကို ရိုက်​နှက်​နှိပ်​စက်​ခဲ့တာ​ကြောင့်​ တရားရုံးကို မိခင်​ဖြစ်​သူကို ​ထောင်​ဒဏ်​ ၁၀ နှစ်​ချမှတ်​ဆုံးဖြတ်​ခဲ့တာပါ။

EFIL-ApannPyay