ရှော့ပင်းမောလ်ထဲက လက်ကိုင်ဝရန်းမှာခေါင်းညပ်မိတဲ့ သမီးငယ်လေး

142

တစ်ခါတစ်ရံမှာ ကလေးငယ်တွေရဲ့ဆော့ကစားတတ်တဲ့အကျင့်တွေဟာ ရယ်ရတတ်ပေမယ့် အချို့နည်းတွေကတော့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီလိုခေါင်းညပ်ပြီး ဘယ်လိုပြန်ထွက်ရမှန်းမသိ၊ အပေါက်ကျဉ်းကျဉ်းလေးတွေထဲကို ဝင်နိုင်ပြီး ပြန်ပြီးတော့ မထွက်နိုင်တဲ့ ကလေးငယ်အချို့ကို မြင်တွေ့ဖူးမယ်လို့ထင်ပါတယ်။

ဖခင်အနေနဲ့ဒီလိုအရာတွေကို မြင်ဖူးပေမယ့် သူ့ရဲ့သမီးလေး ဒီလိုဖြစ်လိမ့်မယ်လို့ တစ်ခါမှ မတွေးဘူးတာအမှန်ပါဆိုပြီး တွစ်တာပေါ်မှာ သူ့သမီးရဲ့ဖြစ်ရပ်ကို ဗွီဒီယိုရိုက်တင်ပြီး မျှဝေပေးခဲ့တာဖြစ်ပါတယ်။ Worldofbuzz Website မှ ပြန်လည်ဖော်ပြရေးသားခဲ့တာ ဖြစ်ပါတယ်။

ရှော့ပင်းမောလ်ထဲမှာ ဈေးဝယ်ထွက် လျှောက်ပတ်ကြည့်ရင်း ကလေးဟာ လက်ရန်းကြားကလွတ်နေတဲ့ အပေါက်လေးထဲကို ခေါင်းဝင်ပြီး ကြည့်နေခဲ့တာပါ။ ထို့နောက် ကလေးမလေးဟာ ပြန်မထွက်နိုင်တော့ဘဲ အော်ဟစ်ငိုကြွေးနေခဲ့တာပါ။ ဒီဖြစ်ရပ်ကို ဖခင်ဟာ ဗွီဒီယိုရိုက်ပြီး မျှဝေပေးခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ အပြင်တစ်နေရာရာသွားရင် ဒီလိုဆော့တတ်တဲ့ ကလေးငယ်တွေကို မျက်စိဒေါက်ထောက်ကြည့်ပြီး ဂရုစိုက်စေချင်တယ်လို့ Worldofbuzz မှာဖော်ပြခဲ့တာ ဖြစ်ပါတယ်။

တွစ်တာမှာတော့ ဖခင်ဟာ ဒီလိုပဲရေးသားခဲ့ပါတယ်။ “ကျွန်တော်က မကြာခဏဆိုသလို ဒီလိုကလေးတွေ ခေါင်းညပ်တဲ့ ဖြစ်ရပ်မျိုးတွေ မြင်ဖူးပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ကလေးက ဒီလိုဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ တကယ်ကို ရယ်ရပါတယ်” ဆိုပြီး ရေးသားခဲ့တာကို Worldofbuzz Website မှ ဖော်ပြခဲ့တာပါ။

ဖခင်အနေနဲ့ ကလေးငယ် နောက်မဆော့အောင် ဆူခဲ့ပါသေးတယ်။ ကံကောင်းစွာနဲ့ ဖခင်ရဲ့အကူအညီနဲ့ ခေါင်းကို ပြန်လည် ထုတ်နိုင်ခဲ့ပါတယ်။ ကလေးငယ်လေး အရမ်းလန့်ပြီး လွတ်လွတ်ချင်း ဖခင်ကို ပြေးဖက်ပြီး ငိုနေရှာပါတယ်။ ApannPyay ပရိတ်သတ်ကြီးရော ဒီလိုမျောက်လောင်းလေးတွေကို ပိုင်ဆိုင်ထားပြီလား။ ပိုင်ဆိုင်ထားရင်တော့ ဘယ်သွားသွား ဂရုစိုက်ပေးဖို့ သတိပေးမျှဝေလိုက်ပါတယ်နော။်

San Htet Wai-ApannPyay(အပန်းပြေ)