ရွှေဘိုတက္ကသိုလ်​က ​ကျောင်းသူတဦး​ပျောက်​ဆုံး​နေလို့ ကူညီးပေးကြပါရန် လေးစားစွာဖြင့်

253

ရွှေဘိုတက္ကသိုလ်​မှာ ​နေ့သင်​တန်း တက်​​ရောက်​ပြီး တတိယနှစ်​​၊ သတ္တ​ဗေဒဌာနမှာ ပညာသင်​ကြား​နေတဲ့ အသက်​ ၂၀ အရွယ်​ မချယ်​ရီမိုးဟာ လွန်​ခဲ့တဲ့ ၉ ရက်​ခန့်​က ​ရွှေဘိုမြို့၊ ​ကျောက်​​မြောင်းလမ်းထွက်​၊ သစ်​ခွမြိုင်​အ​ဆောင်​က​နေ ​ပျောက်​ဆုံးသွားခဲ့တယ်​လို့ Kyaw Thu Tun ​ဖေ့စ်​ဘွတ်​ခ်​အ​ကောင့်​ပိုင်​ရှင်​က ဒီ​နေ့ သြဂုတ်​လ ၂၆ ရက်​​နေ့မှာ ​ရေးသား​ဖော်​ပြထား​ကြောင်း ​တွေ့ရှိခဲ့ရပါတယ်​။

တက္ကသိုလ်​ ​ကျောင်းသူ​လေး မချယ်​ရီမိုး ​ပျောက်​ဆုံးသွား​ကြောင်းကို သူနဲ့ တစ်​​ဆောင်​တည်းအတူ​နေတဲ့ ​မေဂျာတူ သူငယ်​ချင်းတဦးက ကို Kyaw Thu Tun ကို ဖုန်းဆက်​အသိ​ပေးမှ သိရှိခဲ့ရတယ်​လို့လည်း ​ဖော်​ပြထားခဲ့ပါတယ်​။

မချယ်ရီမိုးဟာ မှတ်​ပုံတင်​နံပါတ်​ “၅/ ရဥန ( နိုင် )၁၂၅ ၅၉၀” ကို ကိုင်​​ဆောင်သူဖြစ်​​ကြောင်း၊ ရေဦးမြို့နယ် မိတ္တီလာအုပ်စု၊ ရဲမာန်ကျေးရွာမှ ဦးခင်အောင်နဲ့ ဒေါ်ခင်ဥ တို့၏ သမီး ဖြစ်​ကြောင်း ​ဖော်​ပြချက်​အရ သိရှိခဲ့ရပြီး မချယ်​ရီမိုးကိုင်​​ဆောင်​ထားတဲ့ ဖုန်းနံပါတ်​ 09-422-152-587 ကိုလဲ လုံးဝဖုန်းဆက်​သွယ်​လို့ မရ​တော့​ကြောင်းပါ သိရှိခဲ့ရပါတယ်​။

မချယ်​ရီမိုးအတွက်​ သူ့ရဲ့ မိဘ​ဆွေမျိုးများက အလွန်​အမင်း စိတ်​ပူပန်​​နေရတာဖြစ်​ပြီး မချယ်​ရီမိုးကို​ ​တွေ့ရှိသူများအ​နေနဲ့ ဖုန်းနံပါတ်​ 09-865-381-702 နဲ့ 09-447-592-054 တို့ကို အမြန်​ဆုံးဆက်​သွယ်​အ​ကြောင်းကြား​ပေးဖို့

အ​ကောင့်​ပိုင်​ရှင်​ ကို Kyaw Thu Tun က ​ရေးသား မေတ္တာရပ်ခံ​ထားတာ​တွေ့ရှိခဲ့ရပြီး တွေရှိသူများ အမြန်ဆုံးဆက်သွယ် အကြောင်းကြားပေးဖို့ AlinnMyay က​နေ တဆင့်​ ထပ်​မံ​မေတ္တာရပ်ခံလိုက်​ပါရ​စေခင်​ဗျာ။

EFIL-AlinnMyay(အလင်းမြေ)