(၃)နှစ်အရွယ်မှာ ပြန်ပေးဆွဲခံရပြီး အသက်(၃၀)မှ မိဘအရင်းနဲ့ပြန်ဆုံတွေ့ရတဲ့ဖြစ်ရပ်..

321

လက်ရှိအချိန်မှာ အသက်(၃၃)နှစ်ကိုရောက်နေပြီဖြစ်တဲ့ Jin Ting အမည်ရ အမျိုးသမီးဟာ အသက်(၃)နှစ်ကတည်းက ပြန်ပေးဆွဲခံခဲ့ရသူပါ။ အခုအခါမှာတော့ သက်ဆိုင်ရာရဲ့ ကြိုးပမ်းမှုနဲ့ သူမရဲ့ သွေးသားအရင်းမိဘတွေနဲ့ ပြန်ဆုံနိုင်ခဲ့ပါပြီ။ နှစ်(၃၀)ကြာ အောင့်အင်းခဲ့ရတဲ့ မျက်ရည်တွေဟာ-

တစ်နှစ်လုံးရွာမယ့်မိုး တစ်ရက်တည်း စုပြီးရွာချလိုက်သလိုပဲ၊ မျက်ရည်မိုးတွေ ဆွေခဲ့ရပါတယ်။ Jin ဟာ (၁၉၈၆)ခုနှစ်၊ သြဂုတ်လ (၂၈)ရက်မှာ ပြန်ပေးသမားရဲ့လက်ထဲကို ပါသွားခဲ့ပါတယ်။ တကယ်တော့ သူမရဲ့ငယ်နာမည်က Ting Ting ဖြစ်ပါတယ်။

ထိုစဉ်က အမေ့အတွက် ပန်းသီးဝယ်ဖို့ အိမ်ကနေ အနီးအနားဈေးဆိုင်ကို တစ်ဦးတည်းထွက်သွားခဲ့တာဖြစ်ပြီး၊ အဲဒီနောက် စုပ်စမြုပ်စ ပျောက်သွားခဲ့တာပါ။ Jin ဟာ Dengbu ဇာတိဖြစ်ပြီး၊ ပြီးခဲ့တဲ့ မတ်လက Baobei Huijia (Baby Back Home) အဖွဲ့နဲ့ ချိတ်ဆက်မိခဲ့ပါတယ်။

၎င်းအဖွဲရဲ့ စီမံပေးမှုကြောင့် သူမရဲ့ မွေးမိကျွေးဖအရင်းတွေနဲ့ DNA တိုက်ဆိုင်စစ်ဆေးခွင့်တွေ ရရှိခဲ့ပြီး၊ နောက်ဆုံးမှာတော့ မိသားစုတွေ ပြန်လည်ဆုံစည်းနိုင်ခဲ့ကြတာပါ။ သူတို့တစ်တွေရဲ့ ပြန်လည်တွေ့ဆုံမှုဟာ ဒေသခံမီဒီယာတွေထက်မှာ အတော်လေး ရေပန်းစားခဲ့ပါတယ်။

Baobei Huijia (Baby Back Home) အဖွဲ့ဟာ (၂၀၀၇)ကနေ အခုအချိန်ထိ၊ ပြန်ပေးဆွဲခံရတဲ့ကလေးတွေ၊ လူကုန်ကူးခံရသူတွေကို ပြန်လည်ဆုံတွေ့အောင် စီမံပေးနိုင်ခဲ့ပါတယ်။ Jin ဟာ အခုဆိုရင် ကလေး(၃)ယောက် မိခင်ဖြစ်နေပါပြီလို့ Mirror က ဖော်ပြထားပါတယ်။

သူမရဲ့မိဘတွေကတော့ BH အဖွဲ့ကို (၂၀၁၆)ကမှ DNA နမူနာပေးခဲ့တာပါ။ မိသားစုတွေ့ဆုံမှုကို သြဂုတ်လ (၁၃)ရက်မှာ ပြုလုပ်နိုင်ခဲ့ပါတယ်။ မိဘတွေကတော့ Jin Guosheng နဲ့ Chen Meilian တို့ဖြစ်ပါတယ်။ သူတို့တွေ့ဆုံမှုကြောင့် ရွာသားတွေက ပျော်ပွဲရွှင်ပွဲနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။

လင်းဇော်ကို – D Nae Khit Media

D Nae Khit Media မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။