မင်္ဂလာဆောင်ပြီး (၅)မိနစ်အကြာမှာပဲ အသေဆိုးနဲ့သေခဲ့ရတဲ့ အသစ်စက်စက်ဇနီးမောင်နှံ..

297

ငယ်ငယ်ကတည်းက အတူကြီးပြင်း အတူတူဆော့ကစားခဲ့ကြပြီး၊ ချစ်သူဘဝကို ဆယ်ကျော်သက်အရွယ်မှာ စောစီးစွာတက်လှမ်းခဲ့ကြတဲ့ မင်္ဂလာဇနီးမောင်နှံကတော့ ထင်မှတ်မထားတဲ့ အဖြစ်ဆိုးကြောင့် မင်္ဂလာဆောင်ပြီး မိနစ်ပိုင်းလေးမှာပဲ သေဆုံးခဲ့ရပါတယ်။

အဲဒီဇနီးမောင်နှံဟာ အသက်(၁၉)(၂၀)အရွယ်သာ ရှိကြပါသေးတယ်။ ဇနီးဖြစ်တဲ့ Harley Morgan ဖြစ်ပြီး သူမကတော့ အသက်(၁၉)နှစ်ပါ။ ခင်ပွန်းကတော့ Rhiannon Boudreaux ဖြစ်ပြီး အသက်(၂၀)လို့ သိရပါတယ်။ ဒီသတင်းကို ဗြိတိန်အခြေစိုက် The Sun သတင်းဌာနက ဖော်ပြခဲ့တာပါ။

နှစ်ယောက်စလုံးဟာ မင်္ဂလာကားနဲ့ မင်္ဂလာခန်းမကနေ ထွက်ခွာလာပြီး မကြာမီမှာပဲ ဆိုးရွားလှတဲ့ ယာဉ်မတော်တဆမှုကို ကြုံခဲ့ရတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ခန်းမကနေ ထွက်လို့ ငါးလမ်းသွားအမြန်လမ်မကြီးပေါ်ကို အရောက်မှာ အရှိန်မထိန်းနိုင်တဲ့ ထရပ်ကားတစ်စီးက ဝင်အောင်းတာကို ခံလိုက်ရပါတယ်။

ကားလေးဟာ လမ်းမပေါ်မှာ ဒလိမ့်ကောက်ကွေးပုံစံနဲ့ အပတ်များစွာ လည်ပြီး၊ မြောင်းထဲကို ပြုတ်ကျသွားပါတယ်။ အခင်းဖြစ်နေရာကို ဆွေမျိုးသားချင်းတွေ အမြန်ရောက်လာခဲ့ကြပေမယ့်၊ ကျေမွနေတဲ့ ကားထဲကနေ သူတို့ကို အတော်လေး ဆွဲထုတ်ခဲ့ရပါတယ်။

နှစ်ယောက်စလုံး သေဆုံးသွားခဲ့ပြီး၊ ကျန်ရစ်သူမိသားစုကတော့ အတော်လေးကို ယူကြုံးမရဖြစ်နေကြပါတယ်။ ထရပ်ကားမောင်းသူကိုတော့ စစ်ဆေးနေဆဲဖြစ်ပြီး၊ သူ့အဆိုအရတော့ မင်္ဂလာကားက လမ်းမကြီးကို ဦးစားပေးရမယ့်အစား၊ ကွေ့ကြောကနေ ဇွတ်ထွက်လာလို့ ဖြစ်တာလို့ ပြောပါတယ်။

လင်းဇော်ကို – D Nae Khit Media

D Nae Khit Media မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။