လူမှုကွန်ရက်မှာ မိန်းကလေးငယ်တွေ လှန်ပြပြီး ငွေရှာလာမှုတွေရှိလာ.. ဘာဆော့ဝဲနဲ့လဲ ဆိုတာလေး

326

အာရှနွယ်ဖွား ကလေးမလေးတွေဟာ အခုဆိုရင်လူမှုကွန်ရက်ပေါ်ကနေ ငွေအလွယ်ရှာနည်းကို တွေ့ရှိနေပြီဖြစ်လို့ မိဘတွေအတွက်တော့ ရတတ်မအေးစရာပါဘဲ။ လွန်ခဲ့တဲ့ (၅)နှစ်လောက်ကတည်းက အခုလို မဖွယ်မရာနည်းနဲ့ ငွေရှာတာတွေ စတင်ပျံ့နှံ့လာခဲ့တာပါ။

တစ်ချို့သော အမျိုးသားတွေက ကလေးမလေးတွေနဲ့ လိုင်းပေါ်မှာ မေတ္တာမျှအောင်လုပ်ပြီး၊ သူတို့ဆီကနေ မဖွယ်မရာဓာတ်ပုံတွေ၊ မဖွယ်မရာ လုပ်ပြနေတဲ့ ဗွီဒီယိုဖိုင်တွေ ရအောင်ယူပြီး၊ ညစ်ညမ်းဝက်ဘ်ဆိုဒ်တွေမှာ ပြန်လည်ရောင်းချနေတာဟာ ကလေးမတို့ သတိထားစရာပါ။

တစ်ချို့သော ကောင်မလေးတွေကတော့ တမင်ကို ငွေလိုချင်လို့ ဟိုဟာပြသည်ဟာပြနဲ့ အမျိုးသားထုဆီကို ပိုက်ဆံတွေ ရယူနေပါတယ်။ တစ်ချို့ကတော့ မပေါ့တပေါ်ဝတ်စားဆင်ပြီး Cosplay ပုံစံမျိုးနဲ့ လူမှုကွန်ရက်မှာ Live လွှင့်ပြီး၊ ဝင်ငွေတစ်မျိုးရှာကြပါတယ်။

WorldOfBuzz သတင်းမှာ ဖော်ပြချက်အရ မလေးရှားနိုင်ငံမှာ အသက်အငယ်ဆုံး (၁၀)နှစ်ကနေ (၁၄)နှစ်အတွင်းသာရှိသေးတဲ့ ကလေးမလေးတစ်ချို့ဟာ ဒီငွေဝင်လမ်းကို သိနေပြီဖြစ်လို့ အလွန်ဆိုးရွားတဲ့ အခက်အခဲနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။

IKRAMTeens, IKRAM Malaysia ရဲ့ ဥက္ကဋ္ဌဖြစ်သူ Mohd Fadhil Othman က သူတို့ရဲ့သုတေသနပြုမှုအရ အဲဒီကလေးမလေးတွေဟာ အခြားလူမှုကွန်ရက်တွေကနေ လူသိများအောင်လုပ်ပြီး Bigo Live ကနေ ဟိုဟာသည်ဟာပြပြီး ငွေရှာနေတယ်လို့ ဆိုပါတယ်။ သူတို့ဟာ တစ်ရက်ကို (၈)နာရီလောက်ထိ-

လိုင်းအသုံးပြုကြပြီး၊ ညဥ့်နက်သန်းခေါင်လောက်မှာ သူတို့ ငွေရှာမှုကို ပြုလုပ်ကြတယ်လို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို ဖြစ်လာရခြင်းဟာ လူမှုကွန်ရက်မီဒီယာတွေကို လွဲမှားစွာအသုံးပြုခြင်းရဲ့ အကျိုးဆက်တွေပါ။ ဘယ်အရာပဲဖြစ်ဖြစ် လွဲမှားစွာ အသုံးချရင် ဘေးထွက်ဆိုးကျိုးတွေ ရှိလာမှာပါ။

လင်းဇော်ကို – D Nae Khit Media

D Nae Khit Media မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။