တစ်နိုင်ငံလုံးရဲ့ချီးကျူးမှုကိုခံနေရတဲ့​ မန္တလေးစည်ပင်၊ မန္တလေးမြို့တော်ဝန်နဲ့​ နာမည်ကြီးလာတဲ့​ သန့်ရှင်းရေးစက်

151

မန္တလေးမြို့တော်ရဲ့​ သန့်ရှင်းသပ်ရပ်ရေးနဲ့​ သာယာမှုကို​ တာဝန်ယူပေးနေတဲ့​ မန္တလေးစည်ပင်ကတော့​ အခုအစိုးရလက်ထက်မှာ အလုပ်တာဝန်ကျေပွန်တယ်၊ လက်သန်းလေးတွေမှင်စွန်းရတာ​ တန်တယ်ဆိုပြီး​ ချီးကျူးခံနေရတာ​ မကြာခဏ ဆိုသလိုပါပဲ။ မန္တလေးမြို့တော်ဝန်ဖြစ်တဲ့​ ဦးရဲလွင်ကိုလည်း​ အပြောနဲ့မဟုတ်၊ အလုပ်နဲ့သက်သေပြတဲ့သူဆိုပြီး​ အခုအစိုးရလက်ထက်မှာ​ မန္တလေးမြို့ရဲ့ပြောင်းလဲတိုးတက်လာပုံကိုရည်ညွှန်း​ ဝိုင်းဝန်းချီးကျူးနေကြတာပါ။

ဒီလိုမျိုးတိုးတက်လာတဲ့ပြယုဒ်တွေထဲကတစ်ခုကတော့​ အခုနာမည်ကြီးလာတဲ့​ သန့်ရှင်းရေးစက်ပါပဲ။ ဒီသန့်ရှင်းရေးပြုလုပ်ပေးတဲ့ယာဉ်တွေကို​ မန္တလေးမြို့မှာနေထိုင်တဲ့သူတစ်ယောက်ကနေ​ လူမှုကွန်ယက်ပေါ်မှာ​ တင်ရာကနေ​ နာမည်ကြီးလာပြီး​ ဝိုင်းဝန်းချီးကျူးနေကြတာဖြစ်ပါတယ်။ ဒီစက်ကြောင့်​ စည်ပင်ဝန်ထမ်းတွေလည်း​ သန့်ရှင်းရေးလုပ်ရာမှာ​ အတိုင်းအတာတစ်ခုအထိ​ ပင်ပန်းတာသက်သာတယ်လို့​ လူမှုကွန်ယက်သုံးစွဲသူတွေကချီးကျူးနေကြတာပါ။

 

တစ်ချို့လူမှုကွန်ယက်အသုံးပြုသူတွေကတော့​ စက်ကိုသုံးစွဲပေမယ့်​ လူရဲ့လုပ်အားလည်းအတိုင်းအတာတစ်ခုအထိလိုအပ်သေးလို့​ ဆီဖိုးစက်ဖိုးတွေနဲ့​ ပြည်သူတွေရဲ့အခွန်ငွေကိုပိုသုံးသလိုဖြစ်နေတယ်ဆိုပြီးငြင်းခုန်နေကြပါတယ်။ ဒီသန့်ရှင်းရေးစက်တွေကို​ အသုံးပြုနေတာနှစ်အနည်းငယ်ရှိနေပြီးဖြစ်ပြီး​ ရန်ကုန်မြို့တော်စည်ပင်မှာလဲဒီလိုစက်မျိုးရှိတယ်လို့သိရပါတယ်။

ဘာတွေပဲပြောပြော​ ဒီလိုမျိုးပြယုဒ်တစ်ခုရှိလာတာကိုကချီးကျူးဖွယ်ကိစ္စတစ်ခုဖြစ်တာမို့ အလင်းမြေပရိသတ်ကြီးအတွက်​ ဂုဏ်ယူစွာနဲ့ဖော်ပြပေးလိုက်ပါတယ်။

 

Yenin​ Phawah-AlinnMyay​(အလင်းမြေ)

Source: Clean​ Yangon