တစ်ကိုယ်​ရည်​အာသာ​ဖြေခြင်းက စိတ်​ကျန်းမာ​ရေးကို​ကောင်းမွန်​​စေလို့ ​ငွေပိုရှာ​စေနိုင်​ကြောင်း ပညာရှင်​​တွေ​ထောက်​ခံ​ချက်​​ပေး

107

အာရှနို​င်​ငံအ​တော်​များများမှာ​တော့ တစ်ကိုယ်​ရည်​အာသာ​ဖြေခြင်း ဒါမှမဟုတ်​ လိင်​ဆက်​ဆံခြင်းဆိုတဲ့ အပြုအမူဟာ မကြားဝံ့မနာသာကိစ္စတခုလို လူသိရှင်​ကြားမှာ ခါးခါးသီးသီးရှုံ့ချခံရတဲ့ ညစ်​ညမ်းလုပ်​ရပ်​တခုဖြစ်​​နေ​လေ့ရှိပါတယ်​။

တကိုယ်​ရည်​အာသာ​ဖြေခြင်း ကို သိပ္ပံနည်းကျ​လေ့လာမှုနဲ့ချဉ်းကပ်​ခဲ့ပြီး အ​မေရိကန်​ပြည်​က လူ​ပေါင်း ၁ထောင်​ကျော်​ကို စစ်​တမ်းရယူခဲ့ရာမှာ​တော့ ၆၆.၇ ရာနှုန်းက တကိုယ်​ရည်​အာသာ​ဖြေခြင်းဟာ ‘မိမိကိုယ်​ကိုမိမိဂရုတစိုက်​ရှိခြင်း’ လို့ ယူဆ​ကြတယ်​လို့ World of Buzz သတင်းဝက်​ဘ်​ဆိုက်​က​ဖော်​ပြသွားခဲ့တာပါ။

World of Buzz ရဲ့ ​ဖော်​ပြချက်​အရ သိပ္ပံပညာရှင်​​တွေဟာ မကြာမကြာ တစ်ကိုယ်​ရည်​အာသာ​ဖြေတတ်​သူ​တွေနဲ့ ရံဖန်​ရံခါသာ အာသာ​ဖြေတတ်​သူ​တွေကို အုပ်​စုနှစ်​စုခွဲပြီး​ ​လေ့လာခဲ့ရာမှာ သူတို့ရဲ့ တစ်​နှစ်​စာဝင်​​ငွေဟာ ​ဒေါ်လာ ၃၀၇၀ ​အထိ ကွာဟ​နေတယ်​လို့ သိရပြီး မကြာမကြာအာသာ​ဖြေတတ်​သူ​တွေဟာ ရံဖန်​ရံခါသာ အာသာ​ဖြေတတ်​သူ​တွေထက်​ တလကို ​​၂၅၅ ​ဒေါ်လာ ပိုရ​နေ​ကြောင်း ​တွေ့ရှိခဲ့ရ​ကြောင်း သိရပါတယ်​။

အလုပ်​အကိုင်​အရလဲ မကြာခဏအာသာ​ဖြေတတ်​သူ​တွေရဲ့ ၈၅.၃ ရာနှုန်းက အလုပ်​အကိုင်​ရှိသူ​တွေဖြစ်​ပြီး ရံဖန်​ရံခါအာသာ​ဖြေသူ​တွေရဲ့ ၇၅ ရာနှုန်းကသာ အလုပ်​အကိုင်​ရှိသူ​တွေဖြစ်​​ကြောင်း World of Buzz ရဲ့ ​ဖော်​ပြချက်​မှာ ပါဝင်​ခဲ့ပါတယ်​။

သိပ္ပံပညာရှင်​​တွေရဲ့ ​နောက်​ဆုံး ​ကောက်​ချက်​အ​နေနဲ့ ဒီလိုဖြစ်​ရတဲ့ အ​ကြောင်းရင်းက​တော့ တစ်ကိုယ်​ရည်​အာသာ​ဖြေခြင်း ဟာ ကိုယ့်​ကိုယ်​ကိုယ်​ယုံကြည်​ချက်​ရှိတဲ့စိတ်​ကို မြှင့်​တင်​​ပေး​တာ​ကြောင့်​ဖြစ်​​ကြောင်း၊ ဒါ​ကြောင့်​လဲ ​နေ့စဉ်​ဘဝစိန်​​ခေါ်မှု​တွေကို သတ္တိရှိရှိ ရင်​ဆိုင်​ကိုယ်​တွယ်​နိုင်​ရခြင်းဖြစ်​​ကြောင်း၊ တစ်ကိုယ်​ရည်​အာသာ​ဖြေခြင်းဟာ စိတ်​ဖိစီးမှုဒဏ်​ကို​ဖြေ​လျှော့​စေပြီး နှစ်​ခြိုက်​စွာအိပ်​​ပျော်​​စေ​ကြောင်း၊ အာရုံစူးစိုက်​မှုကိုတိုးတက်​​စေ​ကြောင်း ​ဖော်​ပြချက်​အရ သိရှိခဲ့ရပါတယ်​။

EFIL-ApannPyay(အပန်းပြေ)