စကားမ​ပြောနိုင်​သူအဖြစ်​ ၁၂ နှစ်​ကြာဟန်​​ဆောင်​ခဲ့သူ အမှန်​တကယ်ဆွံ့အသွားခဲ့

169

တရုတ်​နိုင်​ငံက Zheng ဆိုသူဟာ စကားမ​ပြောဆိုနိုင်တဲ့ ဆွံ့အသူအဖြစ်​ ၁၂ နှစ်​ကြာ​အောင်​ ဇွဲ​ကောင်း​ကောင်းနဲ့ ဟန်​​ဆောင်​ခဲ့ပြီး ဒီ​နောက်​ကွယ်​မှာ​တော့ သူဟာ သူကျူးလွန်​ခဲ့တဲ့ ရာဇဝတ်​မှုတခုကို ​ရှောင်​တိမ်း​ဖုံးကွယ်​ဖို့ကြိုးစားရင်း အခုလို​ဟန်​​ဆောင်​​နေထိုင်​ဖြစ်​ခဲ့တာဖြစ်​တဲ့အ​ကြောင်း Telegraph သတင်းဝက်​ဘ်​ဆိုက်​ရဲ့ ​ဖော်​ပြချက်​အရသိရှိရပါတယ်​။

သူဟာ ၂၀၀၅ ခုနှစ်​မှာ ဇနီးဖြစ်​သူရဲ့ဦး​လေး Mr.Cai ကိုသတ်​ခဲ့တဲ့ လူသတ်​မှု နဲ့ စွဲချက်​တင်​ထားခံခဲ့ရတာဖြစ်​ပြီး သူတို့နှစ်​​ဦးဟာ ယွမ်​ ၅၀၀ ပိုက်​ဆံကိစ္စအ​ပေါ် ပြသနာတက်​ခဲ့ကြရင်း Mr.Cai ကို ဓားနဲ့ထိုးကာ ​တောင်​ကုန်း​ဒေသဘက်​ကို ထွက်​​ပြေးတိမ်း​ရှောင်​​နေခဲ့တာဖြစ်​​ကြောင်း Telegraph သတင်းရဲ့​ဖော်​ပြချက်​မှု ပါဝင်​ခဲ့ပါတယ်​။

သူဟာ အဲ့ဒီ ​တောင်​ကုန်း​ဒေသက ရွာ​လေးမှာပဲ ဘဝ​ဟောင်းကို ​မြေမြှုပ်​လို့ Wang Gui ဆိုတဲ့ နာမည်​တုနဲ့ လုံးဝစကားမ​ပြောနိုင်​တဲ့ သူဖုန်းစားအဖြစ်​ ဘဝကိုဇာတ်​မြှုပ်​​ပြီး ​နေထိုင်​ခဲ့​ကြောင်း Telegraph သတင်းမှာ​ဖော်​ပြခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ သူဟာ ဘဝသစ်​မှာ ​နေသားကျခဲ့ပြီး ​ဆောက်​လုပ်​​ရေး လုပ်​ငန်းခွင်​မှာဝင်​​ရောက်​လုပ်​ကိုင်​ခဲ့ရင်း စကား​မ​ပြောနိုင်​သူအဖြစ် ဟန်​​ဆောင်ကာဘဝ​ကို ထိန်းသိမ်းလျှို့ဝှက်​ကာ မိသားစုအသစ်​ကို ထပ်​မံတည်​​ဆောက်​နိုင်​ခဲ့ပြီး က​လေးတ​ယောက်​ရခဲ့တယ်​လို့ သိရှိရပါတယ်​။

သူဟာ ပြစ်​မှု​ထောင်​ဒဏ်​ကျခံရမှာစိုးရွံ့လို့ သူ့မိသားစုကို​တောင်​ စကားတခွန်းမှမ​ပြောဆိုဘဲ ဇွဲကြီးကြီးနဲ့​နေထိုင်​ခဲ့​တာပါ။ ဒီလို ​နေထိုင်​လာခဲ့ရင်း ၁၂ နှစ်​အကြာမှာပဲ သူ​နေထိုင်​ရာရွာကို အိမ်​​ထောင်​စုစာရင်း​ကောက်​​ဖို့ ရဲ​တွေလာ​ရောက်​စစ်​​ဆေးချိန်​မှာ သူ့နာမည်​ဟာ အိမ်​​ထောင်​စုစာရင်းထဲမှာ မပါဝင်​တာ​ကြောင့်​ သံသယအဖြစ်​ခံခဲ့ရာက​နေ ​သွေးစစ်​​ဆေးမှုအရ သူဟာ လူသတ်​တရားခံ Zheng ဖြစ်​​ကြောင်း ရဲ​တွေသိရှိသွားခဲ့ပြီး အဖမ်းခံခဲ့ရတာဖြစ်​တယ်​လို့ ​ဖော်​ပြချက်​အရသိရှိခဲ့ရပါတယ်​။

သူဟာ ​ထောင်​ကျသွားခဲ့ရုံတင်​မက ၁၂ နှစ်​ကြာ စကားတခွန်းမှမ​ပြောခဲ့တဲ့ဒဏ်​​ကြောင့်​ အသံကြိုး​တွေအလုပ်​မလုပ်​​တော့ဘဲ သူ့ရဲ့စကား​ပြောနိုင်​စွမ်းကို ဆုံးရှုံးသွားခဲ့ရပြီး အမှန်​တကယ်​ဆွံ့အသွားခဲ့တယ်​လို့ အံ့အားသင့်​ဖွယ်​ရာသိရှိခဲ့ရတာပါ။

EFIL-ApannPyay(အပန်းပြေ)