ထိုင်းဘုရင်ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မြန်မာတွေ သွားရေးကုန်ပြီ

574

ထိုင်းဘုရင်ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လိပ်ကျွန်း လူသတ်မှုစီရင်ချက်နှင့်ပတ်သတ်ပြီးတရားမျှတမှုကိုလိုလားကြောင်း မှတ်ချက်ရေးသားနေကြတဲ့ မြန်မာနိုင်ငံက Online အသုံးပြုသူများရှိနေ

၂၀၁၉၊ သြဂုတ်လ ၂၉ရက်နေ့ မနက် ၁၀နာရီမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ လိပ်ကျွန်းလူသတ်မှုရဲ့ သံသယတရားခံတွေဖြစ်တဲ့မြန်မာနိုင်ငံသား ၂ ယောက်ကို သေဒဏ်ပေးဖို့ ထိုင်းနိုင်ငံဗဟိုတရားရုံးက အတည်ပြုခဲ့တာပါ။ ဒီအမှုဟာထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်အတွင်းက ခိုတောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ပြီးခဲ့တဲ့၂၀၁၄ ခုနှစ်ကုန်ပိုင်းလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အသတ်ခံရတဲ့ ဗြိတိန်နိုင်ငံသား (၂) ဦးကို သတ်တဲ့ လူသတ်မှု သံသယတရားခံအဖြစ်နဲ့ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၂ယောက်ကို ကော်စမွီခရိုင်တရားရုံးက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့မှာ သေဒဏ် စီရင်ချက်ချမှတ်ခဲ့ပြီး ထိုင်းအယူခံတရားရုံးမှာ နှစ်ကြိမ်အယူခံတင်ခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် ဒီအမှုမှာမြန်မာနိုင်ငံသားနှစ်ယောက်ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းကို တရားခံမဖြစ်နိုင်ဘူးလို့ သုံးသပ်သူအများအပြားရှိနေသလို သူတို့၂ယောက်ကို သေဒဏ်ချမှတ်တဲ့အပေါ်မှာလည်း တရားမျှတမှုမရှိဘူးလို့ ယူဆသူတွေ အများအပြားရှိနေတာပါ။ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေကတော့ သူတို့၂ယောက်ဟာ လူသတ်မှုကိုကျူးလွန်ခဲ့ကြောင်း ဝန်ခံထားခဲ့ပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် သူတို့၂ဦးက ရဲတွေကရိုက်နှက်နှိပ်စက်ပြီး အတင်းအဓမ္မထွက်ဆိုခိုင်းခဲ့တာဖြစ်တယ်လို့ ပြောထားပါတယ်။

ဒီစီရင်ချက်နဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံက အွန်လိုင်းအသုံးပြုသူတွေဟာ ထိုင်းဘုရင်ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြစ်ဒဏ်ချမှတ်ခံရတဲ့မြန်မာနိုင်ငံသားနှစ်ယောက်အတွက် တရားမျှတမှုအလိုရှိကြောင်းကို

“As a Myanmar citizen , We simply would like to get Justice for these two boys . .Please, show some mercy on them. . We hope that the truth reveals one day. . And . We are waiting and watch everything you ‘ve done to our boys ….

မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ သူတို့၂ယောက်အတွက် တရားမျှတမှုကိုသာ ရိုးရှင်းစွာ ကျွန်တော်တို့ လိုချင်ပါတယ်။ ကျေးဇူးပြုပြီး သူတို့အပေါ် သနားကရုဏာထားပေးကြပါ။ တစ်ချိန်ချိန်မှာတော့ အမှန်တရားပေါ်လာလိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ သင်တို့ သူတို့၂ယောက်အပေါ်ဘာတွေ လုပ်ခဲ့လဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ။” ဆိုတဲ့စာသားတွေနဲ့ ဖော်ပြရေးသားကာ မှတ်ချက်ပေးနေကြပါတယ်။

စီရင်ချက်ချခံရတဲ့မြန်မာနိုင်ငံသား၂ယောက်ဟာ ရခိုင်တိုင်းရင်းသားတွေဖြစ်ပြီး ထိုင်းနိုင်ငံကို ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့လာရောက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အမြင့်ဆုံးတရားရုံးကနေအယူခံကို ပယ်ချပြီးဖြစ်တဲ့အတွက် အယူခံလည်းထပ်မံဝင်လို့မရတော့ပဲ ပြစ်ဒဏ်ကျခံရတော့မှာဖြစ်ပါတယ်။

Yenin Phawah- #AlinnMyay(အလင်းမြေ)

#လိပ်ကျွန်း #ထိုင်းဘုရင် #မြန်မာနိုင်ငံသား #ဝင်းဇော်ထွန် #ဇော်လင်း

ApannPyay