သွေးရောင်လွှမ်းတဲ့ရေတွေကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်မှုဖြစ်ခဲ့ရ

260

ပတ်ပွာ နယူး ဂူနီရာ ဒေသမှာရှိတဲ့ ပင်လယ်ရေမျက်နှာပြင်ဟာ သဘာဝအတိုင်း ရေအရောင်ကနေ သွေးနီရောင်တွေအဖြစ်ကို ပြောင်းသွားတဲ့အတွက် ဒေသခံတိုင်းရင်းသားတွေဟာ အတော်လေးကို စိုးရိမ်နေကြပြီး၊ ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။

ပင်လယ်ရေတွေဟာ အနီရောင်တွေဖြစ်လာတဲ့အပြင် နဂိုကတစ်ခါမှ မရှိခဲ့ဘူးတဲ့အပေါ် သွေးတွေလို့ ယူဆခဲ့ပါတယ်။ Asia one သတင်းဌာနရဲ့ အဆိုအရ လက်ရှိဖြစ်ပွားနေတဲ့ ရေပိုင်နက်ဟာ တရုတ်နဲ့ ဂူနီရာ ထိစပ်နေတဲ့ ရေမျက်နှာပြင်ကနေ လာတာဖြစ်ပြီး၊ မျက်နှာပြင်တစ်ခုလုံးကို သွေးအရောင်တွေ လွှမ်းသလိုမျိုးအပြည့်ဖြစ်သွားတာပါ။

သက်ဆိုင်ရာ ဒေသခံအရာရှိတွေက စစ်ဆေးမှု ပြုလုပ်လိုက်ချိန်မှာတော့ ဒေသတွင်း တရုတ်ပိုင် နီကယ်တူးဖော်ရေး လုပ်ငန်းစဉ်တွေမှာ အသုံးပြုတဲ့ အဆိပ်အတောက်တွေဟာ ပင်လယ်ရေထဲကို စီးဝင်တဲ့အခါမှာ အနီရောင်အနေနဲ့ ပြောင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဒေသခံတွေက တရုတ်တွေ နီကယ်တူးဖော်ရေးလုပ်ငန်းစဉ်ရှိနေတာကိုတောင် မသိဘူးလို့ ဆိုပါတယ်။

အစိုးရက ချက်ချင်းဆိုသလို ရေကို စစ်ဆေးခဲ့ရပြီး၊ နောက်တော့ အဆိုပါ ပင်လယ်ရေပြင်နဲ့ ထိစပ်နေတဲ့ ရွာတွေကို ရေတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ကြိုတင်ကာကွယ်မှုတွေ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။ တူးဖော်ရေးက တာဝန်ရှိသေူတွနဲ့ ဆက်သွယ်ခဲ့ချိန်မှာတော့ လုပ်ငန်းစဉ်မှာဆောင်ရွက်နေတဲ့ အော်ပရေးရှင်းတစ်ခု မှားယွင်းမှုကြောင့် ပင်လယ်ထဲကို

ဖောက်ချခဲ့ရတာဖြစ်ပြီး၊ အခုလိုတွေ ဖြစ်ကုန်တာအမှန်လို့ ပြန်ဖြေခဲ့ပါတယ်။ သက်ဆိုင်ရာက အရေးယူဖို့ စုံစမ်းမှုတွေ စတင်နေပြီ ဖြစ်ပြီး ဒီဖြစ်စဉ်ဟာ တာဝန်ရှိသူတွေကို အနည်းဆုံး ထောင် (၂)နှစ်ကစပြီး ချမှတ်လို့ရလို့ ကုမ္ပဏီက တာဝန်ခံတွေဟာ ထောင်ကျခံရဖို့ များနေပါပြီ။ လက်ရှိမှာ သွေးရောင်လွှမ်းနေတဲ့ ရေပြင်ကို ပြန်ပြီးကောင်းအောင် လုပ်လို့မရသေးဘဲ

တူးဖော်ရေးဖက်က လုပ်ငန်းစဉ်တွေရပ်သွားမှ သဘာဝအတိုင်း ပြန်သန့်စင်သွားမယ်လို့ သိရပါတယ်။ ရေပြင်ကို သန့်ရှင်းဖို့ ကုန်ကျစရိတ်ကလည်း များလွန်းတယ်လို့ ဆိုပါတယ်။

သူရေး (D Nae Khit Media)

D Nae Khit Media မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်း ဖြစ်သည်။