၂၀၁၉ သြဂုတ်လ (၃၁) ရက်နေ့ ညတွင် လှုပ်ခတ်သွားသေား ငလျင်ဒဏ်

301

၂၀၁၉ သြဂုတ်လ (၃၁) ရက်နေ့ ည (၉)နာရိ (၄၀) မိနစ်အချိန်တွင် လှုပ်ခတ်သွားသေား ငလျင်ဒဏ်ကြောင့် ကွဲအက်မှုဖြစ်ပေါ်သွားခဲ့တဲ့ စေတီတော် တစ်ဆူ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရဲ့အနောက်မြောက် ၁၄ မိုင်ခန့်အကွာမှာ ရစ်(ခ်ျ)တာစကေး (၆.၀) အဆင့်ရှိတဲ့မြေငလျင်ဟာ မြန်မာစံတော်ချိန် ၂၁နာရီ ၃၉မိနစ် ၂၂ စက္ကန့်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး အင်အားအတန်အသင့်ရှိတဲ့ ငလျင်တစ်ခုဖြစ်ကာ အဆောက်အဦးအချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရွေဘိုခရိုင် ရေဦးမြို့ ထန်းတပင်ကျောင်းတိုက် မှာရှိတဲ့ စေတီတော်နဲ့ အဆောက်အဦးများ ငလျင်ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့တယ်လို့ လူမှုကွန်ယက်အသုံးပြုသူတစ်ယောက်ဖြစ်တဲ့ ရာဇဓမ္မထင်းတပင်ရေဦး အကောင့်ပိုင်ရှင်က ဓာတ်ပုံနဲ့တစ်ကွ facebook ပေါ်မှာ မျှဝေထားပါတယ်။

ငလျင်မလှုပ်ခင် ၁နာရီအလိုကလည်း ကမ္ဘာတစ်ဝှမ်းမှာ အင်အား Mag.7 အဆင့်ရှိတဲ့ငလျင်တွေလှုပ်ခတ်နိုင်ကြောင်းကို မြေငလျင်၊ မုန်တိုင်း၊ မီးတောင်နှင့် သဘာဝဘေးအန္တရာယ်သတင်းများကနေ ကြိုတင်သတိပေးကြေညာထားခဲ့ပါတယ်။

Yenin Phawah-AlinnMyay(အလင်းမြေ) ဓာတ်ပုံ – #ရာဇဓမ္မထင်းတပင်ရေဦး

#မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်၊ မုန်တိုင်း၊ မီးတောင်နှင့် သဘာဝဘေးအန္တရာ ယ်သတင်းများ