ကြက်​သား အစားများတဲ့သူ​တွေမှာ လိင်​တူ တပ်​မိက်​စိတ်​ ဖြစ်​​ပေါ်လာနိုင်​ကြောင်း လေ့လာတွေ့ရှိ

272

ထူးထူးခြားခြား ​လေ့လာမှုရလာဒ်​​တွေထွက်​​ပေါ်လာတဲ့အခါ လူ​တွေရဲ့ခံစားမှု​တွေကိုအ​တော်​​လေးရိုက်​ခတ်​​စေတာအမှန်​ပါ။ လူမှုကွန်​ရက်​​ပေါ်မှာ ဂယက်​ထသွားခဲ့တဲ့ သတင်းတခုကလည်း ကြက်​သားကိုမှအရူးအမူးကြိုက်​နှစ်​သက်​ပြီး ခုံခုံမင်​မင်​စားသုံးကြသူ​တွေအတွက်​ မျက်​လုံးပြူးစရာတခုဖြစ်​​လာ​စေခဲ့ပါတယ်​။

အဲ့ဒါက​တော့ ပညာရှင်​တဦးဖြစ်​တဲ့ Rita Strakosha က သူ​လေ့လာပြုစုထားတဲ့ စစ်​တမ်းတရပ်​ကို PinkNews ဝက်​ဘ်​ဆိုက်​ကို ​ပေးပို့ခဲ့တာဖြစ်​ပြီး အဲ့ဒီ စစ်​တမ်း​လေ့လာချက်​အရ ကြက်​သားနဲ့ အ​ဆီအဆိမ့်​​တွေကို အစားကျူးတတ်​သူ​တွေဟာ လိင်​တူချစ်​ခင်​တပ်​မက်​စိတ်​ဖြစ်​​ပေါ်လာနိုင်​​ကြောင်း Pink News ဝက်​ဘ်​ဆိုက်​မှာ ​ဖော်​ပြသွားခဲ့ပါတယ်​။

ကြက်​သားကြိုက်​သူ​တွေအတွက်​ ပါးစပ်​အ​ဟောင်းသားဖြစ်​​စရာ ​လေ့လာမှုတခုဖြစ်​တယ်​လို့ ​ဝေဖန်​သုံးသပ်​မှု​တွေ ကျယ်​ကျယ်​​ပြန့်​ပြန့်​ ထွက်​​ပေါ်လာခဲ့ပြီး အချိုဓာတ်​နဲ့ ကာဘိုဟိုက်​ဒရိတ်​ဓာတ်​​တွေကို အလွန်​အကျူးစား​သောက်​​လေ့ရှိသူ​တွေဟာ လိင်​တူတပ်​မက်​သူ​တွေအဖြစ်​ လိင်​စိတ်​​ပြောင်းလဲနို်င်​သွားတယ်​လို့ Pink News ဝက်​ဘ်​ဆိုက်​မှာ အတည်​ပြုထားခဲ့တာပါ။

ဒါ့အပြင်​ ကာဘွန်​ဒိုင်​​အောက်​ဆိုက်​ပါဝင်​တဲ့ အမြှုပ်​ထအချိုရည်​၊ အယ်​လ်​ကို​ဟော၊ အချိုဓာတ်​နဲ့ အဆီအဆိမ့်​၊ ​ကြော်​စာနဲ့ အစပ်​လွန်​အစားအစာ​တွေကို များများစားသုံးသူ​တွေဟာလည်း အဝလွန်​လာနိုင်​ပြီး လိင်​တူကြိုက်​​စိတ်​​ဖြစ်​​ပေါ်လာ​နိုင်​​ချေရှိ​ကြောင်း သူ့ရဲ့ စစ်​တမ်းမှာပါဝင်​ခဲ့တာကို ​တွေ့ရပါတယ်​။

ကျန်းမာညီညွတ်​ပြီး အာဟာရဓာတ်​မျှတစွာပါဝင်​တဲ့ ​နေ့စဉ်​စား​သောက်​မှုကိုပြုလုပ်​​ပေးခြင်း၊ အိပ်​​ရေးဝဝအိပ်​ဖို့၊ သကြားဓာတ်​ကို လုံးဝ​ရှောင်​ခြင်း​ဟာ ဒီလိုလိင်​တူစိတ်​ဖြစ်​ပေါ်လာခြင်းကို ကာကွယ်​​ပေးနိုင်​မှာဖြစ်​​ကြောင်း သူက ​ဖော်​ပြသွားခဲ့ပါတယ်​။

EFIL-ApannPyay