မင်းလှတွင်​ သံ​ဘောင်​တင်​သည့်​ RGC သံလမ်း​ပြေးယာဉ်​ ရထားတွဲလမ်း​ချော်​ကျမှုဖြစ်ပွား

202

မ​ကွေးတိုင်း​ဒေသကြီး အထက်​မင်းလှမြို့ မလွန်​-မင်းလှ ရထားလမ်း မိုင်​တိုင်​(၃၂၇/၂၀)နှင့်​(၃၂၇/၂၁)ကြားတွင်​ သံ​ဘောင်​တင်​သည့်​ရထားတွဲတစ်​စင်းလမ်း​ချော်​ကျမှူ စက်​တင်​ဘာလ ၂ရက်​ နံနက်​ ၁၁နာရီအချိန်​ခန့်​က ဖြစ်​ပွားခဲ့သည်​။

မင်းလှဘူတာနှင့်​မလွန်​ဘူတာကြားရထားလမ်းတွင်​ ​ရေတိုက်​စားရာက​ချောက်​ဖြစ်​​နေ​သော​နေရာကိုသံ​ဘောင်​ တံတားတပ်​ဆင်​ရန်​အတွက်​ RGC သံလမ်း​ပြေးယာဉ်​​ ရထားတွဲကိုမလွန်​ဘူတာဘက်​မှမင်းလှဘူတာဘက်​သို့ သရက်​ဘူတာ​နေထိုင်​သူသက်​နိုင်​(၃၅)နှစ်​က​မောင်းနှင်​လာ ခဲ့ခြင်းဖြစ်​သည်​။

 

ရထားတွဲ​ပေါ်တွင်​ ဟင်္သာတမြို့ မီးရထားဝန်း​နေထိုင်​သူ အင်​ဂျင်​နီယာမှူး ဦးတင်​ထွဋ်​(၅၇)နှစ်​အပါအဝင်​မီးရထား ဝန်​ထမ်း(၄)ဦးလိုက်​ပါလာပြီး​​မလွန်​-မင်းလှ ရထားလမ်း မိုင်​တိုင်​(၃၂၇/၂၀)နှင့်​(၃၂၇/၂၁)ကြားတွင်​ သံ​ဘောင်​တင်​သည့်​ရထားတွဲလမ်း​ချော်​ကျခဲ့ခြင်း​ကြောင့်​သံ​​ဘောင်​တံတား​မှာအောက်​သို့ပြုတ်​ကျခဲ့​ကြောင်း မင်းလှမြို့မရဲစခန်းကသိရသည်​။

ဖြစ်​စဉ်​​ကြောင့်​လူ၊တိရစ္ဆာန်​ ထိခိုက်​ဒဏ်​ရာရရှိမှူမရှိ​ ကြောင်းနှင့်​ဦးတင်​ထွဋ်​ကဦးစီး၍မီးရထားဝန်​ထမ်း (၁၄)ဦးတို့မှရထားတွဲယာဉ်​ကိုသံလမ်း​ပေါ်ပြန်​လည်​ ​ရောက်​ရှိ​ရေး​ဆောင်​ရွက်​လျှက်​ရှိ​နေ​ကြောင်း မင်းလှမြို့မရဲစခန်းကသိရသည်​။

တိုးတက်(မကွေး) #AlinnMyay(အလင်းမြေ) #RGC #အထက်မင်းလှ #ရထားလမ်း