ခ်စ္သူကုိ ေတြ႕ရဖုိ႔ မုိင္ေပါင္း(၁၀၀၀၀)နီးပါး ခရီးႏွင္ခဲ့တဲ့ အမ်ိဳးသားရဲ႕အျဖစ္

66

အခ်စ္ဟာ ရူးသြပ္ျခင္းကို ျဖစ္ေပၚေစတဲ့ အဆိပ္အေတာက္ေဆးတစ္ခုလား။ ခ်စ္ရသူတစ္ေယာက္ကို ေတြ႔ရဖို႔ မိုင္ေပါင္း (၁၀၀၀၀)နီးပါး ေ၀းကြာတဲ့အရပ္ကေန မရရအောင္လာျပီး၊ တကယ္ခ်စ္ရင္ခ်စ္ဖို႔ပဲလိုတယ္ဆိုတာကို သက္ေသျပခဲ့တဲ့ ေကာင္ေလးရဲ႕ မွတ္တမ္းေလးက ၾကားရသူအေပါင္းကို အံ့အားသင့္ေစခဲ့ပါတယ္။

တစ္ေယာက္က အေမရိကန္ႏိုင္ငံမွာ ပညာသင္ေနတဲ့ ေက်ာင္းသားေလး၊ တစ္ေယာက္က ၾသစေၾတးလ်ႏုိင္ငံမွာပညာသင္ေနတဲ့ ေက်ာင္းသူေလး၊ ႏွစ္ေယာက္လံုးက အြန္လိုင္းကေနပဲခ်စ္ခဲ့ၾကျပီး၊ တကယ့္ကို LDRS အျဖစ္နဲ႔ တြဲေနခဲ့ၾကတာပါ။ အေမရိကန္က ေကာင္ေလးက သူ႕ေကာင္မေလးအားလပ္ရက္ရခိ်န္ တစ္ပတ္ကာလမွာရေအာင္ေတြ႔ဖို႔အတြက္ အတူတူဆံုဖို႔ကို စၾကိဳက္ကတည္းက အစီအစဥ္ခ်ထားခဲ့တာပါ။

ႏွစ္ေယာက္လံုးက မိဘေတြက ခ်မ္းသာတဲ့သူေတြမဟုတ္ၾကပါဘူး။ ဒီေတာ့ ေကာင္ေလးကလည္း အေမရိကန္မွာ ဧည္႔ၾကိဳအေနနဲ႔ ေႏြေက်ာင္းတပိတ္လံုးမွာ တစ္ပတ္ကို နာရီ(၄၀)အလုပ္လုပ္ခဲ့ပါတယ္။ ေကာင္မေလးကလည္း ေက်ာင္းသူျဖစ္တဲ့အတြက္ အားလပ္ရက္မွာအိမ္ျပန္ရင္ ပိုက္ဆံကုန္မွာစိုးတဲ့အတြက္ အဲဒီအခ်ိန္မွာ မျပန္ေတာ့ဘဲ ျပန္မယ့္ပိုက္ဆံကို ေကာင္ေလးအလာကိုေစာင့္ေနခဲ့ပါတယ္။

ပိုက္ဆံေတြစုျပီး အလုပ္လုပ္ခဲ့ခ်ိန္မွာ ေကာင္ေလးကအိမ္ကိုေတာင္ေထာက္ပံ့ေပးခဲ့ေသးတဲ့အျပင္ အေမရိကန္ကေန မေလးရွားကို ကီလိုမီတာ (၁၄၅၀၀) ေက်ာ္ မိုင္းေပါင္း (၁)ေသာင္းနီးပါးကို ေလယာဥ္ပ်ံၾကီး စီးျပီးလာခဲ့ပါတယ္။ လမ္းမွာသူလာခဲ့ရတဲ့ရက္ေတြကို အမွတ္တရေတြဖန္တီးျပီး၊ သူ႕ရဲ႕ရည္ရြယ္ခ်က္က ေကာင္မေလးကိုေတြ႔ဖို႔ပဲလို႔ သိရပါတယ္။

ဒီလိုၾကည္ႏူးစရာေလးကို ဖန္တီးခဲ့တဲ့ ေကာင္ေလးရဲ႕နာမည္က Aqil လို႔ ေခၚျပီး၊ ေကာင္မေလးနာမည္က Sofea လို႔သိရပါတယ္။ @aqilharithamran ဆိုတဲ့ တြစ္တာအေကာင့္မွာ တင္ခဲ့တာပါ။ မတူညီတာတစ္ခုက ေကာင္ေလးရဲ႕ တစ္နာရီအလုပ္လုပ္ေငြက အေမရိကန္ေဒၚလာ (၁၁)ေက်ာ္ရတယ္ဆိုပါတယ္။ ဒီအမွတ္တရေလးကို ဖန္တီးျပီး အြန္လုိင္းေပၚတင္ခဲ့ခ်ိန္မွာေတာ့ အားလံုးက ႏွစ္ေယာက္လံုးကို ခ်ီးက်ဴးခဲ့ၾကပါတယ္။

လက္ရွိမွာလည္း သူတို႔ႏွစ္ေယာက္ရဲ႕ အမွတ္တရကို လူတိုင္းက ေျပာေနတုန္းျဖစ္ျပီး၊ LDRS ေတြထဲမွာေတာ့ ဒီလိုမ်ိဳးက တကယ့္ကို ရွားရွားပါပါး ခ်စ္ျခင္းေတြပဲလို႔ မွတ္ယူလို႔ရပါတယ္။

သူေရး (APANNPYAY)

Unicode

ချစ်သူကို တွေ့ရဖို့ မိုင်ပေါင်း(၁၀၀၀၀)နီးပါး ခရီးနှင်ခဲ့တဲ့ အမျိုးသားရဲ့အဖြစ်

အချစ်ဟာ ရူးသွပ်ခြင်းကို ဖြစ်ပေါ်စေတဲ့ အဆိပ်အတောက်ဆေးတစ်ခုလား။ ချစ်ရသူတစ်ယောက်ကို တွေ့ရဖို့ မိုင်ပေါင်း (၁၀၀၀၀)နီးပါး ဝေးကွာတဲ့အရပ်ကနေ မရရအောင်လာပြီး၊ တကယ်ချစ်ရင်ချစ်ဖို့ပဲလိုတယ်ဆိုတာကို သက်သေပြခဲ့တဲ့ ကောင်လေးရဲ့ မှတ်တမ်းလေးက ကြားရသူအပေါင်းကို အံ့အားသင့်စေခဲ့ပါတယ်။

တစ်ယောက်က အမေရိကန်နိုင်ငံမှာ ပညာသင်နေတဲ့ ကျောင်းသားလေး၊ တစ်ယောက်က သြစတြေးလျနိုင်ငံမှာပညာသင်နေတဲ့ ကျောင်းသူလေး၊ နှစ်ယောက်လုံးက အွန်လိုင်းကနေပဲချစ်ခဲ့ကြပြီး၊ တကယ့်ကို LDRS အဖြစ်နဲ့ တွဲနေခဲ့ကြတာပါ။ အမေရိကန်က ကောင်လေးက သူ့ကောင်မလေးအားလပ်ရက်ရချိန် တစ်ပတ်ကာလမှာရအောင်တွေ့ဖို့အတွက် အတူတူဆုံဖို့ကို စကြိုက်ကတည်းက အစီအစဉ်ချထားခဲ့တာပါ။

နှစ်ယောက်လုံးက မိဘတွေက ချမ်းသာတဲ့သူတွေမဟုတ်ကြပါဘူး။ ဒီတော့ ကောင်လေးကလည်း အမေရိကန်မှာ ဧည့်ကြိုအနေနဲ့ နွေကျောင်းတပိတ်လုံးမှာ တစ်ပတ်ကို နာရီ(၄၀)အလုပ်လုပ်ခဲ့ပါတယ်။ ကောင်မလေးကလည်း ကျောင်းသူဖြစ်တဲ့အတွက် အားလပ်ရက်မှာအိမ်ပြန်ရင် ပိုက်ဆံကုန်မှာစိုးတဲ့အတွက် အဲဒီအချိန်မှာ မပြန်တော့ဘဲ ပြန်မယ့်ပိုက်ဆံကို ကောင်လေးအလာကိုစောင့်နေခဲ့ပါတယ်။

ပိုက်ဆံတွေစုပြီး အလုပ်လုပ်ခဲ့ချိန်မှာ ကောင်လေးကအိမ်ကိုတောင်ထောက်ပံ့ပေးခဲ့သေးတဲ့အပြင် အမေရိကန်ကနေ မလေးရှားကို ကီလိုမီတာ (၁၄၅၀၀) ကျော် မိုင်းပေါင်း (၁)သောင်းနီးပါးကို လေယာဉ်ပျံကြီး စီးပြီးလာခဲ့ပါတယ်။ လမ်းမှာသူလာခဲ့ရတဲ့ရက်တွေကို အမှတ်တရတွေဖန်တီးပြီး၊ သူ့ရဲ့ရည်ရွယ်ချက်က ကောင်မလေးကိုတွေ့ဖို့ပဲလို့ သိရပါတယ်။

ဒီလိုကြည်နူးစရာလေးကို ဖန်တီးခဲ့တဲ့ ကောင်လေးရဲ့နာမည်က Aqil လို့ ခေါ်ပြီး၊ ကောင်မလေးနာမည်က Sofea လို့သိရပါတယ်။ @aqilharithamran ဆိုတဲ့ တွစ်တာအကောင့်မှာ တင်ခဲ့တာပါ။ မတူညီတာတစ်ခုက ကောင်လေးရဲ့ တစ်နာရီအလုပ်လုပ်ငွေက အမေရိကန်ဒေါ်လာ (၁၁)ကျော်ရတယ်ဆိုပါတယ်။ ဒီအမှတ်တရလေးကို ဖန်တီးပြီး အွန်လိုင်းပေါ်တင်ခဲ့ချိန်မှာတော့ အားလုံးက နှစ်ယောက်လုံးကို ချီးကျူးခဲ့ကြပါတယ်။

လက်ရှိမှာလည်း သူတို့နှစ်ယောက်ရဲ့ အမှတ်တရကို လူတိုင်းက ပြောနေတုန်းဖြစ်ပြီး၊ LDRS တွေထဲမှာတော့ ဒီလိုမျိုးက တကယ့်ကို ရှားရှားပါပါး ချစ်ခြင်းတွေပဲလို့ မှတ်ယူလို့ရပါတယ်။

သူရေး (APANNPYAY)