မိခင္ေပ်ာက္သြားလုိ႔ ေမြးခ်င္း(၃)ေယာက္ကို ေစာင့္ေရွာက္ေနရတဲ့ (၁၁)ႏွစ္ေကာင္ေလး

102

ဆင္းရဲမြဲေတမႈဒဏ္ေတြ ရိုက္ခတ္ေနဆဲျဖစ္တဲ့ ကိုလံဘီယာႏိုင္ငံမွာ အရြယ္မေရာက္ေသးတဲ့ (၁၁)ႏွစ္သားအရြယ္ေကာင္ေလးဟာ သူ႕ရဲ႕မိခင္က ေပ်ာက္သြားတဲ့အတြက္ က်န္ခဲ့တဲ့ ညီေလး၊ ညီမေလး (၃)ေယာက္ကို တစ္ေယာက္တည္း ခက္ခက္ခဲခဲေစာင့္ေရွာက္ေနရတဲ့အေၾကာင္းကို Rachfeed သတင္းစာမ်က္ႏွာက တင္ဆက္ခဲ့ပါတယ္။

အေၾကာင္းျပခ်က္တစ္စံုတစ္ရာမရွိဘဲ ေပ်ာက္သြားတဲ့မိခင္ဟာ ကေလးေတြကို ထားသြား၊ ဒါမွမဟုတ္ စြန္႔ပစ္သြားတာလို႔ ယူဆရပါတယ္။ လူေပ်ာက္၊ လူေသတာမ်ိဳးလည္း မဟုတ္ဘဲ သားသမီး (၄)ေယာက္ကိုထားခဲ့တဲ့အခ်ိန္မွာ အၾကီးဆံုး (၁၁)ႏွစ္သားေကာင္ေလးက မိခင္၊ ဖခင္ျဖစ္လာပါေတာ့တယ္။ ကေလးေတြကို အ၀တ္အစား၊ ေက်ာင္းပို႔ ေက်ာင္းၾကိဳ တစ္ခုမွလစ္ဟင္းတာမ်ိဳးမရွိခဲ့ပါဘူး။

ဒါေပမဲ့ အရြယ္မေရာက္ေသးတဲ့ ကေလးျဖစ္တဲ့အျပင္ အလုပ္လုပ္ဖို႔လည္း ကေလးေတြကို အခြင့္အေရးမေပးတာေၾကာင့္ ထမင္း၀ယ္စားဖို႔ ပိုက္ဆံမရွိခဲ့ပါဘူး။ ပတ္၀န္းက်င္က စြန္႔ပစ္တဲ့ အမိႈက္ပံုကေန အစားအသောက္ေတြကို ကေလးေတြကို ကိုယ္တိုင္ရွာေဖြ ေကၽြးေမြးခဲ့ျပီး၊ အကိုၾကီးအဖအရာကို တာ၀န္ေက်ခဲ့ပါတယ္။ ေန႔စဥ္ရက္ဆက္လာခ်ိန္မွာေတာ့ ဒီနည္းလမ္းဟာ ဘယ္လိုမွ အဆင္မေျပေတာ့ပါဘူး။

ကေလးငယ္ေလးေတြက ဗိုက္ဆာလို႔ေအာ္လာၾကခ်ိန္မွာ အိမ္နီးနားခ်င္းမိမ္က သတိထားမိလာျပီး၊ ေက်ာင္းလည္း လာမတက္၊ သြားတာလာတာမေတြ႔တဲ့အတြက္ အိမ္ထဲထိ ၀င္စံုစမ္းခဲ့ပါေတာ့တယ္။ ရဲေတြကို ဖုန္းဆက္ခဲ့သလို သက္ဆိုင္ရာ ကူညီေရးအဖြဲ႔ေတြကို ဖုန္းဆက္ခဲ့ျပီး၊ ဆိုင္ရာ ဆိုင္ရာေတြက အသီးသီး ျမန္ျမန္ဆန္ဆန္ပဲ ကူညီေပးဖို႔ ေရာက္လာခဲ့ပါတယ္။

ေနာက္ေတာ့ ကယ္ဆယ္ေရး ေအဂ်င္စီတစ္ခုက ေစာင့္ေရွာက္ဖို႔ တာ၀န္ယူခဲ့ျပီး၊ ရဲေတြက အေမျဖစ္သူကို အျမန္ဆံုး ရွာေဖြဖို႔ အပိုင္းကို တာ၀န္ယူခဲ့ပါတယ္။ လက္ရွိအခ်ိန္ထိရွာမေတြ႔ေသးေပမဲ့ ကေလးေတြဟာ ေစာင့္ေရွာက္မႈေအာက္ကို ေရာက္ေနပါျပီ။ သူတို႔ကိုယ္တိုင္ မသိေသးတဲ့အခ်က္က အေမဟာ ေပ်ာက္သြားတာလား၊ ထားခဲ့တာလားဆိုတာနဲ႔ ပတ္၀န္က်င္းကလည္း မသိဘူးလို႔ ေျပာၾကပါတယ္။

သူေရး (APANNPYAY)

Unicode

မိခင်ပျောက်သွားလို့ မွေးချင်း(၃)ယောက်ကို စောင့်ရှောက်နေရတဲ့ (၁၁)နှစ်ကောင်လေး

ဆင်းရဲမွဲတေမှုဒဏ်တွေ ရိုက်ခတ်နေဆဲဖြစ်တဲ့ ကိုလံဘီယာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ (၁၁)နှစ်သားအရွယ်ကောင်လေးဟာ သူ့ရဲ့မိခင်က ပျောက်သွားတဲ့အတွက် ကျန်ခဲ့တဲ့ ညီလေး၊ ညီမလေး (၃)ယောက်ကို တစ်ယောက်တည်း ခက်ခက်ခဲခဲစောင့်ရှောက်နေရတဲ့အကြောင်းကို Rachfeed သတင်းစာမျက်နှာက တင်ဆက်ခဲ့ပါတယ်။

အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ပျောက်သွားတဲ့မိခင်ဟာ ကလေးတွေကို ထားသွား၊ ဒါမှမဟုတ် စွန့်ပစ်သွားတာလို့ ယူဆရပါတယ်။ လူပျောက်၊ လူသေတာမျိုးလည်း မဟုတ်ဘဲ သားသမီး (၄)ယောက်ကိုထားခဲ့တဲ့အချိန်မှာ အကြီးဆုံး (၁၁)နှစ်သားကောင်လေးက မိခင်၊ ဖခင်ဖြစ်လာပါတော့တယ်။ ကလေးတွေကို အဝတ်အစား၊ ကျောင်းပို့ ကျောင်းကြို တစ်ခုမှလစ်ဟင်းတာမျိုးမရှိခဲ့ပါဘူး။

ဒါပေမဲ့ အရွယ်မရောက်သေးတဲ့ ကလေးဖြစ်တဲ့အပြင် အလုပ်လုပ်ဖို့လည်း ကလေးတွေကို အခွင့်အရေးမပေးတာကြောင့် ထမင်းဝယ်စားဖို့ ပိုက်ဆံမရှိခဲ့ပါဘူး။ ပတ်ဝန်းကျင်က စွန့်ပစ်တဲ့ အမှိုက်ပုံကနေ အစားအသောက်တွေကို ကလေးတွေကို ကိုယ်တိုင်ရှာဖွေ ကျွေးမွေးခဲ့ပြီး၊ အကိုကြီးအဖအရာကို တာဝန်ကျေခဲ့ပါတယ်။ နေ့စဉ်ရက်ဆက်လာချိန်မှာတော့ ဒီနည်းလမ်းဟာ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။

ကလေးငယ်လေးတွေက ဗိုက်ဆာလို့အော်လာကြချိန်မှာ အိမ်နီးနားချင်းမိမ်က သတိထားမိလာပြီး၊ ကျောင်းလည်း လာမတက်၊ သွားတာလာတာမတွေ့တဲ့အတွက် အိမ်ထဲထိ ဝင်စုံစမ်းခဲ့ပါတော့တယ်။ ရဲတွေကို ဖုန်းဆက်ခဲ့သလို သက်ဆိုင်ရာ ကူညီရေးအဖွဲ့တွေကို ဖုန်းဆက်ခဲ့ပြီး၊ ဆိုင်ရာ ဆိုင်ရာတွေက အသီးသီး မြန်မြန်ဆန်ဆန်ပဲ ကူညီပေးဖို့ ရောက်လာခဲ့ပါတယ်။

နောက်တော့ ကယ်ဆယ်ရေး အေဂျင်စီတစ်ခုက စောင့်ရှောက်ဖို့ တာဝန်ယူခဲ့ပြီး၊ ရဲတွေက အမေဖြစ်သူကို အမြန်ဆုံး ရှာဖွေဖို့ အပိုင်းကို တာဝန်ယူခဲ့ပါတယ်။ လက်ရှိအချိန်ထိရှာမတွေ့သေးပေမဲ့ ကလေးတွေဟာ စောင့်ရှောက်မှုအောက်ကို ရောက်နေပါပြီ။ သူတို့ကိုယ်တိုင် မသိသေးတဲ့အချက်က အမေဟာ ပျောက်သွားတာလား၊ ထားခဲ့တာလားဆိုတာနဲ့ ပတ်ဝန်ကျင်းကလည်း မသိဘူးလို့ ပြောကြပါတယ်။

သူရေး (APANNPYAY)