မျက်မမြင်ဆီကနေ ပိုက်ဆံခိုးယူပြီး ဟားတိုက်လှောင်ပြောင်နေခဲ့သူနှစ်ဦး

169

ရိုးရိုးသားသားပဲ ဂစ်တာလေးတီးပြီး အလှူခံနေတဲ့ မျက်မမြင်ဂစ်တာပညာရှင်တစ်ဦးစီကနေ သူရထားတဲ့ အလှူငွေကို ခိုးယူခဲ့တဲ့ လူကောင်းနှစ်ဦးကို ဗီဒီယိုသက်သေကနေတဆင့်ပြန်ရှာပြီးဖမ်းနိုင်ခဲ့အပြီးမှာ ထောင်လ(၃၀)စီ အပြင်းထန်ဆုံးချမှတ်နိုင်ခဲ့တဲ့ အမှုတစ်ခု ဘန်ဂေါမြို့ မြောက်အိုင်ယာလန်နိုင်ငံမှာ ဖြစ်ပွားခဲ့တယ်လို့ Metro သတင်းစာကဖော်ပြခဲ့ပါတယ်။

ဘန်ဂေါစင်တာရဲ့ အရှေ့မှာ ဂစ်တာတီးအလှူခံနေတဲ့ Chris Chadwick-Parnell ဆိုတဲ့အမျိုးသာ မျက်မမြင်တစ်ဦးပါ။ ပုံမှန်အလှူခံနေစဉ်မှာပဲ တခြားသောအမျိုးသားနှစ်ဦးက ယောင်လည်လည်လုပ်နေပြီး၊ ဂစ်တာမျက်မမြင်သမား အလှူခံရထားတဲ့ ပိုက်ဆံတွေကို နှိုက်ဖို့ လူအလစ်ကိုစောင့်နေပါတယ်။ လူလစ်ခဲ့ချိန်မှာတော့ ပိုက်ဆံလာထည့်သလိုလိုနဲ့

ရှိသမျှအကြွေတွေကို နှိုက်ပြီး အိတ်ထဲထည့်ခဲ့တာပါ။ ဂစ်တာသမားက သူ့ရဲ့ ပိုက်ဆံတွေပျောက်သွားတာကို လိုက်ရှာနေချိန်မှာ ဟားတိုက်နေကြခဲ့ပါတယ်။ ဒီဗီဒီယိုက်တစ်ဖက်ခြမ်းကနေ ရိုက်နိုင်ခဲ့တဲ့ သက်သေကို ရဲစခန်းမှာ အမှုဖွင့်ပြီး၊ လိုက်စုံစမ်းချိန်မှာ Gary Williams နဲ့ Alan Fothergill ဆိုတဲ့ အမျိုးသားနှစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Gary Williams နဲ့ Alan Fothergill

မိခဲ့ချိန်မှာ နှစ်ဦးလုံးက ဆေးသုံးထားတဲ့အတွက် အမှုက စွဲချက်တင်လို့ ပိုကောင်းသွားခဲ့ပြီး၊ အာမခံမရတဲ့ ပုဒ်မနဲ့အတူ စွဲချက်တင်ကာ တကယ်ပိုက်ဆံအရင်ခိုးခဲ့တဲ့ Gary Williams ကို ထောင်ဒဏ်လ (၃၀)ချမှတ်ခဲ့ပြီး၊ Alan Fothergill ကိုတော့ ကြံရာပါနဲ့ (၂၆)လစီ ဘယ်အကြောင်းပြချက်နဲ့မှ လွတ်ခွင့်မရှိအမိန့်ချခဲ့ပါတယ်။ ခိုးယူခဲ့တဲ့ ပိုက်ဆံပမာဏက များတာလည်း မဟုတ်ပါဘူး။

အကြွေစေ့စုစုပါင်း (၄)ပေါင် (မြန်မာငွေ (၈၀၀၀))လောက်ပဲရှိတာဖြစ်လို့ ဆေးသုံးဖို့ ပိုက်ဆံမရှိလို့ လုပ်ခဲ့တာလည်း မဖြစ်နိုင်ဘူးလို့ ယူဆခဲ့ကြတာပါ။ လက်ရှိမှာတော့ နှစ်ယောက်လုံးကို ထောင်ထဲထည့်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

သူရေး(ApannPyay)