လှည်းတန်းကျောင်းရှေ့မှတ်တိုင်က တက်လာပြီး မိန်းကလေးတစ်ဦးကို လိင်စော်ကားမှုပြုတဲ့ လူယုတ်မာ

745

လှည်းတန်းကျောင်းရှေ့မှတ်တိုင်က တက်လာတဲ့ မိန်းကလေးကို ကားပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားနေတဲ့ ဗွီဒီယိုဖိုင်နှင့် ဖြစ်စဉ်အကြောင်းစုံကို စော်ကားခံရသူ မိန်းကလေးတစ်ဦး ဟု ယူဆရတဲ့ (……) လူမှုကွန်ယက် အကောင့်ပိုင်ရှင်မှ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။

သူမရဲ့ ရေးသားဖော်ပြချက်မှာ လူကြပ်မှ Sexual abuse ခံရတယ်ထင်တာခုထိုင်ခုံရရဲ့သားနဲ့ sexual abuse လုပ်ခံခဲ့ရတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

1p- 9965 30 သမိုင်းပေါ်ကို 7:55လောက်က သူမ လှည်းတန်းကျောင်းရှေ့မှတ်တိုင် က တက်လာပြီး သူမရဲ့ ဘေးကို လူတစ်ဦးလာရပ်ကတည်းက သူဟာ နဲ့လာထောက်တယ် အစက လူကြပ်လို့ နေမှာဆိုပြီး ဘေးကို တိုးထိုင်လိုက်တယ် လို့ ဆိုပါတယ်။

ထို့နောက်မှာ ထိုလူမှ သူမတိုးထိုင်လိုက်တဲ့ နောက်မှာ လိုက်ပြီး တိုးကပ်လာလို့ သူမရဲ့ ညာဘက်လက်ကို သူနဲ့ မထိအောင် ရှောင်ထားတာတောင် ပုခုံးနဲ့ လာဖိထားတယ်လို့ ဆိုပါတယ်။

ထိုလူရဲ့ အချောင်းကြီး သူမလက်ဖျံပေါ်တင်တဲ့ အဆင့်အထိ တော်တော်မိုက်ရိုင်းကြောင်း နဲနဲကြာလာတော့ သူ့အရည်တွေ လက်မောင်းမှာလာပေတဲ့ အထိ ဖြစ်လာတယ် သူမအရမ်း ရွံရှာမိခဲ့ရကြောင်း သူမရဲကလက်ကိုတောင် ဖြတ်ပစ်ချင်တဲ့ စိတ်ပေါ်လာခဲ့ကြောင်း ဖော်ပြရေးသားထားတာကို တွေ့ရပါတယ်။

အဲ့ဒီနောက်မှာ လူယုတ်မာဟာ သူ့ရဲ့ကိစ္စပြီးသွားတော့ မိန်းကလေးရဲ့လက်မောင်းကို လာကိုင်ခဲ့ကြောင်း မိန်းကလေးက အော်တော့ လူယုတ်မာက ရီတောင်ရီနေလိုက်သေးကြောင်း ဘေးကလူတွေကလည်း ကြည့်ပဲကြည့်နေကြတယ်လို့ ရေးသားထားပါတယ်။

မိန်းကလေးရဲ့ ဘေးမှာ Game ဆော့နေတဲ့ အကိုတစ်ဦးနဲ့ နေရာချင်းလဲပေးဖို့ ရှက်လည်းရှက် မပြောရဲဘူးဖြစ်နေခဲ့တယ်။ အဲ့ဒီအချိန်မှာ သူမတစ်ကိုယ်လုံး တုန်ရီနေတဲ့ အထိဖြစ်ပြီး ဘာလုပ်ရမှန်းမသိအောင် ဖြစ်လာတော့ သူမ သတိတစ်ခုဝင်လာပြီး ဗွီဒီယိုရိုက် ဓာတ်ပုံရိုက်ယူလာခဲ့တယ်လို့ ရေးသားဖော်ပြပြီး ဗွီဒီယို ဓာတ်ပုံများကို လူမှုကွန်ယက်မှာ တင်ပြပြီး မျှဝေထားတာကို တွေ့ရပါတယ်။

ဒီလူယုတ်မာဟာ ကမ္ဘာအေး ဘုရားမှတ်တိုင်ရောက်တော့ ဆင်းသွားကြောင်း ဖြစ်နိုင်ရင် မျက်နှာကို ထထိုးချင်မိကြောင်း မလုပ်နိုင်ခဲ့တာ နောင်တရခဲ့ကြောင်း အဲ့ဒီလို လူတွေကို ဘယ်လို အပစ်ပေးလို့ ရလဲ ကိုယ်ချင်းမစာနာတဲ့သူတွေက အသားပဲ့ပါတာမှ မဟုတ်တာ စိတ်လျှော့ဆိုပြီး ခံစားချက်ကို နားမလည်စွာ ပြောတဲ့သူတွေကရှိသေးကြောင်း ဖော်ပြထားပါတယ်။

တကယ်လို့ အခုလိုအဖြစ်မျိုး နောက်တစ်ခေါက် ထပ်ဖြစ်ခဲ့ရင် ဘာလုပ်သင့်လဲ အကြံဉာဏ်လေးပေးကြပါ ဆိုပြီး တောင်းဆိုရေးသားဖော်ပြထားခဲ့ပါတယ်။

အခုလို အဖြစ်အပျက်မျိုးတွေဟာ လိုင်းကားတွေပေါ်မှာ မကြာခဏဆိုသလို ကြုံတွေ့နေရအဖြစ်အပျက်တွေ ဖြစ်နေတာကြောင့် လိုင်းကားစီးပြီးသွားလာကြတဲ့ မိန်းကလေးတိုင်း သတိထားကြစေဖို့ AlinnMyay မှ ဗွီဒီယိုဖိုင်နှင့်တကွ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါသည်။

လိင်စော်ကားခံရသူ မိန်းကလေးရဲ့ ဂုဏ်သိက္ခာအတွက် အဆိုပါမိန်းကလေးရဲ့ အကောင့်နာမည်အား ထည့်သွင်း မဖော်ပြခြင်းအား သည်းခံခွင့်လွတ်နားလည်ပေးပါရန် လေးစားစွာဖြင့်….

#AlinnMyay(အလင်းမြေ) #ApannPyay