၆၈ နှစ်အရွယ်အမျိုးသားက ၂ နှစ်သားအရွယ် နွားမလေးကို မုဒိန်းကျင့်မှု

114

Thai Rath Online သတင်းဌာနမှပြောကြားချက်အရ ၂ နှစ်ကျော် အနက်ရောင်ရှိတဲ့ နွားမလေးကို ၆၈ နှစ်အရွယ် Kong အမည်ရှိသူ အဘိုးကမုဒိန်းကျင့်နေတာကို သြဂုတ်လ ၃၀ ရက်နေ့လည် ၂ နာရီမှာ တာဝန်ကျရဲတစ်ယောက်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ပိုင်ရှင်နဲ့ ရွာသားအချို့လိုက်လာသည့်တိုင်အောင် ထိုအဘိုးအိုဟာ အဝတ်ဗလာနဲ့ နွားမနဲ့ ဆက်ဆံနေတုန်းပဲလို့လည်း ဖော်ပြထားပါတယ်။ သူတို့တွေဟာ အဘိုးအိုရဲ့ အင်္ကျီတွေနဲ့ဘောင်းဘီတွေကို သစ်သားတုံးတွေပေါ်မှာ တွေ့ရှိခဲ့ရပြီး မောင်းနှင်လာတဲ့ ယာဉ်ကိုတော့ အခင်းဖြစ်ရာနဲ့ မီတာတစ်ရာမှာ ထားခဲ့တာ ဖြစ်ပါတယ်။ ရဲတွေကတော့ ရွာသားတွေ ထိုအဘိုးအိုကို ဝိုင်းမရိုက်အောင်လို့ ကာကွယ်ပေးခဲ့ရပါတယ်။

စစ်ဆေးမေးမြန်းချိန်မှာတော့ အဘိုးအိုက အခုလိုဝန်ခံသွားတာကို ApannPyay ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။ ဘာကြောင့် ခုလိုလုပ်ရတာလည်း မေးလိုက်ချိန်မှာတော့ အဘိုးအိုက ပြုံးပြီးပျော်စရာကောင်းမလားစမ်းကြည့်တာလို့ဖြေသွားပါတယ်။ ထို့နောက် ဒီဖြစ်ရပ်ဟာ တစ်ကြိမ်မကဘဲ အရင်တုန်းကလည်း နှစ်ကြိမ်ဆက်ဆံဖူးကြောင်း ဝန်ခံသွားခဲ့ပါသေးတယ်။

အရင်အခေါက်တွေက လူမမိပေမယ့် အခုတစ်ခေါက်မှမိတာဖြစ်ပါတယ်။ ပိုင်ရှင်ကလည်း သူ့နွားတွေကို အစာကျွေးဖို့ခေါ်သွားတာပဲဆိုပြီး စိတ်ချလက်ချ လွှတ်ပေးလိုက်တာလို့ သိရပါတယ်။ ဒီကိစ္စမှာဆိုရင် မုဒိန်းကျင့်သူဦးလေးရဲ့သူငယ်ချင်းဖြစ်သူ အသက် ၅၀ အရွယ်အဘိုးက မပါဝင်ပေမယ့် ကူညီမြှောက်ပင့်ပေးခဲ့တာ ဖြစ်ပါတယ်။

သူတို့တွေဟာ ပိုင်ရှင်ဆီက နွားမကို ခေါ်လာပြီးရင်တောထဲကို တစ်ဆင့်ပြန်ခေါ်၊ နွားမကို ထွက်မပြေးနိုင်အောင်ကြိုးချည်ကာ မုဒိန်းကျင့်တာပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ထိုအဘိုးအိုကို ဖမ်းဆီခြင်းမရှိဘဲ ဒဏ်ငွေအဖြစ် ဘတ် ၃၀၀ သာပေးဆောင်ခိုင်းခဲ့တဲ့အကြောင်းကို Worldofbuzz သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြပေးထားခဲ့တာ ဖြစ်ပါတယ်။

San Htet Wai-ApannPyay(အပန်းပြေ)