ကားခအတြက္ မုိဘုိင္းေငြစနစ္ မသုံးတတ္လုိ႔ ရယ္စရာျဖစ္ခဲ့ရတဲ့ ကုိေတာသားရဲ႕အျဖစ္

60

တရုတ္ႏုိင္ငံက မိုဘိုင္းစနစ္သံုးငြေပးေခ်တဲ့ ဘတ္စ္ကား တစ္ခုေပၚမွာ ကားစီးဖို႔တက္လာတဲ့ အမ်ိဳးသားတစ္ဦးဟာ ဖုန္းနဲ႔ ကားခမေပးတတ္လို႔ ျပႆနာတက္ခဲ့ရတဲ့ကိစၥရပ္တစ္ခုၾကံဳခဲ့ရပါတယ္။

မိုဘိုင္းဘတ္စ္ကားခေပးတဲ့ စနစ္အရ ကားချဖည္႔ထားတဲ့ အပလီေကးရွင္းနဲ႔ ဘတ္စ္ကားမွာ ပါတဲ့ ေငြေခ်လို႔ရတဲ့ အာရံုခံ ကိရိယာေလးထိျပီး ေငြရွင္းရတဲ့ စနစ္ပါ။ အသံုးျပဳမယ္သူဟာ အပလီေကးရွင္းထဲကို ေငြၾကိဳျဖည္႔ထားရမွာျဖစ္သလို ဖုန္းရဲ႕ QR ကုဒ္ကို ဖတ္ျပီး ေပးေခ်တာမ်ိဳး စသည္ျဖင့္ နည္းတစ္ခုခုနဲ႔ ေပးေခ်ရမွာပါ။

အသံုးျပဳမႈ ပံုစံ

ဒါေပမဲ့ အဆိုပါ အမ်ိဳးသားကေတာ့ ကားခမေပးတတ္လို႔ ေၾကာင္ၾကည္႔ေနခ်ိန္မွာ ပိုက္ဆံအေၾကြထည္႔တဲ့ ပံုးကိုပဲ လိုက္ၾကည္႔ေနခဲ့သလို နားမွာလည္း နားၾကပ္ကတပ္ထားပါေသးတယ္။ ေနာက္ဆံုး သူဘယ္လိုမွပိုက္ဆံမေပးတတ္တဲ့ အဆံုး ကားသမား ေျပာျပေနတဲ့ ၾကားကေန ဖုန္းကို ပိုက္ဆံပံုးထဲကို ထည္႔ခ်လိုက္ပါေတာ့တယ္။

 

နားၾကပ္ၾကိဳးတန္းလန္းနဲ႔ ပိုက္ဆံပံုးထဲ ၀င္သြားတဲ့ အခ်ိန္မွာ ဖုန္းက ေအာက္ကို အကုန္ျပဳတ္က်သြားခဲ့ျပီး၊ ျပန္ေကာက္လို႔ မရေတာ့ပါဘူး။ ကုမၸဏီကားေတြနဲ႔ ျမန္မာႏုိင္ငံက YBS လို ပိုက္ဆံပံုးေတြနဲ႔ အတူတူပဲ ျဖစ္တဲ့အတြက္ ဂိတ္ကိုေရာက္လို႔ ဖြင့္ခြင့္ေရာက္တဲ့အထိိ အမ်ိဳးသားဟာ ျပန္လိုက္သြားခဲ့ရျပီး၊ တာ၀န္ရွိသူေတြက ျပန္ထုတ္ေပးမွပဲ ဖုန္းကို ရခဲ့ပါေတာ့တယ္။

ဖုန္းကို ထည္႔ခ်လိုက္ပံု

လက္ရွိမွာ သူ႕ရဲ႕အျဖစ္ကို ျမင္သူတိုင္းက ငိုအားထက္ ရယ္အားသန္ျဖစ္ခဲ့ၾကသလို ဖုန္းနဲ႔ ေငြေခ်တဲ ့စနစ္အေၾကာင္းကို ေသခ်ာေလး ျပန္သင္ေပးခဲ့တယ္လို႔ သိရပါတယ္။ အမ်ိဳးသားကို ဖုန္းကိုျပန္ရဖို႕အတြက္ ဂိတ္စဂိတ္ဆံုး ထိုင္ိလုိက္ခဲ့ရပံုပါပဲ။

သူေရး (APANNPYAY)

Unicode

ကားခအတွက် မိုဘိုင်းငွေစနစ် မသုံးတတ်လို့ ရယ်စရာဖြစ်ခဲ့ရတဲ့ ကိုတောသားရဲ့အဖြစ်

တရုတ်နိုင်ငံက မိုဘိုင်းစနစ်သုံးငွပေးချေတဲ့ ဘတ်စ်ကား တစ်ခုပေါ်မှာ ကားစီးဖို့တက်လာတဲ့ အမျိုးသားတစ်ဦးဟာ ဖုန်းနဲ့ ကားခမပေးတတ်လို့ ပြဿနာတက်ခဲ့ရတဲ့ကိစ္စရပ်တစ်ခုကြုံခဲ့ရပါတယ်။

မိုဘိုင်းဘတ်စ်ကားခပေးတဲ့ စနစ်အရ ကားခဖြည့်ထားတဲ့ အပလီကေးရှင်းနဲ့ ဘတ်စ်ကားမှာ ပါတဲ့ ငွေချေလို့ရတဲ့ အာရုံခံ ကိရိယာလေးထိပြီး ငွေရှင်းရတဲ့ စနစ်ပါ။ အသုံးပြုမယ်သူဟာ အပလီကေးရှင်းထဲကို ငွေကြိုဖြည့်ထားရမှာဖြစ်သလို ဖုန်းရဲ့ QR ကုဒ်ကို ဖတ်ပြီး ပေးချေတာမျိုး စသည်ဖြင့် နည်းတစ်ခုခုနဲ့ ပေးချေရမှာပါ။

ဒါပေမဲ့ အဆိုပါ အမျိုးသားကတော့ ကားခမပေးတတ်လို့ ကြောင်ကြည့်နေချိန်မှာ ပိုက်ဆံအကြွေထည့်တဲ့ ပုံးကိုပဲ လိုက်ကြည့်နေခဲ့သလို နားမှာလည်း နားကြပ်ကတပ်ထားပါသေးတယ်။ နောက်ဆုံး သူဘယ်လိုမှပိုက်ဆံမပေးတတ်တဲ့ အဆုံး ကားသမား ပြောပြနေတဲ့ ကြားကနေ ဖုန်းကို ပိုက်ဆံပုံးထဲကို ထည့်ချလိုက်ပါတော့တယ်။

နားကြပ်ကြိုးတန်းလန်းနဲ့ ပိုက်ဆံပုံးထဲ ဝင်သွားတဲ့ အချိန်မှာ ဖုန်းက အောက်ကို အကုန်ပြုတ်ကျသွားခဲ့ပြီး၊ ပြန်ကောက်လို့ မရတော့ပါဘူး။ ကုမ္ပဏီကားတွေနဲ့ မြန်မာနိုင်ငံက YBS လို ပိုက်ဆံပုံးတွေနဲ့ အတူတူပဲ ဖြစ်တဲ့အတွက် ဂိတ်ကိုရောက်လို့ ဖွင့်ခွင့်ရောက်တဲ့အထိ အမျိုးသားဟာ ပြန်လိုက်သွားခဲ့ရပြီး၊ တာဝန်ရှိသူတွေက ပြန်ထုတ်ပေးမှပဲ ဖုန်းကို ရခဲ့ပါတော့တယ်။

လက်ရှိမှာ သူ့ရဲ့အဖြစ်ကို မြင်သူတိုင်းက ငိုအားထက် ရယ်အားသန်ဖြစ်ခဲ့ကြသလို ဖုန်းနဲ့ ငွေချေတဲ့စနစ်အကြောင်းကို သေချာလေး ပြန်သင်ပေးခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားကို ဖုန်းကိုပြန်ရဖို့အတွက် ဂိတ်စဂိတ်ဆုံး ထိုငိလိုက်ခဲ့ရပုံပါပဲ။

သူရေး (APANNPYAY)