အခ်စ္စစ္နဲ႔ခ်စ္ရင္ ျဖဴတာ၊ မည္းတာ မရွိဘူးဆိုတာကို သက္ေသျပခဲ့တဲ့ ခ်စ္စရာဇာတ္လမ္းေလး

262

အာရွႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ ၾကံဳေတြ႕ေနရတဲ့ အသားအေရာင္ ခြဲျခားမႈ ျပႆနာေၾကာင့္ ကိုယ္ခ်စ္ေပမဲ့ ေ၀းကြာခဲ့ရတဲ့ စံုတြဲေတြကို Clarence Tan ဆိုတဲ့ အမ်ိဳးသားက ေမတၱာစစ္နဲ႔ခ်စ္ရင္ အမွန္တကယ္လက္တြဲသင့္ေၾကာင္းကို သက္ေသျပသြားခဲ့ပါတယ္။

စင္ကာပူ၊ ဟောင္ေကာင္ေသြးတစ္၀က္ပါတဲ့ Clarence Tan ဟာ အေမရိကန္မွာ ေက်ာင္းတက္ေနစဥ္ အာဖရိက ဂါနာႏိုင္ငံက Edna ဆိုတဲ့ အမ်ိဳးသမီးနဲ႔ခ်စ္ၾကိဳက္ခဲ့ပါတယ္။ မိဘေတြကို ဖြင့္ေျပာခဲ့ျပီးခ်ိန္မွာ အာရွနဲ႔ အသားအေေရာင္ခြဲျခားမႈ ျပႆနာေတြက တကယ္ပဲ ရိုက္ခတ္လာခဲ့ပါတယ္။ အကယ္လို႔ ဒီေကာင္မေလးကို ယူမယ္ဆိုရင္

သူ႔ကို အိမ္က အေမြျပတ္စြန္႔လႊတ္မွာျဖစ္ျပီး၊ လက္ရွိတြဲေနတယ္ဆိုရင္ အိမ္ကမေထာက္ပံ့ေတာ့ဘူးလို႔ ဆိုခဲ့ပါတယ္။ ေနာက္ေတာ့ သားအဖႏွစ္ဦးၾကားမွာ အေသအခ်ာေဆြးေႏြးခဲ့ၾကပါတယ္။ အေၾကာင္းက အေဖျဖစ္သူဟာ စီးပြားေရးလုပ္ငန္းရွင္ျဖစ္သလို သူတို႔ရဲ႕ အာရွဓေလ့မွာ အသားအေရာင္ဟာ အဓိက စကားေျပာေနတဲ့အတြက္ လူမ်ိဳးလည္းမတူတဲ့အေပၚ အျမင္ကြဲခဲ့ၾကတာပါ။

ဒီအတြက္ေၾကာင့္ သားျဖစ္သူက ေကာင္မေလးကို အိမ္ကိုေန႔တုိင္းေခၚလာျပီး၊ မ်က္စိယဥ္ေအာင္ အေဖျဖစ္သူလက္ခံလာေအာင္ အမ်ိဳးမ်ိဳးၾကိဳးစားခဲ့လာပါတယ္။ အေဖျဖစ္သူဆိုရင္ မိုက္ရိုင္းတဲ့ စကားလံုးအခ်ိဳ႕ကိုေတာင္ အစပိုင္းမွာ သံုးမိခဲ့ေသးတယ္လို႔ဆိုပါတယ္။ Edna ဟာ အရည္အခ်င္းရွိတဲ့ မိန္းကေလးျဖစ္တဲ့အတြက္ ေယာကၡမေတြ လက္ခံလာေအာင္ အမ်ိဳးအမ်ိဳး ၾကိဳးစားခဲ့ျပီး၊

ေနာက္ဆံုးသူ႕အေဖပိုင္တဲ့ ကုမၸဏီမွာပါ ၀န္ထမ္းအျဖစ္နဲ႔လုပ္ခဲ့ကာ သူဟာအမ်ိဳးေကာင္းသမီးေလးျဖစ္ေၾကာင္းကို ျပခဲ့ပါတယ္။ ေနာက္ေတာ့ ရုပ္ရွင္ေတြထဲကအတိုင္း တကယ့္ကို မိဘေတြဟာ သူမဟာ ေတာ္ေၾကာင္း၊ ယဥ္ေက်းေၾကာင္း၊ လိမၼာေၾကာင္း အသားအေရာင္ေပၚမူတည္ျပီး သူတို႔ျမင္ေနတာေတြဟာ မွားေၾကာင္းေတြကိုလက္ခံလာခဲ့ၾကပါတယ္။ ေန႔တိုင္းနီးပါး Edna ရဲ႕ ၾကိဳးစားမႈေတြ

အရာထင္လာခ်ိန္၊ သံုးႏွစ္ေလာက္တြဲျပီးအၾကာမွာေတာ့ ေယာကၡမေတြက သားျဖစ္သူကို သူတို႔ဟာ Edna နဲ႔ မဂၤလာေဆာင္ေပးဖို႔ သေဘာတူလိုက္ျပီျဖစ္ေၾကာင္းေျပာခဲ့ပါတယ္။ ဒါဟာ လြယ္ကူလြန္းခဲ့တာေတာ့မဟုတ္ဘဲ ေကာင္ေလးက ေကာင္မေလးကို စိတ္ရွည္ျပီး သူတို႔ဟာ မိဘေတြရဲ႕အျမင္ကို ေျပာင္းႏုိင္ပါတယ္လို႔ ႏွစ္ဦးသေဘာတူလက္ခံခဲ့ၾကလို႔ပါပဲ။

အခုဆိုရင္ေတာ့ တခမ္းတနားကို မဂၤလာေဆာင္ျပီးျပီျဖစ္ျပီး၊ ဒီအေၾကာင္းကို Clarence Tan က သူ႕ရဲ႕ ေဖ့ဘုတ္စာမ်က္ႏွာမွာ အကုန္လံုးကုိ အစအဆံုးျပန္ရွင္းျပခဲ့တာပဲ ျဖစ္ပါတယ္။

သူေရး (APANNPYAY)

UNICODE

အချစ်စစ်နဲ့ချစ်ရင် ဖြူတာ၊ မည်းတာ မရှိဘူးဆိုတာကို သက်သေပြခဲ့တဲ့ ချစ်စရာဇာတ်လမ်းလေး

အာရှနိုင်ငံတော်တော်များများမှာ ကြုံတွေ့နေရတဲ့ အသားအရောင် ခွဲခြားမှု ပြဿနာကြောင့် ကိုယ်ချစ်ပေမဲ့ ဝေးကွာခဲ့ရတဲ့ စုံတွဲတွေကို Clarence Tan ဆိုတဲ့ အမျိုးသားက မေတ္တာစစ်နဲ့ချစ်ရင် အမှန်တကယ်လက်တွဲသင့်ကြောင်းကို သက်သေပြသွားခဲ့ပါတယ်။

စင်ကာပူ၊ ဟောင်ကောင်သွေးတစ်ဝက်ပါတဲ့ Clarence Tan ဟာ အမေရိကန်မှာ ကျောင်းတက်နေစဉ် အာဖရိက ဂါနာနိုင်ငံက Edna ဆိုတဲ့ အမျိုးသမီးနဲ့ချစ်ကြိုက်ခဲ့ပါတယ်။ မိဘတွေကို ဖွင့်ပြောခဲ့ပြီးချိန်မှာ အာရှနဲ့ အသားအေရောင်ခွဲခြားမှု ပြဿနာတွေက တကယ်ပဲ ရိုက်ခတ်လာခဲ့ပါတယ်။ အကယ်လို့ ဒီကောင်မလေးကို ယူမယ်ဆိုရင်

သူ့ကို အိမ်က အမွေပြတ်စွန့်လွှတ်မှာဖြစ်ပြီး၊ လက်ရှိတွဲနေတယ်ဆိုရင် အိမ်ကမထောက်ပံ့တော့ဘူးလို့ ဆိုခဲ့ပါတယ်။ နောက်တော့ သားအဖနှစ်ဦးကြားမှာ အသေအချာဆွေးနွေးခဲ့ကြပါတယ်။ အကြောင်းက အဖေဖြစ်သူဟာ စီးပွားရေးလုပ်ငန်းရှင်ဖြစ်သလို သူတို့ရဲ့ အာရှဓလေ့မှာ အသားအရောင်ဟာ အဓိက စကားပြောနေတဲ့အတွက် လူမျိုးလည်းမတူတဲ့အပေါ် အမြင်ကွဲခဲ့ကြတာပါ။

ဒီအတွက်ကြောင့် သားဖြစ်သူက ကောင်မလေးကို အိမ်ကိုနေ့တိုင်းခေါ်လာပြီး၊ မျက်စိယဉ်အောင် အဖေဖြစ်သူလက်ခံလာအောင် အမျိုးမျိုးကြိုးစားခဲ့လာပါတယ်။ အဖေဖြစ်သူဆိုရင် မိုက်ရိုင်းတဲ့ စကားလုံးအချို့ကိုတောင် အစပိုင်းမှာ သုံးမိခဲ့သေးတယ်လို့ဆိုပါတယ်။ Edna ဟာ အရည်အချင်းရှိတဲ့ မိန်းကလေးဖြစ်တဲ့အတွက် ယောက္ခမတွေ လက်ခံလာအောင် အမျိုးအမျိုး ကြိုးစားခဲ့ပြီး၊

နောက်ဆုံးသူ့အဖေပိုင်တဲ့ ကုမ္ပဏီမှာပါ ဝန်ထမ်းအဖြစ်နဲ့လုပ်ခဲ့ကာ သူဟာအမျိုးကောင်းသမီးလေးဖြစ်ကြောင်းကို ပြခဲ့ပါတယ်။ နောက်တော့ ရုပ်ရှင်တွေထဲကအတိုင်း တကယ့်ကို မိဘတွေဟာ သူမဟာ တော်ကြောင်း၊ ယဉ်ကျေးကြောင်း၊ လိမ္မာကြောင်း အသားအရောင်ပေါ်မူတည်ပြီး သူတို့မြင်နေတာတွေဟာ မှားကြောင်းတွေကိုလက်ခံလာခဲ့ကြပါတယ်။ နေ့တိုင်းနီးပါး Edna ရဲ့ ကြိုးစားမှုတွေ

အရာထင်လာချိန်၊ သုံးနှစ်လောက်တွဲပြီးအကြာမှာတော့ ယောက္ခမတွေက သားဖြစ်သူကို သူတို့ဟာ Edna နဲ့ မင်္ဂလာဆောင်ပေးဖို့ သဘောတူလိုက်ပြီဖြစ်ကြောင်းပြောခဲ့ပါတယ်။ ဒါဟာ လွယ်ကူလွန်းခဲ့တာတော့မဟုတ်ဘဲ ကောင်လေးက ကောင်မလေးကို စိတ်ရှည်ပြီး သူတို့ဟာ မိဘတွေရဲ့အမြင်ကို ပြောင်းနိုင်ပါတယ်လို့ နှစ်ဦးသဘောတူလက်ခံခဲ့ကြလို့ပါပဲ။

အခုဆိုရင်တော့ တခမ်းတနားကို မင်္ဂလာဆောင်ပြီးပြီဖြစ်ပြီး၊ ဒီအကြောင်းကို Clarence Tan က သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ အကုန်လုံးကို အစအဆုံးပြန်ရှင်းပြခဲ့တာပဲ ဖြစ်ပါတယ်။

သူရေး (APANNPYAY)