ကားတစ်စီးကို ခိုးယူ မောင်းပြေးမှုအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး (ရုပ်သံ)

300

ကျောက်ဆည်မြို့ ရွှေသိမ်တော်ဘုရားသို့ ဘုရားဖူးလာတဲ့ ကားတစ်စီးကို ခိုးယူ မောင်းပြေးမှုအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

ကျောက်ဆည်မြို့ ရွှေသိမ်တော်ဘုရားသို့ ပဲခူးမှဘုရားဖူးလာသော PAJERO 9C/4944 ဖားပြုတ်ခဲရောင် ကားတစ်စီးအား ကားပိုင်ရှင်မှ ကားစက်ဖုံးဖွင့်ကာ ဘုရားပုံ ဆင်းဝယ်နေစဉ် အမျိုးသားတစ်ဦးမှ ခိုးယူမောင်နှင် ထွက်ပြေးသွားခဲ့ကြောင်း သိရပါသည်။

အဆိုပါ ကား ခိုးယူမောင်းပြေမှုအား ၀မ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် အချိန်မှီ ချိတ်ဆက်ကာ ချက်ချင်း စုံစမ်းပိတ်ဆို့ ဖမ်းဆီးရာတွင် ​ခိုးယူခံခဲ့ရ​သော 9C/4944 ယာဉ်​အား ဝမ်းတွင်းမြို့နယ်​ ဘုရားစုရွာတွင်​ ခက်ခက်ခဲခဲ လိုက်လံ ပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း၊

ကားခိုးသွားသူဟာ FZ-S ဆိုင်ကယ် တစ်စီးကျန်ခဲ့ကြောင်းနှင့် ထိုဆိုင်ကယ်အား ကျော်ကဆည်ရဲစခန်းတွင် သိမ်းဆည်းထားခဲ့ကြောင်း ကားခိုးသွားမှုကို လိုက်လံကူညီ ဖမ်းဆီးပေးခဲ့သော “ကိုစိုးသီဟ” Soe Thiha အကေင့်ပိုင်ရှင်မှ တင်ပြထားကြောင်း သိရသည်။

အဆိုပါ ကား ခိုးယူမောင်းပြေးသွားမှုကို လိုက်လံဖမ်းဆီးရာတွင် သေနတ်ဖြင့် ကားဘီးများအား ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း နှင့် ခိုးယူသွားသောကားအား ဖမ်းဆီးရမီပြီးနောက် ကားဘီးများလဲကာ ကျောက်ဆည်သို့ ပြန်လည်ယူလာခဲ့ပြီး ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

#စိုးသီဟ #SoeThiha #AlinnMyay(အလင်းမြေ)