မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေကိုကြက်ဥတွေကိုလွှတ်ပစ်ဖို့တောင်းဆိုလိုက်တဲ့အင်ဒိုနီးရှားအစိုးရ

244

အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိမှာ ကြက်သားဈေးတွေအဆမတန်ကျဆင်းနေတဲ့အတွက်ကြောင့် ကြက်သားဈေးကွက်ကိုပြန်လည်ထိန်းညှိနိုင်ဖို့အတွက် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေကို လက်ရှိသူတို့ဆီမှာရှိနေတဲ့ကြက်ဥတွေကို သားမဖောက်ပဲ လွှင့်ပစ်ဖို့ (ဒါမှ၎ဟုတ် အလကားပေးပစ်လိုက်ဖို့ အင်ဒိုနီးရှားအစိုးရကတောင်းဆိုထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ကြက်သားဈေးဟာ ပြီးခဲ့တဲ့သုံးနှစ်အတွင်းမှာ ဈေးအင်မတန်ကျခဲ့ကာ ၂၅cent(မြန်မာငွေ 500 ဝန်းကျင်သာ) ဈေးရှိပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ကြက်သားဈေးကွက်မှာဈေးအနည်းဆုံး စံချိန်တင်ခဲ့ပါတယ်။ ဈေးဝယ်သူတွေအတွက်ကတော့ ဈေးနည်းတာငေါင်းတယ်ဆိုပေမယ့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေ၊ ရောင်းချသူတွေအတွက်ကတော့ တွက်ချေမကိုက်ဖြစ်ရတယ်လို့ South China Morning Post websiteရဲ့ ဖော်ပြထားချင်အရသိရပါတယ်။

ဒီပြသနာကိုဖြေရှင်းနိုင်ဖို့အတွက် အင်ဒိုနီးရှားအစိုးရဟာ မွေးမြူရေးလုပ်ငန်းလုပ်သူတွေကို ကြက်သားဖောက်တာတွေ ထပ်မလုပ်တော့ပဲ သူတို့ဆီမှာရှိထားတဲ့ ကြက်ဥတွေကို လွှင့်ပစ်ဖို့(သို့မဟုတ်) အခြားသူတွေကိုအလကားပေးပစ်ဖို့တောင်းဆိုခဲ့ပါတယ်။

South China Morning Postမှာ ဖော်ပြထားချက်အရ အင်ဒိုနီးရှားအစိုးရရဲ့ စဉ်းစားထားချက်အရတော့ ကြက်သားပေါက်တာနည်းသွားရင် ဈေးကွက်ထဲမှာရောင်းချရမယ့်အရေအတွက် လျော့နည်းသွားကာ ဈေးပြန်တက်လာလိမ့်မည်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

Yenin Phawah-AlinnMyay(အလင်းမြေ)