သမီးေလးကို ႏို႔တိုက္ခ်င္ေပမဲ့ ေသြးေတြပဲ ထြက္လာေနတဲ့ မိခင္တစ္ေယာက္ရဲ႕ ေစတနာအမွား

409

ကေလးေမြးထားတာ လပိုင္းပဲရွိေသးတဲ့ နာမည္ၾကီး ထိုင္းအမ်ိဳးသမီး သရုပ္ေဆာင္တစ္ေယာက္ဟာ သူမရဲ႕သမီးေလးကို ႏို႕တိုက္ဖို႔ ႏို႔ညွစ္စက္နဲ႔ ညွစ္ရာမွာ ႏို႕အစားေသြးေတြၾကီးပဲထြက္လာလို႔ စိတ္ညစ္ေနရတဲ့အေၾကာင္းကို လူမႈကြန္ရက္ စာမ်က္ႏွာ ppanward ဆိုတဲ့ အင္စတာဂရမ္အေကာင့္မွာ တင္ခဲ့ပါတယ္။

ႏို႔တိုက္ဖို႔ မအားလပ္တဲ့အခါမ်ိဳးမွာ မိခင္ႏို႔ကိုပဲ ေသာက္သံုးေစခ်င္တဲ့ သူမရဲ႕ ေစတနာေၾကာင့္ မိခင္ႏို႔ကို ၾကိဳညွစ္ထားလို႔ရတဲ့ ႏို႔ညွစ္စက္ကို အသံုးျပဳခဲ့ပါတယ္။ ကေလးေမြးကာစမိခင္ေတြ အေနနဲ႔ အသံုးမ်ားျပီး၊ ႏို႔ဆာတဲ့ အခါတိုင္း ဘူးေလးထဲမွာ အဆင္သင့္ေသာက္သံုးႏိုင္ဖို႔ တီထြင္ထားတဲ့ က်န္းမာေရးအေထာက္အကူဆိုင္ရာ ကိရိယာေလးပါ။

သူမက သမီးေလးအတြက္ ႏို႔ညွစ္ခ်ိန္မွာ သူမ်ားေတြနဲ႔မတူ ႏို႔အစား၊ ႏို႔ထြက္မလာဘဲ ေသြးေတြလည္းေရာပါလာခဲ့ပါတယ္။ ကေလးကို တုိက္လို႔လည္း မရသလိုသူမရဲ႕ ရင္သားကလည္း နာက်င္ေေနတဲ့အတြက္ ဘာေၾကာင့္ျဖစ္ရတာလဲဆိုတာကို သိခ်င္ခဲ့ပါတယ္။ အင္စတာဂရမ္မွာ သူမၾကံဳေနရတဲ့အခက္အခဲကို မွ်ေ၀ခဲ့ျပီး၊ ကေလးဟာ မိခင္ႏို႔အစား ႏို႔မႈန္႔ေသာက္ေနရတယ္လို႔ ရင္ဖြင့္ခဲ့ပါတယ္။

ေနာက္ေတာ့ သူမရဲ႕ ပံုစံမ်ိဳး ၾကံဳဖူးတဲ့ မိတ္ေဆြေတြက မေပါ့ဆဘဲ ဆရာ၀န္ကို အျမန္ဆံုး သြားျပဖို႔ တိုက္တြန္းခဲ့ပါတယ္။ ဆရာ၀န္ဆီသြားျပီး ျပခ်ိန္မွာေတာ့ ေစတနာအမွားေၾကာင့္ ျဖစ္ရတာျဖစ္ျပီး၊ အသိေစာခဲ့တဲ့အတြက္ ကံေကာင္းခဲ့တယ္လို႔ဆိုပါတယ္။ ႏို႔ကိုညွစ္တဲ့အခါမွာ ေလစုပ္တဲ့အားက ျပင္းေနျပီး၊ သားျမတ္မွာရွိတဲ့ ဆံခ်င္မွ်င္ေသြားေၾကာေလးေတြကို ဆြဲဆန္႔သလိုျဖစ္ကာ ေပါက္ထြက္ကုန္တာလို႔ သိရပါတယ္။

သူမက နာက်င္ေပမဲ့ ကေလးအတြက္ ႏို႔ညွစ္တာျဖစ္တဲ့အတြက္ ဒီလိုပဲ နာတာျဖစ္မွာပဲလို႔ ယူဆခဲ့ပါတယ္။ ဆရာ၀န္က အသံုးျပဳနည္းကို ေသခ်ာေျပာျပခဲ့သလို သတ္မွတ္ထားတဲ့ ဖိအားပမာဏနဲ႔ပဲ အသံုးျပဳရတာလို႔ ဆိုခဲ့ပါတယ္။ မွန္မွန္ကန္ကန္ အသံုးခ်တတ္သြားခ်ိန္မွာေတာ့ ဆရာ၀န္ေျပာတဲ့အတိုင္း မွန္ကန္ခဲ့ျပီး၊ ေသြးေၾကာေလးေတြဟာ မထိခိုက္ေတာ့တဲ့အတြက္ ႏို႔ဟာ ပံုမွန္တိုင္း ရခဲ့ပါတယ္။

ppanward က သူမရဲ႕ အေတြ႔အၾကံဳေတြ အကုန္လံုးကို မွ်ေ၀ခဲ့ျပီး၊ ဒီလိုမ်ိဳး ေလာဘၾကီးတာမ်ိဳး မျဖစ္ၾကဖို႔နဲ႔ ဂရုစိုက္ၾကဖို႔ကို ေျပာျပခဲ့ပါတယ္။ အထက္မွာ ကေလးတစ္ေယာက္ရွိေသးေပမဲ့ ပထမတစ္ေယာက္တုန္းက အဆင္ေျပခဲ့တဲ့အတြက္ သူမရဲ႕ ဗဟုသုတအားနည္းမႈျဖစ္တဲ့အေပၚ နမူနာယူျပီး ေရွာင္ရွားႏုိင္ဖို႔ကို ေျပာျပခဲ့ပါတယ္။

သူေရး (APANNPYAY)

UNICODE

သမီးလေးကို နို့တိုက်ချင်ပေမဲ့ သွေးတွေပဲထွက်လာနေတဲ့ မိခင်တစ်ယောက်ရဲ့ စေတနာအမှား

ကလေးမွေးထားတာ လပိုင်းပဲရှိသေးတဲ့ နာမည်ကြီး ထိုင်းအမျိုးသမီး သရုပ်ဆောင်တစ်ယောက်ဟာ သူမရဲ့သမီးလေးကို နို့တိုက်ဖို့ နို့ညှစ်စက်နဲ့ ညှစ်ရာမှာ နို့အစားသွေးတွေကြီးပဲထွက်လာလို့ စိတ်ညစ်နေရတဲ့အကြောင်းကို လူမှုကွန်ရက် စာမျက်နှာ ppanward ဆိုတဲ့ အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပါတယ်။

နို့တိုက်ဖို့ မအားလပ်တဲ့အခါမျိုးမှာ မိခင်နို့ကိုပဲ သောက်သုံးစေချင်တဲ့ သူမရဲ့ စေတနာကြောင့် မိခင်နို့ကို ကြိုညှစ်ထားလို့ရတဲ့ နို့ညှစ်စက်ကို အသုံးပြုခဲ့ပါတယ်။ ကလေးမွေးကာစမိခင်တွေ အနေနဲ့ အသုံးများပြီး၊ နို့ဆာတဲ့ အခါတိုင်း ဘူးလေးထဲမှာ အဆင်သင့်သောက်သုံးနိုင်ဖို့ တီထွင်ထားတဲ့ ကျန်းမာရေးအထောက်အကူဆိုင်ရာ ကိရိယာလေးပါ။

သူမက သမီးလေးအတွက် နို့ညှစ်ချိန်မှာ သူများတွေနဲ့မတူ နို့အစား၊ နို့ထွက်မလာဘဲ သွေးတွေလည်းရောပါလာခဲ့ပါတယ်။ ကလေးကို တိုက်လို့လည်း မရသလိုသူမရဲ့ ရင်သားကလည်း နာကျင်ေနေတဲ့အတွက် ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို သိချင်ခဲ့ပါတယ်။ အင်စတာဂရမ်မှာ သူမကြုံနေရတဲ့အခက်အခဲကို မျှဝေခဲ့ပြီး၊ ကလေးဟာ မိခင်နို့အစား နို့မှုန့်သောက်နေရတယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။

နောက်တော့ သူမရဲ့ ပုံစံမျိုး ကြုံဖူးတဲ့ မိတ်ဆွေတွေက မပေါ့ဆဘဲ ဆရာဝန်ကို အမြန်ဆုံး သွားပြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဆရာဝန်ဆီသွားပြီး ပြချိန်မှာတော့ စေတနာအမှားကြောင့် ဖြစ်ရတာဖြစ်ပြီး၊ အသိစောခဲ့တဲ့အတွက် ကံကောင်းခဲ့တယ်လို့ဆိုပါတယ်။ နို့ကိုညှစ်တဲ့အခါမှာ လေစုပ်တဲ့အားက ပြင်းနေပြီး၊ သားမြတ်မှာရှိတဲ့ ဆံချင်မျှင်သွေားကြောလေးတွေကို ဆွဲဆန့်သလိုဖြစ်ကာ ပေါက်ထွက်ကုန်တာလို့ သိရပါတယ်။

သူမက နာကျင်ပေမဲ့ ကလေးအတွက် နို့ညှစ်တာဖြစ်တဲ့အတွက် ဒီလိုပဲ နာတာဖြစ်မှာပဲလို့ ယူဆခဲ့ပါတယ်။ ဆရာဝန်က အသုံးပြုနည်းကို သေချာပြောပြခဲ့သလို သတ်မှတ်ထားတဲ့ ဖိအားပမာဏနဲ့ပဲ အသုံးပြုရတာလို့ ဆိုခဲ့ပါတယ်။ မှန်မှန်ကန်ကန် အသုံးချတတ်သွားချိန်မှာတော့ ဆရာဝန်ပြောတဲ့အတိုင်း မှန်ကန်ခဲ့ပြီး၊ သွေးကြောလေးတွေဟာ မထိခိုက်တော့တဲ့အတွက် နို့ဟာ ပုံမှန်တိုင်း ရခဲ့ပါတယ်။

ppanward က သူမရဲ့ အတွေ့အကြုံတွေ အကုန်လုံးကို မျှဝေခဲ့ပြီး၊ ဒီလိုမျိုး လောဘကြီးတာမျိုး မဖြစ်ကြဖို့နဲ့ ဂရုစိုက်ကြဖို့ကို ပြောပြခဲ့ပါတယ်။ အထက်မှာ ကလေးတစ်ယောက်ရှိသေးပေမဲ့ ပထမတစ်ယောက်တုန်းက အဆင်ပြေခဲ့တဲ့အတွက် သူမရဲ့ ဗဟုသုတအားနည်းမှုဖြစ်တဲ့အပေါ် နမူနာယူပြီး ရှောင်ရှားနိုင်ဖို့ကို ပြောပြခဲ့ပါတယ်။

သူရေး (APANNPYAY)