ခ်စ္ရတဲ့ေၾကာင္ေလးေသသြားလို႔ နည္းပညာနဲ႔ အစားထိုး ပံုတူပြားကာ လူ႔ေလာကထဲျပန္ေခၚလာခဲ့

137

အိမ္မွာ တယုတယနဲ႔ ေမြးထားတဲ့ ေၾကာင္ေလးေသသြားျပီးတဲ့ေနာက္ ေသဆံုးသြားတာကို လက္မခံႏုိင္ဘဲ ျပန္ုျပီးအစားထိုးလို္ခ်င္ခဲ့တဲ့ တရုတ္ႏုိင္ငံက အမ်ိဳးသမားတစ္ဦးဟာ ေၾကာင္ေလးရဲ႕ ဒီအန္ေအကို အသံုးခ်ျပီး၊ ပံုစံတူ တစ္ေထရာတည္း အသက္ရွိတဲ့ အစားထိုးျပန္ေမြးဖြားမႈ (Clone) လုပ္ခဲ့တယ္လို႔ စင္ကာပူနာမည္ၾကီး သတင္းဌာန The Straits Times ကေဖာ္ျပခဲ့ပါတယ္။

သတင္းရဲ႕ ေဖာ္ျပခ်က္ အျပည္႔အစံုမွာ တရုတ္ႏုိင္ငံသား အသက္ (၂၂)ႏွစ္အရြယ္ စီးပြားေရး လုပ္ငန္းရွင္ မစၥတာ vHuang Yu လို႔ အမည္ရတဲ့ အမ်ိဳးသားဟာ သူငယ္ငယ္ေလးကတည္းက ေမြးလာခဲ့တဲ့ ေၾကာင္ေလး Garlic ေသဆံုးသြားခဲ့တဲ့အေပၚ ယူက်ံဳးမရျဖစ္ကာ ၀မ္းနည္းေနခဲ့ပါတယ္။ ျဗိတိန္အေမြးတို ေၾကာင္ေလး Garlic ဟာ လူေလာကထဲမွာေတာ့ မရွိေတာ့ပါဘူး။

ဒါပေမဲ့ တရုတ္ႏုိင္ငံမွာ ေသဆံုးသြားတဲ့ တိရစာၱန္ေလးေတြကို ဒီအန္ေအ မ်ိဳးရိုးဗီဇကိုယူျပီး၊ အသက္မရွိတဲ့ ခႏၵာကိုယ္ကို အမွီျပဳ ပံုတူပြား ၀န္ေဆာင္မႈေပးေနတဲ့ ကုမၸဏီတစ္ခု တရား၀င္ရွိတာကို သိထားပါတယ္။ တကယ့္ Garlic ခၽြတ္စြတ္ကို ျပန္ရမွာျဖစ္ျပီး၊ အကုန္လံုးဟာ တစ္ေထရာတည္းတူေနမွာပါ။ ဒီ၀န္ေဆာင္မႈကို သိထားတဲ့ အမ်ိဳးသားဟာ ေၾကာင္ေလးရဲ႕ခႏၶာကိုယ္ကို ေအေအးဓာတ္ေပးထားခဲ့ပါတယ္။

ပံုမွာ ရုပ္ပံုေဖာ္ျပရန္ ရည္ရြယ္ခ်က္ျဖစ္ပါသည္။

ဒီလိုမ်ိဳးလုပ္ရပ္ကို ကမာၻေပၚမွာ ႏုိင္ငံတိုင္းလိုလိုက ပိတ္ပင္ထားေပမဲ့ တရုတ္မွာေတာ့ ခြင့္ျပဳထားပါတယ္။ အဆိုပါ Garlic ရဲ႕ ပံုစံတူ Clone ကို ျပန္လုပ္ဖို႔အတြက္ အျပီးအစီးကုန္က်ေငြဟာ ျမန္မာေငြနဲ႔ဆို သိန္း (၈၀၀)ေက်ာ္ က်သင့္တယ္လို႔ ဆိုပါတယ္။ ကုမၼဏီက ေရွ႕မွာ တကယ့္သက္ရွိ ေခြးအေကာင္ (၄၀)ကို ၀န္ေဆာင္မႈေပးခဲ့ျပီျဖစ္ျပီး၊ အဆိုပါပမာဏေတြနဲ႔ပဲ ဆိုပါတယ္။

ဒါေပမဲ့ ေၾကာင္ကို ပထမဆံုး Clone လုပ္တာျဖစ္လို႔ Garlic ဟာမွတ္တမ္း၀င္သြားမွာပါ။ ဒီအေၾကာင္းကို ကမာၻေက်ာ္ New York Times သတင္းစာကအစအက်ယ္တ၀င့္ေဖာ္ျပခဲ့ျပီး ေဆးပညာဟာ ရပ္တန္႔လို႔မရေတာ့ဘူးလို႕ ဆိုထားခဲ့ပါတယ္။ တကယ္တမ္းမွာေတာ့ Garlic ဟာေသသြားခဲ့ျပီျဖစ္ျပီး ေဆးပညာအရေတာ့ Garlic ဟာ အသက္ျပန္ရွင္လာျပီျဖစ္ပါတယ္။

သူေရး (APANNPYAY)

UNICODE

ချစ်ရတဲ့ကြောင်လေးသေသွားလို့ နည်းပညာနဲ့ အစားထိုး ပုံတူပွားကာ လူ့လောကထဲပြန်ခေါ်လာခဲ့

အိမ်မှာ တယုတယနဲ့ မွေးထားတဲ့ ကြောင်လေးသေသွားပြီးတဲ့နောက် သေဆုံးသွားတာကို လက်မခံနိုင်ဘဲ ပြန်ုပြီးအစားထိုးလိုချင်ခဲ့တဲ့ တရုတ်နိုင်ငံက အမျိုးသမားတစ်ဦးဟာ ကြောင်လေးရဲ့ ဒီအန်အေကို အသုံးချပြီး၊ ပုံစံတူ တစ်ထေရာတည်း အသက်ရှိတဲ့ အစားထိုးပြန်မွေးဖွားမှု (Clone) လုပ်ခဲ့တယ်လို့ စင်ကာပူနာမည်ကြီး သတင်းဌာန The Straits Times ကဖော်ပြခဲ့ပါတယ်။

သတင်းရဲ့ ဖော်ပြချက် အပြည့်အစုံမှာ တရုတ်နိုင်ငံသား အသက် (၂၂)နှစ်အရွယ် စီးပွားရေး လုပ်ငန်းရှင် မစ္စတာ vHuang Yu လို့ အမည်ရတဲ့ အမျိုးသားဟာ သူငယ်ငယ်လေးကတည်းက မွေးလာခဲ့တဲ့ ကြောင်လေး Garlic သေဆုံးသွားခဲ့တဲ့အပေါ် ယူကျုံးမရဖြစ်ကာ ဝမ်းနည်းနေခဲ့ပါတယ်။ ဗြိတိန်အမွေးတို ကြောင်လေး Garlic ဟာ လူလောကထဲမှာတော့ မရှိတော့ပါဘူး။

ဒါပမေဲ့ တရုတ်နိုင်ငံမှာ သေဆုံးသွားတဲ့ တိရစ္တာန်လေးတွေကို ဒီအန်အေ မျိုးရိုးဗီဇကိုယူပြီး၊ အသက်မရှိတဲ့ ခန္ဒာကိုယ်ကို အမှီပြု ပုံတူပွား ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခု တရားဝင်ရှိတာကို သိထားပါတယ်။ တကယ့် Garlic ချွတ်စွတ်ကို ပြန်ရမှာဖြစ်ပြီး၊ အကုန်လုံးဟာ တစ်ထေရာတည်းတူနေမှာပါ။ ဒီဝန်ဆောင်မှုကို သိထားတဲ့ အမျိုးသားဟာ ကြောင်လေးရဲ့ခန္ဓာကိုယ်ကို အေအေးဓာတ်ပေးထားခဲ့ပါတယ်။

ဒီလိုမျိုးလုပ်ရပ်ကို ကမ္ဘာပေါ်မှာ နိုင်ငံတိုင်းလိုလိုက ပိတ်ပင်ထားပေမဲ့ တရုတ်မှာတော့ ခွင့်ပြုထားပါတယ်။ အဆိုပါ Garlic ရဲ့ ပုံစံတူ Clone ကို ပြန်လုပ်ဖို့အတွက် အပြီးအစီးကုန်ကျငွေဟာ မြန်မာငွေနဲ့ဆို သိန်း (၈၀၀)ကျော် ကျသင့်တယ်လို့ ဆိုပါတယ်။ ကုမ္မဏီက ရှေ့မှာ တကယ့်သက်ရှိ ခွေးအကောင် (၄၀)ကို ဝန်ဆောင်မှုပေးခဲ့ပြီဖြစ်ပြီး၊ အဆိုပါပမာဏတွေနဲ့ပဲ ဆိုပါတယ်။

ဒါပေမဲ့ ကြောင်ကို ပထမဆုံး Clone လုပ်တာဖြစ်လို့ Garlic ဟာမှတ်တမ်းဝင်သွားမှာပါ။ ဒီအကြောင်းကို ကမ္ဘာကျော် New York Times သတင်းစာကအစအကျယ်တဝင့်ဖော်ပြခဲ့ပြီး ဆေးပညာဟာ ရပ်တန့်လို့မရတော့ဘူးလို့ ဆိုထားခဲ့ပါတယ်။ တကယ်တမ်းမှာတော့ Garlic ဟာသေသွားခဲ့ပြီဖြစ်ပြီး ဆေးပညာအရတော့ Garlic ဟာ အသက်ပြန်ရှင်လာပြီဖြစ်ပါတယ်။

သူရေး (APANNPYAY)