ကမာၻ႕ပထမဆံုး ေခါင္းႏွစ္လံုး ေျမြကို ေတြ႔ရွိ

167

အင္ဒိုနီးရွားႏုိင္ငံ၊ ဘာလီကၽြန္းေပၚေန လူတစ္ဦးဟာ လမ္းသြားေနရင္း အမွတ္တမဲ့ နဲ႔ ကမာၻ႕အထူးဆန္းဆံုး ေခါင္းႏွစ္လံုးပါတဲ့ ေျမြမ်ိဳးစိတ္အသစ္တစ္ခုကို ေတြ႔ခဲ့တယ္လို႔ AFP, The straight times နဲ႔ Asia one သတင္းဌာနေတြရဲ႕ ထုတ္ျပန္ခ်က္နဲ႔ အတည္ျပဳႏိုင္ခဲ့ပါတယ္။

ဘာလီကၽြန္းေပၚမွာရွိတဲ့ ရြာေလးတစ္ရြာက ေဒသခံတစ္ဦးဟာ သူ႕ရဲ႕အားလပ္ရက္ပိတ္ရက္အျဖစ္ အိမ္ကို ျပန္လာစဥ္မွာ ေတြ႔ခဲ့တာျဖစ္ျပီး၊ ထူးဆန္းလြန္းေနတဲ့အတြက္ ေတာ္ေတာ္ေလးကို အံ့အားသင့္ခဲ့ရပါတယ္။ နာမည္အေနနဲ႔ Gusti Bagus Eka Budaya လို႔ ေခၚတဲ့ ရြာသားဟာ သူေတြ႔ခဲ့တဲ့ ျဖစ္စဥ္ကို ရိုးရိုးေလးပဲ အခုလို ေျပာျပခဲ့ပါတယ္။

‘ ကၽြန္ေတာ္ အလုပ္ကေန အိမ္ကို ျပန္ေရာက္လာခ်ိန္မွာ အမွတ္တမဲ့ ဆိုသလိုပဲ ကၽြန္ေတာ္ရဲ႕ ေမာ္ေတာ္ဆိုင္ကယ္ကို ေျမြရဲ႕ ေဘးနားေလးမွာ ကပ္ျပီးပါကင္ထိုးလိုက္တယ္၊ ကၽြန္ေတာ္ ေသေသခ်ာခ်ာေလး အနားနားထိ ကပ္ျပီး ၾကည္႔လိုက္ခ်ိန္မွာ ေျမြက ၾကည္႔ေနရင္းနဲ႔ ေခါင္းႏွစ္လံုး ကြဲထြက္လာတယ္၊ ကၽြန္ေတာ္ ေရွာ႕ရသြားတယ္ဗ်ာ’ ဆိုျပီး ေျဖခဲ့ပါတယ္။

အဆိုပါ ေျမြကို တကယ္ေတြ႔ခဲ့တာ ဟုတ္မတုတ္ကို သတင္းဌာနေတြက အတည္ျပဳေမးျမန္းခဲ့တာျဖစ္ျပီး နာမည္ၾကီး သတင္းေတြကပါ မွန္ကန္ေၾကာင္း ေထာက္ခံခဲ့တဲ့အတြက္ အမ်ိဳးသားဟာ ဒီေျမြကိုတကယ္ ေတြ႔ခဲ့တယ္ဆိုတာကို လက္ခံႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ ေျမြနဲ႔ ပတ္သက္ျပီး ေနာက္ဆက္တြဲ လုပ္ကိုင္ခဲ့တဲ့အေၾကာင္းနဲ႔ ေျမြဟာ အဆိပ္ရွိေျမြလားဆိုတာကို မေျဖၾကားခဲ့ပါဘူး။

အတည္မျပဳႏုိင္တဲ့ သတင္းရင္းျမစ္နဲ႔ ေဒသခံအခ်ဳိ႕ရဲ႕ ေျပာၾကားခ်က္မွာ အဆိုပါေျမြကို စမ္းသပ္ဖို႔အတြက္ သက္ဆိုင္ရာက လာေရာက္သိမ္းဆည္းခဲ့တယ္လို႔ ဆိုပါတယ္။ ေျမြကိုေတြ႔ခဲ့တဲ့ အမ်ိဳးကေတာ့ ဘာတစ္ခု မွတ္ခ်က္မေပးခဲ့ဘဲ သူေျမြကို တကယ္ေတြ႔ခဲ့တယ္ဆိုတာကိုပဲ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

သူေရး (APANNPYAY)

UNICODE

ကမ္ဘာ့ပထမဆုံး ခေါင်းနှစ်လုံး မြွေကို အင်ဒိုနီးရှားတွင်တွေ့ရှိ

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းပေါ်နေ လူတစ်ဦးဟာ လမ်းသွားနေရင်း အမှတ်တမဲ့ နဲ့ ကမ္ဘာ့အထူးဆန်းဆုံး ခေါင်းနှစ်လုံးပါတဲ့ မြွေမျိုးစိတ်အသစ်တစ်ခုကို တွေ့ခဲ့တယ်လို့ AFP, The straight times နဲ့ Asia one သတင်းဌာနတွေရဲ့ ထုတ်ပြန်ချက်နဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။

ဘာလီကျွန်းပေါ်မှာရှိတဲ့ ရွာလေးတစ်ရွာက ဒေသခံတစ်ဦးဟာ သူ့ရဲ့အားလပ်ရက်ပိတ်ရက်အဖြစ် အိမ်ကို ပြန်လာစဉ်မှာ တွေ့ခဲ့တာဖြစ်ပြီး၊ ထူးဆန်းလွန်းနေတဲ့အတွက် တော်တော်လေးကို အံ့အားသင့်ခဲ့ရပါတယ်။ နာမည်အနေနဲ့ Gusti Bagus Eka Budaya လို့ ခေါ်တဲ့ ရွာသားဟာ သူတွေ့ခဲ့တဲ့ ဖြစ်စဉ်ကို ရိုးရိုးလေးပဲ အခုလို ပြောပြခဲ့ပါတယ်။

‘ ကျွန်တော် အလုပ်ကနေ အိမ်ကို ပြန်ရောက်လာချိန်မှာ အမှတ်တမဲ့ ဆိုသလိုပဲ ကျွန်တော်ရဲ့ မော်တော်ဆိုင်ကယ်ကို မြွေရဲ့ ဘေးနားလေးမှာ ကပ်ပြီးပါကင်ထိုးလိုက်တယ်၊ ကျွန်တော် သေသေချာချာလေး အနားနားထိ ကပ်ပြီး ကြည့်လိုက်ချိန်မှာ မြွေက ကြည့်နေရင်းနဲ့ ခေါင်းနှစ်လုံး ကွဲထွက်လာတယ်၊ ကျွန်တော် ရှော့ရသွားတယ်ဗျာ’ ဆိုပြီး ဖြေခဲ့ပါတယ်။

အဆိုပါ မြွေကို တကယ်တွေ့ခဲ့တာ ဟုတ်မတုတ်ကို သတင်းဌာနတွေက အတည်ပြုမေးမြန်းခဲ့တာဖြစ်ပြီး နာမည်ကြီး သတင်းတွေကပါ မှန်ကန်ကြောင်း ထောက်ခံခဲ့တဲ့အတွက် အမျိုးသားဟာ ဒီမြွေကိုတကယ် တွေ့ခဲ့တယ်ဆိုတာကို လက်ခံနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မြွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ လုပ်ကိုင်ခဲ့တဲ့အကြောင်းနဲ့ မြွေဟာ အဆိပ်ရှိမြွေလားဆိုတာကို မဖြေကြားခဲ့ပါဘူး။

အတည်မပြုနိုင်တဲ့ သတင်းရင်းမြစ်နဲ့ ဒေသခံအချို့ရဲ့ ပြောကြားချက်မှာ အဆိုပါမြွေကို စမ်းသပ်ဖို့အတွက် သက်ဆိုင်ရာက လာရောက်သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ မြွေကိုတွေ့ခဲ့တဲ့ အမျိုးကတော့ ဘာတစ်ခု မှတ်ချက်မပေးခဲ့ဘဲ သူမြွေကို တကယ်တွေ့ခဲ့တယ်ဆိုတာကိုပဲ အတည်ပြု ပြောကြားခဲ့ပါတယ်။

သူရေး (APANNPYAY)