တောင်ကိုရီးယားနိုင်ငံရဲ့မူလတန်းသင်ရိုးမှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပါဝင်

594

လက်ရှိ မြန်မာနိုင်ငံ အင်တာနက်အသုံးပြုသူတွေကြားမှာ ရေပန်းစားနေတာကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ မူလတန်းသင်ရိုးမှာပါဝင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အကြောင်းပါ။

တောင်ကိုရီးယားနိုင်ငံရဲ့ မူလတန်းသင်ရိုးထဲမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝနောက်ခံသမိုင်းကို ကလေးတွေစိတ်ဝင်စား နားလည်လွယ်စေဖို့အတွက် ရုပ်ပြကာတွန်းတွေနဲ့ သရုပ်ဖော်ထားတာကိုတွေ့ရမှာဖြစ်ပြီး

 

 

နာမည်ကြီးဖြသ်ရပ်တစ်ခုဖြစ်တဲ့ သေနတ်နဲ့ချိန်ထားတဲ့ စစ်သားရှေ့မှာ ရဲရဲဝံ့ဝံ့ မားမားမတ်မတ် ရပ်ကာ သေနတ်ပြောင်းဝရှေ့တိုးဝင်ခဲ့တဲ့ ပုံရိပ်ကိုလည့်း ရေးဆွဲ ဖော်ပြထားတာကိုတွေ့မြင်ရမှာပါ။

မြန်မာဘာသာနဲ့ပြန်ဆိုထားတဲ့ စာအုပ်လည်းရှိပြီး တစ်ချို့တွေကတော့ စာအုပ်ထဲကအကြောင်းအရာတွေကိုရေးသားဖော်ပြထားတဲ့ပုံစံတွေဟာ အနည်းငယ် အားနည်းနေသေးပေမယ့် ကလေးသူငယ်တွေအတွကတော့ ဖတ်ရလွယ်ကူတာအသေအချာပါပဲလို့ ချီးကျူးနေကြကြောင်း သိရပါတယ်။

Photo – m.post.naver & Myo Thant Mg

Yenin Phawah #AlinnMyay(အလင်းမြေ) #ApannPyay