ကေလးမရေတာ့ဘူးထင္ခဲ့ေပမဲ့ အသက္ (၇၃)ႏွစ္ေက်ာ္မွ အျမြာေမြးႏုိင္ခဲ့တဲ့ မိခင္

83

လက္ထပ္ျပီး ႏွစ္ပေါင္း(၆၀)နီးပါးအထိ သားသမီးရဖို႔ ေစာင့္ဆိုင္းခဲ့ရတဲ့ ကမာၻ႕အသက္အၾကီးဆံုးမိခင္ Erramatti Mangayamma ဆိုတဲ့ အမ်ိဳးသမီးဟာ အျမြာကေလးႏွစ္ေယာက္ကို ေအာင္ေအာင္ျမင္ျမင္ေမြးဖြားႏုိင္ခဲ့ပါတယ္။ ေမြးဖြားခ်ိန္ကို အပန္းေျပ မီဒီယာရဲ႕တြက္ခ်က္မႈအရ လက္ထပ္ျပီး (၅၃)ႏွစ္အၾကာမွာ ကေလးရယူႏိုင္ခဲ့တာကို ေတြ႔ရပါတယ္။

ဒီသတင္းကို အတည္ျပဳထားတဲ့ Metro သတင္းစာရဲ႕ ေဖာ္ျပခ်က္မွာ Erramatti Mangayamma ဆိုတဲ့ အမ်ိဳးသမီးနဲ႔ Rajaro ဆိုတဲ့ အိႏိၵယႏုိင္ငံသား လင္မယားစံုတြဲအိမ္ေထာင္က်ခ်ိန္ဟာ အမ်ိဳးသမီး (၁၆)ႏွစ္ အမ်ိဳးသား (၂၅)ႏွစ္လို႔ သိရပါတယ္။ အမ်ိဳးသမီးနဲ႔ အမ်ိဳးသားရဲ႕ ကေလးရဖို႔ၾကိဳးစားမႈဟာ အဆင္မေျပခဲ့တဲ့အတြက္ ကေလးမရႏုိင္ဘူးလို႔ ယူဆခဲ့ၾကပါတယ္။

အသက္အရြယ္အရ ဓမၼတာရပ္ဆိုင္းသြားျပီျဖစ္တဲ့ အမ်ိဳးသမီးဟာ ကိုယ္၀န္မရခင္ကာလအတိုင္းအတာတစ္ခုမွာ ရာသီေသြးပံုမွန္လည္ပတ္မႈတစ္ခုကို ထူးဆန္းစြာၾကံဳခဲ့ရပါတယ္။ ဒီအေျခအေနကို သိခဲ့တဲ့ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးဟာ ကေလးရဖို႔ ၾကိဳးစားခဲ့တာကို အပန္းေျပမီဒီယာ ပရိသတ္ေတြအေနနဲ႔ အရင္နားလည္ေပးဖို႔ လိုပါတယ္။ ႏွစ္ဦးသားရဲ႕ ေမွ်ာ္လင့္ခ်က္ကို အဆံုးအျဖတ္ေပးႏုိင္ခဲ့တာကေတာ့ ဇန္န၀ါရီလအစမွာ

မိန္းမျဖစ္သူဟာ ကိုယ္၀န္ရွိေနတဲ့ လကၡဏာေတြကို ျပသခဲ့ခ်ိန္ပါပဲ။ အဲဒီအခိ်န္ကေနစလို အခုအခ်ိန္အေရာက္မွာေတာ့ ေမြးေဖြားႏိုင္ခဲ့ျပီး၊ တစ္ေယာက္တည္းမဟုတ္တဲ့အျပင္ အျမြာပူးကိုပါ ေအာင္ေအာင္ျမင္ျမင္ ရရွိခဲ့ပါတယ္။ တစ္ေယာက္ကို (၂)ကီလိုဂရမ္အေလးခ်ိန္ရွိပါတယ္။ ဒါေပမဲ့ ကေလးေမြးဖြားႏုိင္ခဲ့တာက မိခင္ႏို႔ေတာ့ မတိုက္ႏိုင္ပါဘူး။ အေၾကာင္းကအသက္ၾကီးေနတဲ့အတြက္ ႏို႔လံုး၀မထြက္ေတာ့လို႔ပါ။

မိခင္ကလည္း က်န္းမာေနတဲ့အတြက္ ဒီျဖစ္စဥ္ဟာ အထူးဆန္းဆံုးျဖစ္ရပ္တစ္ခုျဖစ္လာပါတယ္။ အမ်ိဳးသမီးအေနနဲ႔ ကမာၻ႕အသက္ၾကီးဆံုးမိခင္ျဖစ္လာသလို ကေလးေတြကလည္း အသက္အၾကီးဆံုးမိခင္ကို ပို္င္ဆိုင္ခဲ့ပါတယ္။ ေဆးပညာေလာကမွာေတာ့ ဒီကိစၥဟာ ျဖစ္ႏုိင္ေခ်ရွိေပမဲ့ ရာခိုင္ႏႈန္းအလြန္နည္းပါးတဲ့အေပၚမွာ ဆန္းၾကယ္မႈတစ္ခုအေနနဲ႔ မသိမရွိရေလေအာင္ အပန္းေျပမီဒီယာရဲ႕ ပရိသတ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

သူေရး (APANNPYAY)

Unicode

ကလေးမရတော့ဘူးထင်ခဲ့ပေမဲ့ အသက် (၇၃)နှစ်ကျော်မှ အမြွာမွေးနိုင်ခဲ့တဲ့ မိခင်

လက်ထပ်ပြီး နှစ်ပေါင်း(၆၀)နီးပါးအထိ သားသမီးရဖို့ စောင့်ဆိုင်းခဲ့ရတဲ့ ကမ္ဘာ့အသက်အကြီးဆုံးမိခင် Erramatti Mangayamma ဆိုတဲ့ အမျိုးသမီးဟာ အမြွာကလေးနှစ်ယောက်ကို အောင်အောင်မြင်မြင်မွေးဖွားနိုင်ခဲ့ပါတယ်။ မွေးဖွားချိန်ကို အပန်းပြေ မီဒီယာရဲ့တွက်ချက်မှုအရ လက်ထပ်ပြီး (၅၃)နှစ်အကြာမှာ ကလေးရယူနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒီသတင်းကို အတည်ပြုထားတဲ့ Metro သတင်းစာရဲ့ ဖော်ပြချက်မှာ Erramatti Mangayamma ဆိုတဲ့ အမျိုးသမီးနဲ့ Rajaro ဆိုတဲ့ အိန္ဒိယနိုင်ငံသား လင်မယားစုံတွဲအိမ်ထောင်ကျချိန်ဟာ အမျိုးသမီး (၁၆)နှစ် အမျိုးသား (၂၅)နှစ်လို့ သိရပါတယ်။ အမျိုးသမီးနဲ့ အမျိုးသားရဲ့ ကလေးရဖို့ကြိုးစားမှုဟာ အဆင်မပြေခဲ့တဲ့အတွက် ကလေးမရနိုင်ဘူးလို့ ယူဆခဲ့ကြပါတယ်။

အသက်အရွယ်အရ ဓမ္မတာရပ်ဆိုင်းသွားပြီဖြစ်တဲ့ အမျိုးသမီးဟာ ကိုယ်ဝန်မရခင်ကာလအတိုင်းအတာတစ်ခုမှာ ရာသီသွေးပုံမှန်လည်ပတ်မှုတစ်ခုကို ထူးဆန်းစွာကြုံခဲ့ရပါတယ်။ ဒီအခြေအနေကို သိခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီးဟာ ကလေးရဖို့ ကြိုးစားခဲ့တာကို အပန်းပြေမီဒီယာ ပရိသတ်တွေအနေနဲ့ အရင်နားလည်ပေးဖို့ လိုပါတယ်။ နှစ်ဦးသားရဲ့ မျှော်လင့်ချက်ကို အဆုံးအဖြတ်ပေးနိုင်ခဲ့တာကတော့ ဇန်နဝါရီလအစမှာ

မိန်းမဖြစ်သူဟာ ကိုယ်ဝန်ရှိနေတဲ့ လက္ခဏာတွေကို ပြသခဲ့ချိန်ပါပဲ။ အဲဒီအချိန်ကနေစလို အခုအချိန်အရောက်မှာတော့ မွေးဖွေားနိုင်ခဲ့ပြီး၊ တစ်ယောက်တည်းမဟုတ်တဲ့အပြင် အမြွာပူးကိုပါ အောင်အောင်မြင်မြင် ရရှိခဲ့ပါတယ်။ တစ်ယောက်ကို (၂)ကီလိုဂရမ်အလေးချိန်ရှိပါတယ်။ ဒါပေမဲ့ ကလေးမွေးဖွားနိုင်ခဲ့တာက မိခင်နို့တော့ မတိုက်နိုင်ပါဘူး။ အကြောင်းကအသက်ကြီးနေတဲ့အတွက် နို့လုံးဝမထွက်တော့လို့ပါ။

မိခင်ကလည်း ကျန်းမာနေတဲ့အတွက် ဒီဖြစ်စဉ်ဟာ အထူးဆန်းဆုံးဖြစ်ရပ်တစ်ခုဖြစ်လာပါတယ်။ အမျိုးသမီးအနေနဲ့ ကမ္ဘာ့အသက်ကြီးဆုံးမိခင်ဖြစ်လာသလို ကလေးတွေကလည်း အသက်အကြီးဆုံးမိခင်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဆေးပညာလောကမှာတော့ ဒီကိစ္စဟာ ဖြစ်နိုင်ချေရှိပေမဲ့ ရာခိုင်နှုန်းအလွန်နည်းပါးတဲ့အပေါ်မှာ ဆန်းကြယ်မှုတစ်ခုအနေနဲ့ မသိမရှိရလေအောင် အပန်းပြေမီဒီယာရဲ့ ပရိသတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

သူရေး (APANNPYAY)